Connect with us

Hi, what are you looking for?

သတင်း

ချင်းတောင်ပိုင်း မင်းတပ်မြို့ နေရာ ၂ခုကို စစ်တပ်ဗုံးကြဲ

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို စစ်တပ်က ဒီကနေ့ မေလ ၈ရက်မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်ဒေသခံ အချို့က ပြောပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို စစ်တပ်က ဒီကနေ့ မေလ ၈ရက်မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်ဒေသခံ အချို့က ပြောပါတယ်။

မေ-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို စစ်တပ်က ဒီကနေ့ မေလ ၈ရက်မနက်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မင်းတပ်ဒေသခံ အချို့က ပြောပါတယ်။

မင်းတပ်မြို့ အရှေ့ခြမ်း တနေရာကို စစ်တပ်က ဒီကနေ့မနက် ၇နာရီကျော်အချိန်မှာ ၂ကြိမ် ဗုံးသီး ၄လုံး အသုံးပြု တိုက်ခိုက်ခဲ့တာလို့ မင်းတပ်ဒေသ စစ်ရေးနဲ့ လေကြောင်း တိုက်ခိုက်မှု အခြေအနေတွေ ပုံမှန်အသိပေးနေတဲ့ ဒေသခံ ကိုဟာကလေးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေတွေရှိ၊မရှိ စုံစမ်းမေးမြန်းထားဆဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မင်းတပ်မြို့ဟာ ချင်းပြည်တောင်ပိုင်းက ဒေသကာကွယ်ရေးတပ်(CDF) တွေ စုပေါင်းဖွဲ့စည်းထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့နယ်မြေဖြစ်ပါတယ်။

စစ်တပ်ဟာ ချင်းတောင်ပိုင်းနဲ့ ဆက်စပ်ဒေသတွေကို မြေပြင်က ထိုးစစ်ဆင်နိုင်ခြင်းမရှိတာ တစ်နှစ်ခွဲလောက်ရှိနေပြီး မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးနဲ့ မတူပီ စတဲ့ ဒေသတွေကို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

လက်ရှိမှာ ချင်းတောင်ပိုင်းနဲ့ ဆက်စပ်၊ နီးစပ်တဲနယ်မြေတွေကို စစ်တပ်က စစ်အင်အားဖြည့်တင်းတာ၊ စစ်ရေးလှုပ်ရှားတာတွေ ရှိနေပါတယ်။

ဒါ့အပြင် ချင်း-မကွေးအစပ်နယ်မြေတွေကို လေကြောင်းဗုံးကြဲတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။

ယမန်နေ့ည (ယနေ့ မနက်အစော)ပိုင်းမှာလည်း ဆောမြို့နယ် ကျောက်ထုမြို့အနီး တနေရာကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို မေလ ၇ရက်ကလည်း ကျောက်ထုအနီးတနေရာကို လေကြောင်းဗုံးကြဲတာ၊ စက်သေနတ်တွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့သလို လက်နက်ကြီးနဲ့ ရမ်းပစ်တာတွေ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒေသခံက အသိပေးထားပါတယ်။

ကျောက်ထုဒေသမှာ စစ်တပ်ကတပ်အင်အားရာချီနဲ့ စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတာကိုလည်း ချင်းတော်လှန်ရေးတပ်တွေက အသိပေးထားပြီး စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုကို ခုခံဖို့ ပိုမိုအားကောင်းတဲ့ တပ်စုဖွဲ့မှုနဲ့ ပြင်ဆင်ထားတယ်လို့ အသိပေးထားပါတယ်။

ချင်းတောင်ပိုင်း မင်းတပ်မြို့ နေရာ ၂ခုကို စစ်တပ်ဗုံးကြဲ မေ-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring ချင်းပြည်နယ်တောင်ပိုင်း၊…

Posted by People's Spring on Thursday 7 May 2026

(ချင်း – မကွေး အစပ်ဒေသကို စစ်တပ်က မေလဆန်းပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု မြင်ကွင်း။ ရုပ်သံ – Ĥkl Mindat)

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။