Connect with us

Hi, what are you looking for?

သတင်း

ရပ်ထားတဲ့ကားကိုတိုက်ပြီး​မောင်း​ပြေးဖို့လုပ်တဲ့ဘုန်းကြီးကားကို ​ပြည်သူ​တွေဝိုင်းဖမ်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပ မြို့နယ်မှာ ယာဥ်တိုက်ပြီးထွက်ပြေးတဲ့ ဘုန်ကြီးကားတစ်စီးကို ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဖမ်းခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လမ်း​ဘေးရပ်ထားတဲ့ကားကိုတိုက်ပြီး​မောင်း​ပြေးဖို့လုပ်​နေစဥ် ရပ်ကွက်​နေပြည်သူ​တွေကဘုန်းကြီးကားကိုဖမ်းဆီးစဥ်။ဓါတ်ပုံ-Screengrab

ဧပြီ-၄၊၂၀၂၆။မိုမို၊​ရောင်နီ/People’s Spring

ရန်ကုန်မြို့၊တောင်ဥက္ကလာပ မြို့နယ်မှာ ယာဥ်တိုက်ပြီးထွက်ပြေးတဲ့ ဘုန်ကြီးကားတစ်စီးကို ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဖမ်းခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

လူမှုကွန်ယက်မှာတွေ့ရတဲ့ ရုပ်သံဖိုင်အရဟွန်ဒါဖစ် အဖြူရောင် RLG(သာသနာယာဥ် တံဆိပ်)နဲ့ယာဥ်ဟာ ဧပြီ ၄ ရက် ည ၉ နာရီဝန်းကျင်မှာ တောင်ဥက္ကလာပ ၄ ရပ်ကွက် ဗြမ္မစိုရ်လမ်းထဲမှာ ရပ်ထားတဲ့ အနက်​ရောင်အိမ်စီးကားတစ်စီးကို တိုက်ခဲ့တာ​တွေ့ရပါတယ်။တိုက်ပြီးဆက်လက်​မောင်းနှင်သွားဖို့ကားထွက်စဥ် ​အနားကပြည်သူ​တွေကကားကိုတားဆီးခဲ့တာကို​တွေ့ရပါတယ်။

“တိုက်ပြီး ပြေးဖို့လုပ်တာ။အတိုက်ခံရတဲ့ ယာဥ်ပိုင်ရှင်ရော အနီးနားက လူတွေဝိုင်းတားကြတော့မှ ရပ်သွားတာ။မောင်းတဲ့သူက မူးနေပုံရတယ်”လို့ မျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခဲ့တဲ့ကားနဲ့ ကားပေါ်ပါတဲ့သူတွေကို ရပ်ကွက်ရုံး ရောက်နေတယ်လို့လည်း သူက အသိပေးပါတယ်။

“ဘုန်းကြီးကားကတော့ စကေးကြမ်းပါတယ်။ ပြိုင်ကားမောင်းလာတယ်ထင်လို့ ” လို့ ရပ်ကွက်နေပြည်သူတစ်ဦးကပြောပါတယ်။

“ဘုန်ကြီးနံပါတ်နဲ့ ကားတွေ အခုနောက်ပိုင်းတော်တော်ဆိုးတယ်။ဆီတန်းစီရင်လည်း ကြားကဖြတ်တယ်။ပြီးရင် မှန်ချပြီး တရားပွဲသွားရမှာမလို့ပါ။အရေးကြီးလို့ပါဆိုတော့ ပါးစပ်မှာလည်း ကွမ်းတပြစ်ပြစ်နဲ့။ဘာပြောလို့ ပြောရမှန်းတောင်မသိတော့ဘူး”လို့ ဖြစ်စဥ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ မရမ်းကုန်းမြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း မတ်လ ၂၉ ရက်က ပဲခူးတိုင်း အုတ်တွင်းမြို့နယ်မှာ ဘုန်ကြီးက အရက်မူးပြီး ကားအရှိန်နဲ့မောင်းလို့ ပြည်သူတစ်ဦးအတိုက်ခံခဲ့ရတာရှိခဲ့ပါတယ်။ အဲဒီကားပေါ်ကနေ ကွန်ဒုံးတွေ၊ ထောက်ခံစာ အတုတွေ နဲ့ ငွေစက္ကူတွေပါ တွေ့ရှိခဲ့တယ်လို့ မြို့နယ်သံဃနာယက ဆီကတဆင့် သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ပြည်လမ်းမပေါ် တိုင်းဒေသကြီးအစိုးရရုံးရှေ့မှာ လိုက်ထရပ်တစ်စီး လမ်းလယ်ကျွန်းက လမ်းမီးတိုင်ဝင်တိုက်ပြီး ကားခေါင်းခန်းမှာ လူညပ်နေတာကြောင့် သွားရောက်ကူညီခဲ့ရတယ်လို့ အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားပါတယ်။