Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုမှု အင်ဒိုနီးရှား လက်ခံ

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားစွဲဆိုထားတဲ့အမှုကို အင်ဒိုနီးရှားတရားရုံးက ဒီနေ့ ဧပြီ ၆ရက်မှာ လက်ခံလိုက်ပြီလို့ သတင်းရရှိပါတယ်။

အာဏာသိမ်း ​ခေါင်း​ဆောင်မင်း​အောင်လှိုင်။ ဓါတ်ပုံ-AFP

■အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်နဲ့ တိုင်ကြားတဲ့ အမှုတစ်ခုကို အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးအကြိမ်လက်ခံတာဖြစ်

ဧပြီ-၆၊ ၂၀၂၆။ People’s Spring

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုပြီး စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရားစွဲဆိုထားတဲ့အမှုကို အင်ဒိုနီးရှားတရားရုံးက ဒီနေ့ ဧပြီ ၆ရက်မှာ လက်ခံလိုက်ပြီလို့ သတင်းရရှိပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုမှာ ရှင်ကျန်ရစ်သူနဲ့ အင်ဒိုနီးရှားရဲ့လူသိထင်ရှားပုဂ္ဂိုလ် ၁၀ဦးတို့ စွဲဆိုတဲ့အမှုကို အင်ဒိုနီးရှားတရာရုံးက နိုင်ငံရဲ့ ရာဇသတ်ကြီးဥပဒေသစ်အရ ရာဇဝတ်မှုအဖြစ် တရားဝင်လက်ခံလိုက်တာလို့ မြန်မာနိုင်ငံတာဝန်ခံမှုရှိရေးအဖွဲ့(MAP)အပါအဝင် အဖွဲ့အစည်း ၃ ခုက ပူးတွဲထုတ်ပြန်ပါတယ်။ စစ်တပ်ကြီးစိုးတဲ့လွှတ်တော်ကနေ ၂၀၂၁ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို နိုင်ငံတော်သမ္မတအဖြစ် တင်မြှောက်အပြီး ၃ရက်အကြာမှာ ဒေသတွင်း နိုင်ငံတရားရုံးမှာ လူမျိုးတုံးသတ်ဖြတ်မှု ကြီးလေးတဲ့ရာဇဝတ်မှုကျူးလွန်တယ်ဆိုပြီး တရားစွဲဆိုခံရတာလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒါဟာ အပြည်ပြည်ဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) နဲ့ တိုင်ကြားထားတဲ့ အမှုတစ်ခုကို အင်ဒိုနီးရှားနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် တရားဝင် လက်ခံလိုက်တာဖြစ်တယ်ပါတယ် ။

“တရားမျှတနဲ့ တာဝန်ခံမှုရှိရေးကို ကာလရှည်ကြာတောင်းဆိုနေခဲ့ကြတဲ့ ရိုဟင်ဂျာပြည်သူအားလုံးအတွက် မှတ်တိုင်တစ်ခုအဖြစ် ဒီသမိုင်းဝင် ဖြစ်
ထွန်းတိုးတက်မှုကို ကျွန်မ ဝမ်းပန်းတသာကြိုဆိုပါတယ်”လို့ လူမျိုးတုံးသတ်ဖြတ်မှုကနေ ရှင်ကျန်ရစ်သူ Yasmin Ullah က ပြောပါတယ်။

ရိုဟင်ဂျာတွေကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ နိုင်ငံတဝန်းမှာ တခြားသော ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကြိုးကိုင်ဖန်တီးခဲ့သူ(မင်းအောင်လှိုင်)ကို သူကျူးလွန်ခဲ့တဲ့ စက်ဆုပ်ရွံရှာဖွယ် ရာဇဝတ်မှုတွေအတွက် အကျိုးဆက်တွေကို မရင်ဆိုင်ရဘဲ သမ္မတအိမ်တော်ထဲမှာ သက်သောင့်သက်သာ ထိုင်နေခွင့် မပြုနိုင်ကြောင်းလည်း Yasmin Ullah က ပြောပါတယ်။

တရားစွဲဆိုမှုပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံရှေ့နေချုပ်ဟောင်း မစ္စတာမာဇူကီဒါရုစ်မန်ကလည်း အင်ဒိုနီးရှားအာဏာပိုင်တွေအနေနဲ့ မင်းအောင်လှိုင်ကို တရားဥပဒေရှေ့မှောက် ပို့ဆောင်နိုင်ရေးအတွက် ပထမခြေလှမ်းအဖြစ် စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အင်ဒိုနီးရှားအနေနဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ဖို့ တာဝန်ရှိနေပြီး မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကျူးလွန်သူတွေ ကင်းလွတ်ခွင့်ရရှိနေမှုကို အဆုံးသတ်ဖို့ အားကောင်းတဲ့အချက်ပေးမှုကို ပြသရမှာဖြစ်
ကြောင်း အထက်ပါရှေ့နေချုပ်ဟောင်းက ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ လက်ရှိဒေသတွင်း အာဆီယံမှာ တီမောလက်စ်တေ(အရှေ့တီမော)နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ကြီးလေးရာဇဝတ်မှုတွေ ကျူးလွန်မှု၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုတို့နဲ့ တရားစွဲဆိုခံထားရပြီး အဲဒီနိုင်ငံတွေကလည်း အမှုကို လက်ခံဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အာဂျင်တီးနားတရားရုံးကလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ထာားသလို နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ကလည်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC ရှေ့နေချုပ်က တောင်းဆိုထားတာ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မလေးရှားနိုင်ငံရောက် မြန်မာတိုင်းရင်းသားညွန့်ပေါင်းအဖွဲ့ COBEM နဲ့ NGO အဖွဲ့တွေ၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပူးပေါင်းပြီး မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်အစီအစဉ်နဲ့ မလေးရှားဝန်ကြီးချုပ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်တွေ့ဆုံမယ့် အစီအစဉ်တွေကို ဒီကနေ့ (စက်တင်ဘာ ၂၄) ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

သတင်း

စက်တင်ဘာ-၂၄၊၂၀၂၆။People’s Spring တိုင်းမ်(Time )မဂ္ဂဇင်းနဲ့ အင်တာဗျူးအတွက် မြန်မာ စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ဓာတ်ပုံကို နေပြည်တော်မှာကျွန်တော်သွားရိုက်ပေးခဲ့ပါတယ်။ အနောက်နိုင်ငံ အခြေစိုက် မီဒီယာ တစ်ခုအတွက် သူ့ကို အခုလို ဓာတ်ပုံရိုက်ခွင့်ရတာ ပထမဆုံး(စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ​နေပြည်​တော်ကိုသွားပြီးမင်း​အောင်လှိုင်ကိုဓါတ်ပုံရိုက်တာ)လည်း ဖြစ်နိုင်ပါတယ်။ သူ့လက်ထောက် တစ်ယောက်က ‘သမ္မတကို ဘယ်လိုပုံစံမျိုးနဲ့ ရှိစေချင်သလဲ’ဆိုပြီးကျွန်တော့်ကို လာမေးပါတယ်။...

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

Facebook