Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ရဲ့နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံနဲ့ တွေ့ဆုံနိုင်အောင်စီစဉ်ပေးဖို့ထိုင်းလိုလားနေ

ထိုင်းနိုင်ငံခြား​ရေးဝန်ကြီးက ​နေပြည်​တော်ခရီးစဥ်မှာဒေါ်​အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ စစ်တပ်ထံ မ​တောင်းဆိုခဲ့

(ထိုင်းနိုင်ငံခြား​ရေးဝန်ကြီး ဆီဟာဆက်ဖုန်ကက်ကောင်။ ဓါတ်ပုံ-ရိုက်တာ)

​မေ-၆၊၂၀၂၆။People’s Spring

အသွင်ပြောင်းစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားပြီးဒေသတွင်းနိုင်ငံတွေရဲ့နိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံပေးဖို့ဆန္ဒရှိကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောကြားပါတယ်။

မေလ ၅ ရက်နေ့မှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဆီဟာဆက် ဖုန်ကက်ကောင်က မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲနောက်ပိုင်းအသစ်ပေါ်ထွက်လာတဲ့အုပ်ချုပ်ရေးအစုအဖွဲ့ကိုတခြားသောအရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပိုမို နီးနီးကပ်ကပ်ထိတွေ့လာနိုင်အောင်ထိုင်းအစိုးရကကူညီပေးလိုကြောင်းပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ၂၀၂၁ ခုနှစ်တုန်းကစစ်တပ် အာဏာသိမ်းခဲ့ပြီး အာဆီယံက အဆိုပြုခဲ့တဲ့ မြန်မာ့အရေး ကူညီဖြေရှင်းမှု ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း လေးစားလိုက်နာဖို့ ပျက်ကွက်ခဲ့ပါတယ်။အကျိုးဆက်အနေနဲ့ အာဆီယံဟာထိပ်သီးအစည်းအဝေးတွေမှာမြန်မာရဲ့နိုင်ငံရေးအရာရှိတွေ တက်ရောက်ခွင့်ကို တားဆီး ပိတ်ပင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့လမှာတော့စစ်တပ်အလိုကျစီစဉ်ထားတဲ့ လွှတ်တော်ကနေတဆင့် သူ့ကိုယ်သူ သမ္မတသစ်အဖြစ် ကြေညာပြီး အတုအယောင် အရပ်သား အုပ်ချုပ်ရေး ယန္တရားကိုစတင်ခဲ့ပါတယ်။

ဆီဟာဆက်ဟာ အဲဒီ အုပ်ချုပ်ရေး အစုအဖွဲ့သစ် လက်ထက်မှာ နေပြည်တော်ကို အစောဆုံး သွားရောက်တဲ့ နိုင်ငံရပ်ခြား အစိုးရ ကိုယ်စားလှယ်တစ်ဦး ဖြစ်ခဲ့ပြီးအခုတော့မြန်မာနဲ့အာဆီယံကြား နိုင်ငံခြားရေး ဝန်ကြီးအဆင့် ထိတွေ့ ဆက်ဆံမှုတွေ ပြန်လည်စတင်နိုင်အောင် ကြားဝင် ညှိနှိုင်းပေးဖို့ စကားကမ်းလှမ်းလာတာ ဖြစ်ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရဲ့ဆက်စပ်အစီအစဉ်တစ်ခုအဖြစ်စစ်​​ကောင်စီရဲ့ နိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ကြား တွေ့ဆုံစေလိုကြောင်း၊အဲဒီအခါစစ်​ကောင်စီဝန်ကြီးကလက်ရှိ တိုးတက်ပြောင်းလဲမှုအခြေအနေတွေ၊အနာဂတ် လုပ်ငန်းစဉ်တွေကိုအာဆီယံဆီရှင်းပြနိုင်မှာဖြစ်ကြောင်းဆီဟာဆက်ကဆိုပါတယ်။ အဲဒီ ရှင်းလင်း တင်ပြချက်တွေကို အခြေခံပြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာအောင် အာဆီယံက ရှေ့ဆက် လုပ်ဆောင်နိုင်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

အာဆီယံဟာ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်တဲ့ နောက်ထပ်ဆွေးနွေးမှုအစီအစဉ်တစ်ခုကိုအခုသီတင်းပတ်ထဲမှာ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပသွားဖွယ် ရှိနေပါတယ်။ အာဆီယံ အစုအဖွဲ့ တစ်ခုလုံး စုံစုံလင်လင် ပါဝင်မှု အနေနဲ့ ရှေ့ဆက်စေလိုကြောင်း၊အဲဒီလမ်းကြောင်းကို ဖော်ဆောင်ဖို့ တစ်ခုခု လုပ်သင့်ကြောင်း ဆီဟာဆက်က ဆိုပါတယ်။

တစ်ဖက်မှာတော့အာဏာသိမ်း​ခေါင်း​ဆောင် မင်းအောင်လှိုင်ဟာ သမ္မတ ရာထူးယူပြီး အရပ်သား အစိုးရလို့ အတုအယောင် နာမည်ခံထားတဲ့တိုင်ပြည်သူတွေအပေါ် ကြမ်းတမ်းတဲ့ ရန်လိုတိုက်ခိုက်မှု၊ ဖိနှိပ်မှုတွေကို ပြောင်ပြောင်တင်းတင်း ဆက်လက်ကျူးလွန်နေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ အခြေအနေတွေ တိုးတက်လာတာကို မြင်ချင်တယ်ဆိုရင်၊ ငြိမ်းချမ်းရေးကို တကယ်ပဲ လိုလားတယ်ဆိုရင် အာဆီယံ အနေနဲ့ ကိုယ်တိုင်က ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာကို စဉ်းစားဖို့ လိုနေပြီဖြစ်ကြောင်း ဆီဟာဆက်က ပြောကြားခဲ့ပါတယ်။

ဆီဟာဆက်ကသူဟာနေပြည်တော်ကိုသွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်းစစ်တပ်ရဲ့မတရားဖမ်းဆီး အကျဉ်းချမှုကို ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ မတောင်းဆိုခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်ထားတဲ့အိမ်ကိုပြောင်းလဲထားရှိမယ်လို့ စစ်တပ်က ကြေညာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ဆီဟာဆက်က သူအဓိက စိုးရိမ်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ဖြစ်ကြောင်း၊ အခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပိုပြီးကောင်းမွန်တဲ့ အခြေအနေမျိုးမှာ နေထိုင်ခွင့်ရဖို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသွားပါတယ်။

ကိုးကား-Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စျေးကွက်ထဲ စားသောက်ကုန်နဲ့ လူသုံးကုန် အတုတွေ ဖြန့်ဝေနေတဲ့ ဂိုဏ်းတစ်ခုကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်း ဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရို (CIB)က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ပူးတွဲကော်မတီတစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် ထိုင်းနဲ့ တရုတ်တို့ကြား ကနဦးအဆင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို