Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့မှာလုယက်မှုထပ်မံဖြစ်

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

(​မေ ၂ ရက်​နေ့က အမျိုးသား ၄ ဦးက စတိုးဆိုင်အတွင်း ပြန်​ပေးဆွဲဖို့​ရောက်ရှိလာတာကို CCTV မှာ​တွေ့ရပုံ)

​မေ-၃၊၂၀၂၆။မိထက်/People’s Spring

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

လားရှိုးမြို့၊ရပ်ကွက်(၁)ထဲက စတိုးဆိုင်တစ်ဆိုင်ကို အမျိုးသားလေးဦးက ကားနဲ့လာပြီးဆိုင်ထဲကအမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားဖို့ကြိုးပမ်းမှုကမေလ၂ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။ဒါ​​ပေမယ့်အမျိုးသမီးဟာထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

မေလ ၃ရက်ညနေပိုင်းမှာလည်း လားရှိုးမြို့ရပ်ကွက်(၁)ထဲမှာပဲ ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးတစ်ဦးကို အမျိုးသားလေးဦးက လမ်းပိတ်ဆို့ပြီး လုယက်မှုထပ်မံဖြစ်ပွားခဲ့တာပါ။

Public Service Announcement

Public Service Announcement

“ကျမဆိုင်ကယ် လုခံလိုက်ရပါတယ် CZI အနီ 7/7000။ဆိုင်ကယ်ထဲလဲ ပိုက်ဆံ သိန်း၁၀၀ကျော်ပါသွားပါတယ် ။လုသွားတဲ့ကောင်တွေက ၄ယောက် ဆိုင်ကယ်၂စီးနဲ့ပါ။ ဓားထောက်ပီး လုတာပါ ပါရမီ လမ်းကြားမှာပါ လားရှိုး” လို့ လုယက်ခံရတဲ့အမျိုးသမီးက လူမှုကွန်ရက်ပေါ်မှာ​ရေးသားထားပါတယ်။

လက်ရှိလားရှိုးမြို့ရဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့အခြေအနေဟာ နေရော၊ညပါကြောက်စရာကောင်းနေပြီလို့ မြို့ခံတွေကပြောပါတယ်။

လားရှိုးမြို့ဟာ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကိုးကန့်တပ်(MNDAA)နဲ့ မဟာမိတ်တပ်​တွေက ၂၀၂၄ သြဂုတ်လဆန်းမှာ သိမ်းယူခဲ့တဲ့မြို့ဖြစ်ပါတယ် ။ ဒါ​ပေမယ့် တရုတ်အစိုးရရဲ့ အကူအညီနဲ့ စစ်တပ်က ၂၀၂၅ ဧပြီလမှာကျည်တစ်ချက်မ​ဖောက်ရပဲ MNDAA ဆီက​နေ မြို့ကိုပြန်လည်လွှဲ​ပြောင်းယူခဲ့ပါတယ်။

စစ်တပ်ပြန်ဝင်လာပြီးနောက်ပိုင်းလားရှိုးမြို့မှာ လုယက်မှုတွေ၊ ဓားပြမှုတွေ၊ ပြန်ပေးဆွဲမှုတွေ၊လူသတ်မှု၊ခိုးမှုစတဲ့ရာဇဝတ်မှု​တွေမကြာခဏဖြစ်နေပါတယ်။

၂၀၂၅ ဧပြီလကနေ လက်ရှိ ၂၀၂၆ မေလအတွင်း အမျိုးသမီးတချို့ကားလုယက်ခံရမှု၊ ဘုန်းကြီး အသတ်ခံရမှု၊ သတ်ဖြတ်ပြီး ရုပ်‌အလောင်းစွန့်ပစ်မှု၊ ပြန်ပေးဆွဲပြီး ငွေ တောင်းမှု၊ လမ်းလယ်ခေါင် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှု၊ ရွှေဆိုင် ဓားပြတိုက်ခံရမှုတွေလို အမှုတွေ ၃၀ ထက်မနည်းဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်း၊လားရှိုးမြို့ပေါ်မှာမူးယစ်ဆေးကြောင်နေသူက ဒေသခံတွေကိုသေနတ်နဲ့ ခြိမ်းခြောက်လို့ ဝိုင်းဖမ်းပြီး ရဲလက်အပ်လိုက်ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်မှာလူတစုက စတိုးဆိုင်တစ်ဆိုင်ကိုဓါးပြတိုက်ပြီး ဆိုင်ရှင်အမျိုးသမီးနှစ်ဦးကိုပါ သတ်ဖြတ်သွားပါတယ်။

သတင်း

လားရှိုးမြို့‌ရှော့တိုက်ဒုန်းနဲ့ပစ်ခတ်ခံရပြီးနောက်မြို့ခံတွေစိုးရိမ်နေပြီး စက်သုံးဆီနဲ့ စားသောက်ကုန်တွေ ဝယ်ယူစုဆောင်းလာကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့‌ကို ဒီနေ့ညနေပိုင်း ရှော့တိုက်ဒုန်းသုံးလုံးပစ်ခတ်ခံရပြီး အရပ်သားအမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရခဲ့ပါတယ်။