Connect with us

Hi, what are you looking for?

သတင်း

ဖလမ်းမှာ တိုက်ပွဲဆက်ရှိ၊ ကလေး-ဖလမ်းကြား စိုးမိုးထိန်းချုပ်နိုင်ရေး စစ်တပ်ကြိုးပမ်းနေ

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဒီကနေ့ ဧပြီ ၁၅ရက် သင်္ကြန်အကြတ်နေ့မှာ တိုက်ပွဲတွေဆက်ရှိနေကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

ဖလမ်းမြို့နယ်က ခွန်းလီရွာအနီးရှိ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းကုန်းသိမ်းအပြီး ရရှိသော လက်နက်ခဲယမ်းတွေ။ ဓာတ်ပုံ - Chin National Defense Force

ဧပြီ-၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ဒီကနေ့ ဧပြီ ၁၅ရက် သင်္ကြန်အကြတ်နေ့မှာ တိုက်ပွဲတွေဆက်ရှိနေကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

မနေ့က ဧပြီ ၁၄ရက်မှာ ဖလမ်းမြို့နယ် ခွန်းလီရွာအနီး အမြင့်ဆုံးတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ချင်းညီနောင်၊ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ရေး အခြေအနေ မေးမြန်းချက်အပေါ် အခုလို ဖြေကြားတာဖြစ်ပါတယ်။ မနေ့က တိုက်ပွဲမှာလည်း စစ်တပ်ထံက လက်နက် ၂၄လက် သိမ်းရခဲ့တယ်လို့ ဆလိုင်းတင်မီက ပြောပါတယ်။

စစ်တပ်ဟာ ကလေး-သိုင်းငင်း- ဖလမ်း လမ်းပိုင်းကို စိုးမိုးနိုင်ဖို့ ကြိုးပမ်းနေတာလို့လည်း သူက ပြောပြပါတယ်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲက ဆက်လက်ပြီးရှိနေပါတယ်။ အင်အားကတော့ သူတို့ထပ်ထပ်ပြီးဖြည့်နေပါတယ်။ အင်အားတခုတည်းမဟုတ်ဘဲ ရိက္ခာတွေ အဲဒီလိုမျိုးဖြည့်တင်းတာတွေရှိပါတယ်။ အင်အားအများကြီးထပ်ဖြည့်လာနိုင်တာတော့မရှိပါဘူး။ စစ်ကြောင်းသုံးကြောင်းပုံစံနဲ့ပေါ့။ နောက်ပြီး ကလေး-တီးတိန်-ဖလမ်း အဲဒီလမ်းကြားတွေမှာ အထိုင်လေးတွေ အယောက် ၂၀၊ ၃၀ အဲဒီလို မျိုးလေးတွေ အထိုင်နေရာ တော်တော်များများလည်း သူတို့ လမ်းအကုန်လုံးကို စိုးမိုးနိုင်ဖို့အတွက်သိုင်းငင်းကနေ အစ လမ်းတကြောမှာ စကစ ထိုင်တဲ့နေရာ တော်တော်များပါတယ်” လို့ ဆလိုင်းတင်မီက လတ်တလော နယ်မြေဒေသ စစ်ရေး အခြေအနေကို ပြောပါတယ်။

စစ်တပ်ဟာ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး ဖလမ်းမြို့ပြန်ရဖို့ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာကို ချင်းဒေသကာကွယ်ရေးတပ်တွေက ခုခံတိုက်ခိုက်နေတာပါ။ ကာလရှည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိတွေအပါအဝင် သေဆုံးထိခိုက်ရာချီ ရှိခဲ့ပြီး ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဘက်ကလည်း ကျဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။

စစ်တပ်ဟာ ဖလမ်းမြို့ထိုးစစ်မှာ လူအင်အားအများအပြား သုံးတာအပြင် လေကြောင်း ပစ်ကူ၊ နည်းပညာမြင့်ဒရုန်းအသုံးပြုတာ၊ လေကြောင်းကနေ လက်နက်ခဲယမ်းဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ ချင်းတော်လှန်ရေးတပ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကနေ ခွာစစ်ဆင်ခဲ့ရပေမယ့် ပိုမိုကောင်းမွန်တဲ့ ပိုမိုကြီးမားတဲ့ အင်အားနဲ့ ပြန်လာဖို့ရှိတယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

မေးမြန်းခန်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ် ဖလမ်းမြို့ အပါအဝင်ချင်းမြောက်ပိုင်းပြန်ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာ ဖလမ်းအခြေစိုက် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်လျက်ရှိရာ တိုက်ပွဲ ငါးလနီးပါးကြာမြင့်လာပြီဖြစ်ပါတယ်။

သတင်း

ချင်းတော်လှန်ရေးအင်အားစုတွေ ချင်းဆိုတဲ့ အမည်အောက်မှာ အားလုံးစုစည်းနိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ မော်တော်ယာဉ် တန်းနဲ့ လာတဲ့ စစ်ကောင်စီတပ် တွေဟာ ကလေး-တီးတိန်လမ်းပိုင်း သိုင်းငင်းကတဆင့် ဖလမ်းမြို့နယ်ကို ဝင်ရောက်လာကြောင်း ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ဒီကနေ့ ဇန်နဝါရီ ၂၂ရက်ညမှာ အတည်ပြုပါတယ်။

Facebook