Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က အင်အား ၆၀၀ခန့်နဲ့ ကျောက်ထုမြို့ဆီကို စစ်ကြောင်းထိုးလာမယ်လို့ ထွက်ပြေးအလင်းဝင်လာတဲ့ တပ်သားနှစ်ဦးဖွင့်ဟ

အာဏာသိမ်းစစ်တပ်က အင်အား ၆၀၀ခန့်နဲ့ မကွေးတိုင်း၊ ကျောက်ထုမြို့ဆီကို စစ်ကြောင်းထိုးလာမယ်လို့ ထွက်ပြေးအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား နှစ်ဦးက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်က အင်အား ၆၀၀ခန့်နဲ့ မကွေးတိုင်း၊ ကျောက်ထုမြို့ဆီကို စစ်ကြောင်းထိုးလာမယ်လို့ ထွက်ပြေးအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား နှစ်ဦးက ပြောပါတယ်။

မေ-၄၊၂၀၂၆။ဖိုးသား/People’s Spring

အာဏာသိမ်းစစ်တပ်က အင်အား ၆၀၀ခန့်နဲ့ မကွေးတိုင်း၊ ကျောက်ထုမြို့ဆီကို စစ်ကြောင်းထိုးလာမယ်လို့ ထွက်ပြေးအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား နှစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဧပြီလနောက်ဆုံးပတ်က မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ကနေ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်အခြေစိုက် အမှတ်(၂၂) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကို ကနဦးရောက်ရှိခဲ့တာလို့ သိရပါတယ်။

ကပစ(၂၂)ကနေတဆင့် ပေါက်မြို့နယ်တောင် ပိုင်းက သပြေအေးကျေးရွာကို မေလ ၁ရက်က စစစ်ကြောင်း ဝင်ရောက်ခဲ့ပြီး ဒီကနေ့(မေလ ၄ ရက်)မှာ သပြေအေးကျေးရွာကထွက်လာပြီး စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ကျောက်ထုကို ထိုးမယ်လို့ ပြောတယ်။၅၀၀ ကျော်တယ်။၆၀၀ နီးပါးကပ်တယ်။ ၉၉ တပ်မ ပါတယ်။စစ်ကြောင်းဦးဆောင်တာဗျူဟာမှူးလို့ ပြောတယ်။မိုင်းမိတာ သူတို့စက်ထဲမှာ ဟိုနေ့ကပြောသံကြားတာဗျူဟာမှူးထိသွားတယ်။ သုံးယောက်သေတယ်”လို့ ထွက်ပြေးလာတဲ့ စစ်မှုထမ်းတပ်သားနှစ်ဦးက ပြောပါတယ်။

အဲဒီတပ်သားနှစ်ဦးက စစ်မှုထမ်းအပတ်စဥ်(၁၉) က ဖြစ်ပြီး ပခုက္ကူခရိုင် အမှတ်(၁၂)တပ်ရင်းဆီ အခုရက်ပိုင်းအတွင်းမှာ ထွက်ပြေးအလင်းဝင် လာတာလို့ ဖြစ်စဥ်ကို သိရှိသူက ပြောပါတယ်။

“စစ်ကြောင်းက ဆိပ်ဖြူထဲမရှိတော့ဘူး။ပေါက် ဘက်ကိုအားလုံးရောက်သွားပြီ။အလင်းဝင်တဲ့ နှစ်ယောက်က ထွက်ပြေးလာတာ။ပခုက္ကူတပ်ရင်း ၁၂ ကို”လို့ သူက ပြောပါတယ်။

လက်ရှိမှာ ကျောက်ထုမြို့အခြေစိုက် အမြောက် တပ်(အမတ-၃၆၈) စစ်ကြောင်းက ကံကြီးကျေးရွာမှာအခြေပြုပြီး ကတုတ်ကျင်းတွေတူးပြီး အခိုင်အမာစခန်းချနေတယ်လို့လည်း ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။

“ကံကြီးနားကကျေးရွာတချို့ပါစစ်ဘေးထပ်ရှောင်ကြရတယ်။စစ်ရေးက တင်းမာနေဆဲပဲ”လို့ သူက ပြောပါတယ်။

လူဦးရေ ၅၀၀ခန့်ရှိတဲ့ ကံကြီးရွာဟာ မကွေး – ချင်း – ရခိုင် လမ်းပိုင်းပေါ်မှာရှိပြီး ကျောက်ထုမြို့နဲ့ (၇)မိုင်ဝန်းကျင်၊ မင်းတပ်မြို့နယ်နဲ့ (၁၀)မိုင်နီးပါးပဲကွာဝေးပါတယ်။

“ချင်းတောင်ကို ဦးတည်မယ့်စစ်ရေး စုဖွဲ့ပြင်ဆင်မှု မြင်တယ်။စစ်ကြောင်းကို စောင့်ကြည့်ရမယ်”လို့ ဆောမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ ထီးလင်းမြို့နယ်တောင်ပိုင်း၊ဆော (ကျောက်ထု)နယ်နဲ့ မင်းတပ်မြို့နယ် ကြားနေရာတွေကို စစ်တပ်က မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပါတယ်။

စစ်တပ်က အင်အား ၆၀၀ခန့်နဲ့ ကျောက်ထုမြို့ဆီကို စစ်ကြောင်းထိုးလာမယ်လို့ ထွက်ပြေးအလင်းဝင်လာတဲ့…

Posted by People's Spring on Sunday 3 May 2026

ရုပ်သံ – Na Pauk

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။