Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းရောက်လာတဲ့ ပြည်သူတွေပေးပို့တဲ့ အစားအသောက်တွေနဲ့ ခွန်အားပေးစာလွှာတွေ

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ပြည်သူလူထုဟာရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တွေအတွက် အားဆေးနဲ့ စားသောက်စရာတွေ အပြင် အားပေးစာလွှာတွေကိုပါ ရေးသားပေးပို့ခဲ့ကြပါတယ်။

ပြည်သူတွေပေးပို့ခဲ့တဲ့ ရှေ့တန်းရောက် စားသောက်စရာတွေနဲ့ စာလွှာတွေကို တွေ့ရစဥ်။ ဓာတ်ပုံ-အရာတော်ပကဖ

​ဧပြီ ၂၁၊ ၂၀၂၆၊ ဟာနာဆန်/People’s Spring

​စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ကြားက ပြည်သူလူထုဟာရှေ့တန်းရောက် တော်လှန်ရေးရဲဘော်တွေအတွက် အားဆေးနဲ့ စားသောက်စရာတွေ အပြင် အားပေးစာလွှာတွေကိုပါ ရေးသားပေးပို့ခဲ့ကြပါတယ်။

အရာတော်မြို့နယ်မှာ တိုက်ပွဲဝင်နေရတဲ့ ရဲဘော်တွေ စိတ်ဓာတ်ခွန်အား ရရှိစေဖို့အတွက် ပြည်သူတွေက မိမိတို့တတ်နိုင်တဲ့ အားဖြည့်အချိုရည်၊ အန်နာဗွန်စီ အားဆေး၊ ကိတ်မုန့်၊ ဝေဖာနဲ့ တခြားစားစရာတွေနဲ့အတူ ပြည်သူတွေ ကိုယ်တိုင်ရေးသားထားတဲ့ တိုက်ပွဲဝင်ရဲဘော်တွေ စိတ်ခွန်အားတက်စေမယ့် အားပေးစကားတွေ၊ ဆုတောင်းမေတ္တာစာလွှာတွေကိုပါ ဗလာစာရွက်အပိုင်းလေးတွေနဲ့ ထည့်သွင်းရေးသား ပေးပို့ခဲ့တာပါ။

အဆိုပါ စာရွက်ပိုင်းလေးတွေမှာ “လုပ်ရပ်တွေ မှန်ကန်နေတာမို့ အားပျက်မသွားပါနဲ့နော်။ အစစအရာရာ သတိနဲ့ လုပ်ကိုင်ပါ။ ဂရုစိုက်ပါ။”

Public Service Announcement

Public Service Announcement

“တို့ရဲ့ ရဲဘော်တို့၊ ခင်ဗျားတို့က ကျုပ်တို့သိခဲ့တဲ့ လူတွေထဲမှာ အသန်မာဆုံးပါပဲ။ ဒီတော်လှန်ရေးကြီးရဲ့ အောင်မြင်မှုရလဒ်တွေကို ခင်ဗျားတို့ ယူလာပေးနိုင်မယ်ဆိုတာ ယုံကြည်တယ်။ အသန်မာဆုံးတို့ရဲ့ရဲဘော်များ ဖိုက်တင်း။”

“ရဲဘော်များသို့။ ပင်ပန်းတဲ့အခါ ခဏနားပါ။ ဒါပေမယ့် ဘယ်တော့မှ လက်မလျှော့ပါနဲ့နော်။ ပန်းတိုင်က တစ်လှမ်းချင်းစီ နီးကပ်လာနေပါပြီ။”

“မတူညီတဲ့ နေ့ရက်တွေကို မတူညီတဲ့ ဆင်းရဲဒုက္ခတွေ သယ်ပိုးရင်း ရှေ့ဆက်နေရတာ မလွယ်ဘူးမလား။ လျှောက်လှမ်းနေရတဲ့လမ်းတွေ မတူညီပေမယ့် တိုက်နေတဲ့ရန်သူ၊ လိုချင်တဲ့ဖက်ဒရယ်တူညီတာမို့ နောက်ကနေ တက်နိုင်တဲ့ဘက်က အမြဲအသင့်ရှိနေပါမယ်နော်”

“ပင်ပန်းနေမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ငါတို့တတွေ ဒီအချိန်ထိ တိုက်ပွဲဝင်ခဲ့ပြီးပြီ။ ဒီအခြေအနေအထိရောက်အောင် လမ်းကြမ်းတွေ ကျော်လာခဲ့ပြီးပြီ။ ပန်းတိုင်မှာ အောင်ပွဲခံဖို့ပဲ ကျန်တော့တယ်။ ဒါ့ကြောင့် ရည်ရွယ်ရေးဖြစ်တဲ့ လွတ်လပ်တဲ့ပြည်ထောင်စုကိုရောက်ဖို့ လမ်းခုလတ်မှာ အားမလျှော့ကြဖို့ လိုတယ်။ တူတူ ဒုက္ခတွေဖြေရှင်းပြီး တူတူအောင်ပွဲခံရအောင်”စတဲ့စာသားတွေ ရေးသားထားတာ တွေ့ရပါတယ်။

အခုလ်ို ပြည်သူတွေရဲ့ မေတ္တာနဲ့ ထောက်ပံ့မှုတွေအပေါ် အရာတော်မြို့နယ် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က “ရှေ့တန်းကို အအေးနဲ့ မုန့်လာပို့တယ်ဆိုတော့ ဝမ်းသာသွားတယ်။ ဒါ့အပြင် ပြည်သူတွေရဲ့ မေတ္တာတွေကိုပါ စာလေးတွေရေးပြီး ပေါင်းထည့်ပေးလိုက်ကြပါတယ်။ ကျေးဇူးပါဗျာ။ ပြည်သူ့မေတ္တာဟာ ကျွန်တော်တို့အတွက် ဘာနဲ့မှလဲလို့မရနိုင်တဲ့ အားဆေးတခွက်ပါပဲ။”လို့ ရေးသားထားပါတယ်။

​ပြည်သူတွေအနေနဲ့ ယခုလို စစ်ရေးအခြေအနေ တင်းမာနေချိန်မှာ အစစအရာရာ အထူးဂရုစိုက် နေထိုင်ကြဖို့ကိုလည်း အရာတော်ပကဖက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဆားလင်းကြီးနဲ့ ဘုတလင်မြို့နယ်မှာ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်တဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၁) မှာ ပြုလုပ်ခဲ့ပါတယ်။