Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မြို့နယ်မှာတိုက်ပွဲဆက်လက်ပြင်းထန်

စစ်ကောင်စီရှေ့တန်းစခန်း ၆ ခုကို KIA၊KPDFကသိမ်းယူထားတဲ့ ဖားကန့်မြို့နယ်မှာ ဒီ​နေ့ညမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။

ဖားကန့်​ဒေသမှာ ဧပြီ ၂ ၊ ၃ ရက်တိုက်ပွဲမှာစစ်တပ်ထံကသိမ်းဆည်းရရှိတဲ့ ခဲယမ်း၊စစ်သုံးပစ္စည်းနဲ့ ကာကင်းစခန်းတစ်ခုကို​တွေ့ရစဥ်။ ဓါတ်ပုံ-Lung Jung La N

ဧပြီ-၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်ကောင်စီရှေ့တန်းစခန်း ၆ ခုကို KIA၊KPDFကသိမ်းယူထားတဲ့ ဖားကန့်မြို့နယ်မှာ ဒီ​နေ့ညမှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။

မရှီက‌ထောင်ရပ်ကွက်၊ဆိုင်းတောင်နဲ့ ယူမာကျေးရွာပတ်ဝန်းကျင်နေရာတွေမှာ ဧပြီလ ၅ရက်ည၈နာရီကျော်ကစပြီး KIA၊KPDFနဲ့ စစ်တပ်စစ်ကြောင်း တွေအနီးကပ်တိုက်ပွဲဖြစ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

“ပေါက်ကွဲသံတွေက အရင်ထက်ကြမ်းတယ်။ လေကြောင်းသတိထားရမယ့် ပုံစံမို့ပုန်းကျင်းထဲမှာ နေကြရတယ်။ တိုက်ပွဲကြီးစပြီလို့ ပြောကြတာပဲ” လို့ ဆိုင်းတောင်ဒေသခံတစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်မြို့နယ်က စစ်တပ်ရဲ့စခန်းတွေကိုဧပြီလ၂ ရက်မနက် ၅နာရီကနေစပြီး KIA၊KPDFကထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ ဧပြီလ၂ ရက်နဲ့ ဧပြီလ ၃ရက်မှာစစ်တပ်ရှေ့တန်းစခန်း ၆ခုကို KIA၊KPDFသိမ်းယူခဲ့ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေတာဖြစ်ပါတယ်။

“ရှေ့တန်းစခန်းတွေသိမ်းယူတဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက်ကသေတာအရာရှိတွေလည်းပါတယ်။ စစ်တပ်ဘက်က တော်တော်လေး မကျေမနပ်ဖြစ်နေတာ။ လမ်းတွေကိုလည်း တော်လှန်ရေးဘက်က ပိတ်ထားတုန်းပဲ”လို့ KIA၊KPDFနဲ့ နီးစပ်သူက ပြောပါတယ်။

ဧပြီလ ၃ရက်နေ့က တိုက်ပွဲမှာ လက်နက်ခံယမ်းတွေသယ်လာတဲ့ စစ်တပ်ကားတစ်စီးကို KIA၊KPDFက သိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပေမယ့် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဧပြီလ၂ရက်ကတိုက်ပွဲစတင်ပြီးနောက်ပိုင်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ ၆ဦးဒဏ်ရာရခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့်လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့နဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ် သတိပြုကြဖို့ KIA၊KPDFက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။