Connect with us

Hi, what are you looking for?

သတင်း

အထူးလှုပ်ရှားတပ်မ မတ္တရာမျိုးမှန်တပ်ဖွဲ့ချေမှုန်းရေး မွမ်းမံသင်တန်းဆင်းပွဲပြုလုပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အထူးလှုပ်ရှားတပ်မရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ “ချေမှုန်းရေးမွမ်းမံသင်တန်း” သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတနေရာမှာ ဧပြီ ၁၃ ရက်ကပြုလုပ်ခဲ့ပါတယ်။

ဓါတ်ပုံ-မတ္တရာမျိုးမှန်တပ်ဖွဲ့

ဧပြီ-၁၈၊၂၀၂၆။တေဇ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊အထူးလှုပ်ရှားတပ်မရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မတ္တရာမျိုးမှန်တပ်ဖွဲ့ရဲ့ “ချေမှုန်းရေးမွမ်းမံသင်တန်း” သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတနေရာမှာ ဧပြီ ၁၃ ရက်ကပြုလုပ်ခဲ့ပါတယ်။

ဒီသင်တန်းမှာ တက်ရောက်ခဲ့တဲ့ သင်တန်းသားရဲဘော်ရာနဲ့ချီတာကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(အထူးလှုပ်ရှားတပ်မ) က ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ သိရပါတယ်။

ဒီပွဲမှာ နိုင်ငံတော်အလံလေးပြုတာ၊ မိတ်ဖက်အဖွဲ့အစည်းတွေက ပေးပို့လာတဲ့ သဝဏ်လွှာ တွေကို ဖတ်ကြားတာ၊ တက်ရောက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ စစ်ရုံးချုပ်တာဝန်ရှိသူ တွေနဲ့ ဧည့်သည်‌တွေက အမှာစကားပြောကြားတာ၊ ထူးချွန်ဆုပေးတာ ၊ သင်တန်းဆင်းရဲဘော်တွေက စစ်ကြောင်းပုံစံ ချီတက်အလေးပြုတာနဲ့ နှင့် စစ်ကြောင်းအလိုက် သရုပ်ပြခြင်းအစီအစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အထူးလှုပ်ရှားတပ်မ ၊ မတ္တရာမျိုးမှန်အဖွဲ့ရဲ့ “ချေမှုန်းရေးမွမ်းမံသင်တန်း” သင်တန်းဆင်းပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ စစ်ရုံးချုပ် မှ တာဝန်ရှိသူတွေ ၊ မန္တလေးတိုင်းစစ်ဌာန က ဒု-ကွပ်ကဲရေးမှူးနဲ့တာဝန်ရှိသူတွေ ၊ အမှတ်(၁)စစ်ဒေသ ကသာခရိုင်ကွပ်ကဲရေးမှူး၊ မတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

မတ္တရာမျိုးမှန်တပ်ဖွဲ့က မန္တလေးတိုင်း၊ မတ္တရာအခြေပြု ဒေသကာကွယ်ရေးတပ်တစ်ခု ဖြစ်ပြီး ရှမ်းမန်း စစ်ဆင်ရေး၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်တွေမှာ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့‌ တွေ ၊ပကဖ တွေနဲ့ အတူ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်း ဖြစ်ပါတယ်။

ဒီအဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ကွပ်ကဲမှု‌အောက် ကို မတ်လ ၁၉ ရက်မှာစတင်ဝင်ရောက်ခဲ့တဲ့ အထူးလှုပ်ရှားတပ်မဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်း စစ်တပ် တပ်စွဲထားတဲ့ကြိမ်တောရွာ နဲ့ ကုန်းတန်းကြီးရွာတို့ကိုတော်လှန်ရေးပူးပေါင်းတပ်တွေ ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၆ဦး ထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook