Connect with us

Hi, what are you looking for?

သတင်း

လုံးခင်းရွာထဲတိုက်ပွဲပြင်းထန်​နေ ၊စစ်သား​တွေက KIA ၊KPDF ယူနီ​ဖောင်းဝတ်လာလို့​သေခံ​တွေသတိ​ပေး

ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဒီနေ့ မွန်းလွဲပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်သားတွေက KIA၊KPDF ယူနီဖောင်းတွေဝတ်လာလို့ ဒေသခံတွေသတိပြုကြဖို့ သတိပေးနေကြပါတယ်။

ဧပြီ ၂ ၊ ၃ ရက်ဖြစ်တဲ့တိုက်ပွဲ​တွေမှာ KIA ၊KPDF တပ်ဖွဲ့ဝင်​တွေက စစ်တပ်စခန်းကုန်း ကိုသိမ်းပြီး​နောက်​တွေ့ရစဥ် ။ဓါတ်ပုံ-Lung Jung La N

ဧပြီ-၆၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာ ဒီနေ့ မွန်းလွဲပိုင်းမှာ တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး စစ်သားတွေက KIA၊KPDF ယူနီဖောင်းတွေဝတ်လာလို့ ဒေသခံတွေသတိပြုကြဖို့ သတိပေးနေကြပါတယ်။

“ဝင်လာတာ PDF တွေထင်လို့ စောင့်ကြည့်နေတာ။ သေနတ်‌တွေထဖောက်မှ စစ်တပ်မှန်းသိတာ။ အခုတိုက်ပွဲဖြစ်နေပြီ”လို့ဒေသခံတဦးကပြောပါတယ်။

လုံးခင်းယမ်းချက်စက်ရုံကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းထဲမှာ အချို့စစ်သား​တွေက KIA၊KPDF ယူနီဖောင်းတွေ ဝတ်လာလို့ထင်ယောင်ထင်မှားဖြစ်ခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်သားတွေကလုံးခင်းရွာက ဒေသခံတွေပိုင်ဆိုင်တဲ့အထပ်မြင့်အဆောက်အအုံတွေပေါ်မှာဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသအခြေစိုက်သတင်းဌာနဖြစ်တဲ့ Uru Daily News – ဥရုနေ့စဉ်သတင်းကလည်း ဖော်ပြထားပါတယ်။

စစ်သားတွေက KIA၊KPDF အထိုင်ချတပ်စွဲထားတဲ့ မရှီကထောင်ဆုတောင်းကုန်းကို စစ်ကြောင်းထိုးဖို့ကြိုးစားနေဝာာလို့ ​ဒေသခံအချို့က​ပြောပါတယ်။ လက်ရှိစစ်ရေးအခြေအနေအရဒေသခံတွေ လုံခြုံရေးဂရုစိုက်နေထိုင်ဖို့ KIA၊KPDF ကသတိ
ပေးထားသလိုဒေသခံအချင်းချင်းလည်းသတိပေးနေကြပါတယ်။

ဖားကန့်မှာ ဧပြီလ ၂ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်းစစ်ကောင်စီရှေ့တန်းစခန်း ၆ခုကို KIA၊KPDFကသိမ်းယူထားပြီး စစ်ရေးဆက်လက်တင်းမာနေတာဖြစ်ပါတယ်။

ဧပြီလ ၂ရက်က တိုက်ပွဲစတင်ပြီးနောက်ပိုင်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတဲ့အပြင် ဖားကန့်ဗျူဟာကုန်းနဲ့လက်နက်ကြီးတပ်ဆင်ထားတဲ့နေရာတွေကနေ ပစ်ခတ်လို့ ကလေးငယ်အချို့ပါဝင်ဒေသခံ၆ဦးဒဏ်ရာရခဲ့ပါတယ်။တိုက်ပွဲတွေကြောင့်လုံးခင်းနဲ့ ဖားကန့်သွားတဲ့လမ်းပိုင်းကို အသုံးမပြုကြဖို့ KIA၊KPDFက သတိပေးထားပြီး စစ်တပ်ကလည်းလမ်းပိုင်းအချို့ကိုကန့်သတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူ၊ ဗန်းမော်နဲ့ ရှမ်းမြောက်က မိုးမိတ်-မဘိမ်းအစပ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းပစ်ကူပေး တိုက်ခိုက်တာတွေ နေ့စဉ် ပြုလုပ်နေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Facebook