Connect with us

Hi, what are you looking for?

သတင်း

ပျော်ဘွယ်မှာ ညအိပ်ရပ်နားထားတဲ့ တွဲကား ဓားပြတိုက်ခံရ

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ ဆီဆိုင်ရှေ့ ညအိပ်ရပ်နားထားတဲ့ တွဲကားတစ်စီးကို လူ ၃ဦးက ငှက်ကြီးတောင်ဓါးနဲ့ ဓါးပြဝင်တိုက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

(ပျော်ဘွယ်-ဘုရားသုံးဆူ မြို့ရှောင်လမ်းပိုင်းတနေရာကို တွေ့ရစဥ် ဓါတ်ပုံ - CJ)

ဧပြီ-၂၉၊၂၀၂၆။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ ဆီဆိုင်ရှေ့ ညအိပ်ရပ်နားထားတဲ့ တွဲကားတစ်စီးကို လူ ၃ဦးက ငှက်ကြီးတောင်ဓါးနဲ့ ဓါးပြဝင်တိုက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ ဧပြီ ၂၉ ရက် မနက် ၃နာရီခန့်က ပျော်ဘွယ်မြို့နယ်၊ ဘုရားငါးဆူ – ပျော်ဘွယ်မြို့ရှောင်လမ်းက ဆီဆိုင်တစ်ဆိုင်ရှေ့မှာ ကားတံခါး ပိတ်ပြီး ညအိပ်ရပ်နားနေတဲ့ ကုန်တင်တွဲကားတစ်စီးကို လူ၃ ဦးက ဓားပြတိုက်ခဲ့တာဖြစ်ကြောင်း၊ ကားသမားတွေဆီက ဖုန်း ၃လုံး၊ ကျပ် ၈သိန်းဝန်းကျင်နဲ့ Kpay ၆ သိန်းပါသွားကြောင်း ဖြစ်စဥ်သိမြင်လိုက်သူတွေက ပြောပါတယ်။

“ငှက်ကြီးတောင်ဓားနဲ့ လူနှစ်ယောက် တံခါးနှ​စ်ဘက်ကနေ တတ်လာတာ။ တစ်ယောက်က အောက်မှာစောင့်နေတာ။ ဖိနပ်က အစ ယူသွားတာပါ။ ဆင်းခါနီး တစ်ယောက်က ဟွန်းကို လက်နဲ့ဖိမိလို့ ကားအောက်က စပါယ်ယာ အကိုက နိုးလာတော့ထွက်ပြေးသွားတာ။”လို့ ဖြစ်စဥ်သိမြင်လိုက်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဓါးပြတွေဟာ လူငယ်ပိုင်းတွေလို့ ယူဆရပြီး ကားသမားတွေဆီကနေ Kpay ပါ ဖုန်းရဲ့ ဖုန်း စကားဝှက်နဲ့ Kpay စကားဝှက်တွေကအစ တောင်းယူသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် ညကလည်း မိတ္ထီလာမြို့၊ မြို့ရှောင်လမ်းဆုံမှာ အိမ်စီးကားနဲ့စောင့်နေတဲ့ လူတစ်စုက ဖြတ်သန်းလာတဲ့ ယာဥ်တစ်စီးကို တားပြီး ယာဉ်မောင်းတစ်ဦးနဲ့ စပါယ်ယာတစ်ဦးထံကနေ ကျပ် ၁၀ သိန်း တောင်းယူသွားကြောင်း ငွေတောင်းခံလိုက်ရတဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းကာလအတွင်း အဝေးပြေး ကုန်တင်ယာဥ်တွေ၊ ခရီးသည်တင်ယာဥ်တွေဟာ လမ်းခရီးမှာ ဓါးပြရန်ကြောက်နေရတာကြောင့် သုံးလေးစီး တစုတဝေးတည်း သွားလာနေရတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ဝင်ရောက်ဖမ်းဆီးသူ သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

နိုင်ငံတကာ

မလေးရှားနိုင်ငံက စျေးဝယ်စင်တာ တစ်ခုမှာ ရွှေပန်းထိမ်ဆိုင်ကို နေ့ခင်းကြောင်တောင် ဓားပြဝင်တိုက်သွားသူ ၃ ဦးကို ရဲတပ်ဖွဲ့က အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

Facebook