Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမှာ စစ်တပ်စစ်ကြောင်းကို ဒူရကစစ်ကြောင်း တိုက်ခိုက်၊ စစ်တပ် သေဆုံးမှုရှိ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ထိခိုက်သေဆုံးသူတွေရှိပြီး လက်နက်နဲ့ခဲယမ်းတချို့ရတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

(စစ်တပ်စစ်ကြောင်းတိုက်ခိုက်ပြီးနောက် သိမ်းရတဲ့ လက်နက်ခဲယမ်း။ဓာတ်ပုံ - ဒူရကစစ်ကြောင်း)

မေ -၈၊၂၀၂၆။မိုမို/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က စစ်တပ်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်တပ်ထိခိုက်သေဆုံးသူတွေရှိပြီး လက်နက်နဲ့ခဲယမ်းတချို့ရတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

အခု မေလ ၆ ရက် မနက် ၈နာရီဝန်းကျင်က လောင်းလုံးမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်စခန်းကုန်းကနေ စမ်းလှန်းကျေးရွာလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်တပ်က ၂ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိကာ MA- 3 သေနတ် တစ်လက်၊ MA ကျည်ဘောက်လေးခုနဲ့ကျည်တွေ သိမ်းဆည်းရရှိတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“လက်ခတ်တောင်မှာက စစ်တပ်ကအင်အား ၃၀ကျော်လောက်တော့ရှိတယ်”လို့ လောင်းလုံးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေနဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့်ဒေသတွင်းပြည်သူတွေအနေနဲ့ သတိပြုနေထိုင်ဖို့လည်း ဓဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော် (DNLA) ရဲ့ ဒူရကစစ် ကြောင်းက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်တပ်က လောင်းလုံးမြို့ပေါ်ကနေ မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေပြီး မီးရှို့ဖျက်ဆီးတာတွေလည်း ရှိနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ဆိုပါတယ်။

“ဝေဒီရွာကို စစ်​ကြောင်းဝင်တာ။၆ ရက်နေ့ကပဲ။ကားတွေနဲ့ တဲတွေကို မီးရှို့သွားတယ်။မနေ့က မြို့ပေါ်ပြန်ဆုတ်သွားတယ်။အရပ်သားတွေတော့ ရှောင်လိုက်တာ အထိအခိုက်မရှိခဲ့ဘူး”လို့ မြေပြင် သတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅က လောင်းလုံးမြို့နယ်က မောင်းမကန်စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေသိမ်းပိုက်ပြီးတဲ့နောက် စစ်တပ်က အင်အားဖြည့်ပြီး မြို့နယ်တွင်း စစ်ကြောင်းထိုးတာတွေ ရှိနေပါတယ်။

စစ်ရေးအချက်အလက်တွေအရ လောင်းလုံးမြို့နယ်မှာ စစ်တပ်ရဲ့ ခမရ(၄၀၆)၊(၄၀၉)နဲ့ ခလရ(၂၆၇) တပ်ရင်းတွေ နဲ့ လှုပ်ရှားနေတာဖြစ်ပြီး အဲဒီတပ်ရင်းတွေထဲက တပ်သားတချို့က ကာကွယ်ရေးတပ်ဖွဲ့တွေဆီကို အလင်းဝင်လာတာတွေလည်းရှိနေပါတယ်။

လောင်းလုံးမှာ စစ်တပ်စစ်ကြောင်းကို ဒူရကစစ်ကြောင်း တိုက်ခိုက်၊ စစ်တပ် သေဆုံးမှုရှိ မေ -၈၊၂၀၂၆။မိုမို/People's…

Posted by People's Spring on Thursday 7 May 2026

ရုပ်သံ – ဒူရကစစ်ကြောင်း

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

Facebook