မတ်-၂၇၊၂၀၂၆။ရောင်နီ/People’s Spring
ရန်ကုန်မြို့၊ ဒဂုံမြို့နယ် ပြည်လမ်းမပေါ် တိုင်းဒေသကြီးအစိုးရရုံးရှေ့မှာ လိုက်ထရပ်တစ်စီး လမ်းလယ်ကျွန်းက လမ်းမီးတိုင်ဝင်တိုက်ပြီး ကားခေါင်းခန်းမှာ လူညပ်နေတာကြောင့် သွားရောက်ကူညီခဲ့ရတယ်လို့ အနာဂတ်အလင်းတန်းပရဟိတအသင်းက အသိပေးထားပါတယ်။
ဒီနေ့ (မတ်၂၇) နေ့လည် ၁နာရီခွဲလောက်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ရှေ့ခန်းမှာ ခြေထောက်ညပ်နေတဲ့ အမျိုးသားကို ကူညီကယ်ဆယ်ပေးခဲ့ရတယ်လို့ ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ ထုတ်ပြန်ထားပါတယ်။
“အခင်းဖြစ်ပွားရာနေရာကားခေါင်းခန်းအတွင်းညာခြေထောက်ညပ်နေသည့်လူနာအား Hydraulic Rescue Toolsအသုံးပြု၍ 13:38အချိန်ခန့်တွင်အန္တရာယ်ကင်းရှင်းစွာဖြင့်ကယ်ထုတ်ပေးနိုင်ခဲ့ပါသည်။” လို့ အထက်ပါပရဟိတအသင်းကဆိုပါတယ်။

Public Service Announcement
ကယ်ထုတ်ခဲ့တဲ့လူနာကို ကြီးလေးကြီးလူမှူကူညီရေးအသင်းရဲ့ လူနာတင်ယာဉ်နဲ့ ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ပြီး ဦးခေါင်းအနည်းငယ်ထိခိုက်တဲ့ ယာဉ်မောင်းကို စမ်းချောင်းအရန်မီးသတ်ကလူနာတင်ယာဉ်နဲ့ ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။




















































