Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တိုက်ပွဲစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးစစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့KIA၊KPDF ရရှိ

ဖားကန့်မှာ မနေ့ကစတင်ပြီးတကျော့ပြန်ဖြစ်ပွားတဲ့မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။

(စစ်တပ်ထံမှသိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ)

​မေ-၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

ဖားကန့်မှာ မနေ့ကစတင်ပြီးတကျော့ပြန်ဖြစ်ပွားတဲ့မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။

ဖားကန့်၊ လုံးခင်းကျေးရွာအုပ်စုထဲမှာမေလ၄ရက်မနက်အစောပိုင်းကစတင်ပြီးအာဏာသိမ်းစစ်တပ်စခန်းတွေကို KIA၊KPDFကတိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေတာပါ။

“သေတာ စစ်မှုထမ်းသင်တန်းဆင်းတွေအများဆုံးပါတယ်။ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်စလုံးအနီးကပ်တိုက်ပွဲဖြစ်တာပါ။ သေဆုံးတာရောဖမ်းမိတာရောဆိုရင် ၁၅ဦး မကပါဘူး”လို့ KIA၊KPDFနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

အခြားသတင်းရင်းမြစ်တစ်ဦးကတော့ လက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်တပ်ဘက်ကသေဆုံးသူ ၃၀ဦးထက်မနည်းရှိတယ်လို့ ပြောပါတယ်။

စစ်ကောင်စီသတင်းပေးအချို့ကိုလည်းဖမ်းမိထားတယ်လို့ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းတွေက မှော်စီဆာကျေးရွာထဲမှာရောက်ရှိနေပြီးအရပ်သားနေအိမ်တွေကို ဖောက်ထွင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။

“အိမ်ထဲမှာရှိတဲ့ကျောက်စိမ်းတုံးတွေပါသယ်နေတာ။ လူတွေ့ရင် လူသတ်တာ။ ဒေသခံတွေလည်းပိတ်မိနေတာအများကြီးပဲ”လို့ မှော်ဆီဆာရွာမှာနေထိုင်နေတစ်ဦးကပြောပါတယ်။

ဖားကန့်မှာ ဧပြီလ၂ရက်က စတင်ပြီး တိုက်ပွဲတွေဖြစ်တာပါ။ လုံးခင်းကျေးရွာအုပ်စုကို စစ်ကောင်စီကထိန်းချုပ်ထားပြီး ကနဦးကာလမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မြေပြင်တိုက်ပွဲ ရပ်သွားပြီး စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို KIA၊KPDFက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ကလည်း လက်နက်ကြီး၊ဒရုန်းတွေသုံးပြီး တိုက်ခိုက်ခဲ့ပါတယ်။မေလ ၄ရက် မနက်ပိုင်းမှာ KIA၊KPDFက တကျော့ပြန်ထိုးစစ်ဆင် တိုက်ခိုက်တာလို့ စစ်ရေးသတင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီကလက်နက်ကြီးတွေလည်းပစ်ခတ်နေပြီး ဒေသခံတွေရဲ့နေအိမ်အချို့မီးလောင် ပျက်စီးထားတယ်လို့သတင်းရရှိပါတယ်။

​မေ ၄ ရက်မှာတိုက်ပွဲ​တွေပြန်ပြင်းထန်ခဲ့ပြီးမြေပြင်တိုက်ပွဲအတွင်းမှာ တော်လှန်ရေးရဲဘော်အချို့လည်း ကျဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်နဲ့KIA၊KPDFဟာ ယခုရက်ပိုင်းမှာ ကချင်ပြည်နယ်အတွင်း ဖားကန့်အပြင် ရွှေကူမြို့နယ်မှာလည်းစစ်ရေးတင်းမာနေပါတယ်။ ရွှေကူမြို့နယ်ထဲနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်မြို့နယ်ထဲကပြည်သူတွေ စစ်ရေးသတိပြုနေထိုင်ကြဖို့ KIAက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ စစ်တပ်က ရိက္ခာစု​နေတာ​ကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာ၊ သားငါး နဲ့ စက်သုံးဆီရှားပါးလာပြီးစျေးတွေအဆမတန်တက်နေလို့ ဒေသခံတွေ က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ဇွန်၂၉ရက် မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်အစပ် မိုးဗြဲမြို့အနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ခဲယမ်းတချို့နဲ့ စစ်သုံ့ပန်း ၂ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ပြပြောက်ကျားတပ် Urban Task Force Aung Ban - UTF က ဒီကနေ့ဇွန်လ ၂၉ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ မိုးကြီးနေပြီး ရေဘေးဆက်ကြုံ