Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲဆက်ပြင်းထန်

ဖားကန့်မှာ ဒီနေ့(ဧပြီလ၂၁ရက်)တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်းတပ်စွဲထားတဲ့နေရာကို KIAနဲ့ KPDF က ပစ်မှတ်တိကျ‌အောင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ဧပြီ လဆန်းကတိုက်ပွဲမှာ စစ်တပ်ကာကင်းစခန်း​တွေကို KIA နဲ့ KPDF ကသိမ်းပိုက်စဥ်

■စစ်တပ် တပ်စွဲထားတဲ့နေရာတည့်တည့်ကို KIA နဲ့ KPDF ဒရုန်းဗုံးကြဲ

ဧပြီ-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဖားကန့်မှာ ဒီနေ့(ဧပြီလ၂၁ရက်)တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်စစ်ကြောင်းတပ်စွဲထားတဲ့နေရာကို KIAနဲ့ KPDF က ပစ်မှတ်တိကျ‌အောင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

လုံးခင်းကျေးရွာအနီးအောင်ရာရွာအပါအဝင် သုံးနေရာမှာ မြေပြင်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KIAနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီစစ်ကြောင်းတွေက ဟိုတစ်စု ဒီတစ်စုရှိနေတာ။အရပ်သားတွေကိုလည်းဆက်တိုက်ဖမ်းနေတယ်။လူမှုကူညီ ရေးရုံးတွေမှာလည်းတပ်စွဲထားတယ်။ ဒီနေ့က တိုက်ပွဲတွေကြိုကြားဖြစ်နေတာ။အောင်ရာရွာနားမှာ ဒရုန်းနဲ့ချတာတော့ စစ်တပ်ဘက်က အသေရှိတယ်” လို့ အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

ဧပြီ ၂၂ ညပိုင်းမှာလည်း ပေါက်ကွဲသံတွေထွက်ပေါ်နေပြီး လုံးခင်းကျေးရွာအုပ်စုထဲကို စစ်တပ်စစ်ကြောင်းတွေ ဝင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။စစ်တပ်စစ်ကြောင်းတွေကလုံးခင်းရွာထဲနဲ့ကျောက်ဝိုင်း၊မှော်စီစာဘုရားကုန်း၊ငြိခွန်ဆာကုန်းနဲ့မလန်းရွာထဲကို အရပ်ဝတ်တွေနဲ့ပါရောက်နေပါတယ်။

စစ်တပ်စစ်ကြောင်းက ဖမ်းဆီးထားသူတွေကို လမ်းဘေးမှာချုပ်နှောင်ထားပြီးရိုက်နှက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ဖားကန့်မှာစစ်တပ်စစ်ကြောင်းနဲ့အတူဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ SNA (ရှမ်းနီတပ်)တွေ ပါဝင်ပါတယ်။

လူမှုကူညီရေးအသင်းရုံးတွေမှာပါတပ်စွဲထားလို့ အရက်ဖက်ကူညီ ရေးအဖွဲ့တွေဟာ ရုံးခန်းနေရာရွှေ့ပြောင်းထားရတယ်လို့သိရပါတယ်။

ဖားကန့်မှာဧပြီလ၂ရက်နေ့ကစပြီးတိုက်ပွဲတကျော့ပြန်ဖြစ်ပွားပြီး ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။လူနေရပ်ကွက်တွေကို စစ်တပ်က အကာအကွယ်ယူ စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေလို့ လုံခြုံရေးအထူးသတိပြုကြဖို့ KIAနဲ့ KPDF က သတိပေးထားပါတယ်။

ဒါ့အပြင် စစ်တပ်အင်အားဖြည့်တင်းနေတဲ့ ဖားကန့်- ကာမိုင်းလမ်းပိုင်းကိုလည်း ဧပြီလ၂၂ရက်နေ့ကစပြီး ယာယီပိတ်ထားမယ်လို့ KIAနဲ့ KPDF သတင်းရင်းမြစ်တွေကပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးကြုံတွေ့နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မှာ နေအိမ်တစ်လုံးပေါ်ကို မြေပြိုကျပြီး အမျိုးသားတစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ရေကြီးနစ်မြုပ်မှု ရက်သတ္တပတ်တစ်ပတ်ကျော်လာပြီဖြစ်ပြီး မိုးဆက်ရွာနေသလို ဥရာချောင်းလည်း ရေလျှံပြီး ရေဘေးအခြေအနေပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။