Connect with us

Hi, what are you looking for?

သတင်း

မြစ်ကြီးနားမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့အမျိုးသားရုပ်အလောင်းတွေ့

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့၊မြေမြင့်ရပ်ကွက်ဘုန်းကြီး ကျောင်းအနောက်ဖက်လမ်းကြားမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို ဧပြီလ ၁၉ ရက်ညပိုင်းကတွေ့ခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မြစ်ကြီးနားမြို့ မြင်ကွင်း (ပုံဟောင်း) ဓာတ်ပုံ​ - ဝီကီ

ဧပြီ -၂၁ ၊၂၀၂၆ ၊ဆိုင်းမင်း/People’s Spring

ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့၊မြေမြင့်ရပ်ကွက်ဘုန်းကြီး ကျောင်းအနောက်ဖက်လမ်းကြားမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို ဧပြီလ ၁၉ ရက်ညပိုင်းကတွေ့ခဲ့ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မြေမြင့်ဘုန်းကြီးကျောင်းအနောက်ဖက်မှာ ဧပြီလ ၁၉ ရက် ည ၈နာရီခန့်က သေနတ်သံ တစ်ချက်ကြားခဲ့ရပြီးနောက် အနီးပတ်ဝန်းကျင်မှာ နေထိုင်ကြတဲ့ ဒေသခံတွေက ထွက်ကြည့်ရာမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကိုတွေ့ခဲ့ရတာပါ။

သေဆုံးသူအမျိုးသားနဲ့ ပက်သက်ပြီး အသေးစိတ်အချက်အလက်တွေကို မသိရသေးဘဲ အသက် ၃၀ နှစ်ခန့်အရွယ်ခန့် ရှိပြီလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဦးခေါင်းကို သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခံရတာတွေ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ အမျိုးသား ရုပ်အလောင်းကိုတော့ လူမှုကူညီရေးအသင်းက မြစ်ကြီးနားဆေးရုံ ဆီ ပို့ခဲ့တယ်လို့ သိရပါတယ်။

အခုလဆန်းပိုင်း ဧပြီလ ၅ ရက်နေ့ ညနေပိုင်းမှာလည်း မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်၊ လမ်းသွယ် (၁၃) မှာ ဝမ်းဗိုက်နဲ့ လည်ပင်းမှာ ဓားဒဏ်ရာတွေရပြီး သေဆုံးနေတဲ့ အမျိုးသားရုပ်အလောင်းကို ဆာလာ အိတ်ထည့်ပြီး စွန့်ပစ်ထားတဲ့ ဖြစ်ရပ်လည်းဖြစ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြစ်ဆုံဒေသမှာ ဒေသခံ ၁၀၀ ကျော်ကမြစ်ဆုံဆည်စီမံကိန်းမလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုကို ဆက်လက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ရှုံးမှုများလာတဲ့ စစ်တပ်ဟာ ဗန်းမော်၊ ရွှေကူ၊ ဖားကန့်ဒေသတွေ ဗုံးကြဲ

သတင်း

ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်မှုထမ်းလူ ၂၅၀၀ ပြည့်မီအောင် နည်းမျိုးစုံနဲ့ စုဆောင်းဖို့ လုပ်နေဟုဆို

Facebook