Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုဖမ်းဆီးထားတဲ့ ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်တယ်ဆိုတာ သတင်းအမှားဖြစ်ဟု နီးစပ်သူတွေပြော

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။

​ဒေါ်နန်းခင်​ထွေးမြင့်ကို ​ဘားအံ့​ဆေးရုံ​မှာ ​မေလဆန်းက​တွေ့ရစဥ်

မေ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားတဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူအချို့၊ မိတ်ဆွေအချို့ကပြောပါတယ်။

မေလ ၇ ရက်မှာ ​ဒေါ်နန်းခင်​ထွေးမြင့် ကွယ်လွန်ပြီဆိုပြီး စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်​တွေနဲ့ သတင်းဌာန အချို့ ကရေးသားဖြန့်​ဝေခံ့ပြီး ဒီ သတင်းဟာ အမှားသာဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူ အချို့က​ပြောလာတာပါ။

“သေပြီဆိုတာ မဟုတ်ပါဘူး”လို့ မိသားစုနဲ့ နီးစပ်သူတဦးက​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့် ​အသက် ၇၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ​ဒေါ်နန်းခင်​​ထွေးမြင့်ဟာ လတ်တ​လောမှာ ခြေထောက်တွေနာနေလို့ လမ်းကောင်းကောင်း မလျှောက်နိုင်ပဲဖြစ်​နေတယ်လို့လည်း စုံစမ်းသိရပါတယ် ။

အခြားနီးစပ်တဲ့သတင်းရင်းမြစ်တဦးကလည်း “အမှားပါ”လို့ ​ပြောပါတယ် ​။

အာဏာသိမ်းစစ်အုပ်စုမတရားဖမ်းဆီးတာခံရပြီးထောင်ဒဏ် ၇၅ နှစ်ချမှတ်ခံထားရတဲ့ဒေါ်နန်းခင်ထွေးမြင့်ဟာ​မေလဆန်းမှာ ဘားအံဆေးရုံကို အရေးပေါ်အခြေအနေနဲ့ ၃ ရက်တက်ရောက်

​ဆေးကုသမှုခံယူခဲ့ရပါ​သေးတယ်။ဒေါ်နန်းခင်ထွေးမြင့်အနေနဲ့ အာရုံကြောဝေဒနာ ခံစားနေရပြီး ​ခေါင်းမူးတာ ၊​ခေါင်းကိုက်တဲ့​ဝေဒနာခံစား​နေရတယ်လို့ သူမရဲ့မိတ်​ဆွေအချို့က​ပြောပါတယ်။

စစ်တပ်က ​ဒေါ်နန်းခင်​ထွေးမြင့်ကို ရစ်တပ်က ဘားအံ့​ဆေးရုံမှာ ၃ ရက်ပဲတက်ခွင့်ပြုခဲ့တာဖြစ်ပါတယ် ။​ဒေါ်နန်းခင်​ထွေးမြင့် ​ဆေးရုံမှာ တက်​ရောက်​နေတဲ့ ဗီဒီယို မှတ်တမ်းဟာ ​မေလဆန်းမှာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပါတယ် ။ ​အဆိုပါ ရုပ်သံမှတ်တမ်း​ပေါက်ကြားခဲ့တဲ့အတွက် စစ်တပ်က ​ဆေးရုံနဲ့ ဌာနဆိုင်ရာဝန်ထမ်း​တွေကို စစ်​ဆေးခဲ့တယ်လို့ ကရင်​ဒေသတွင်းသတင်းဌာနဖြစ်တဲ့ KIC ကလည်း​ဖော်ပြပါတယ် ။

အဲဒီလိုအ​ခြေအ​နေမှာ ​မေ ၇ ရက်မှာ သတင်းအမှားပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုဟာ အာဏာစသိမ်းတဲ့ ၂၀၂၁ ​ဖေ​ဖော်ဝါရီ ၁ ရင်တည်းက NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရ ခေါင်းဆောင်တွေ၊ NLD ပါတီ ခေါင်းဆောင်တွေနဲ့ ပြည်သူလူထု အများအပြားကို မတရားဖမ်းဆီးခဲ့တာပါ။

“မအလ စစ်အုပ်စုဟာ ဒီလိုအသက်ကြီးရင့်သူ တိုင်းရင်းသား အမျိုးသမီးတဦးကို မညှာမတာ အကျဉ်းချထားပြီး လိုအပ်တဲ့ဆေးကုသမှု မပေးတာကို နိုင်ငံတကာသိရှိဖို့ လိုပါတယ်” လို့လည်း သူမရဲ့ မိတ်​ဆွေ တဦးက​ပြောပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်ဟာ မဲမသာမာမှုရှိတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့တဲ့ စစ်အုပ်စုကို စိန်ခေါ်ခဲ့တဲ့ NLD ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်၊

“မဲမသမာမှုရှိတယ်ထင်ရင် လျှို့ဝှက်မဲတွေလုပ်မနေနဲ့။ ရှင်နဲ့ ကျွန်မ စင်ပေါ်တက်ပြီး ပြည်သူ့ဆန္ဒပေါ်တင်ရွေးချယ်ခံရအောင်၊ ကျွန်မက အရွေးခံရဲတယ်။ အချိန်မရွေးပဲ” လို့ အာဏာသိမ်းချိန်လာဖမ်းတဲ့ စစ်ကောင်စီတပ်တွေကို ဒေါ်နန်းခင်ထွေးမြင့်က ပြောခဲ့ဖူးပါတယ်။​ စစ်တပ်ဖမ်းဆီးတာခံထားရတဲ့ ရွေး​ကောက်ခံအရပ်သားအစိုးရအဖွဲ့ရဲ့ တိုင်းနဲ့ကြည်နယ်ဝန်ကြီးချူပ်​တွေထဲမှာ​ဒေါ်နန်းခင်​ထွေးမြင့်က တစ်ဦးတည်း​သောအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်ကို စစ်အုပ်စုက မတရားပုဒ်မတွေတပ်ပြီး ထောင်ဒဏ် ၇၅ နှစ်ချမှတ်ထားတာပါ။ စစ်အုပ်စု မတရားဖမ်းဆီးစဉ်က အသက် ၆၇နှစ်ရှိပြီဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့်ဟာ ​မေလ ၁၀ ရက်မှာ အသက် ၇၂နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ သူမ ဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲ ၊၂၀၁၅ ​ရွေး​ကောက်ပွဲ ၊၂၀၂၀ ​ရွေး​ကောက်ပွဲ​တွေမှာNLD ကိုယ်စားပြုယှဥ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ ​ရွေး​ကောက်ပွဲ သုံးကြိမ်အနိုင်ရ လွှတ်​တော်ကိုယ်စားလှယ်ဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ကလမ်းမတွေပေါ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့အဖွဲ့စုံစစ်ဆေးဖမ်းဆီးမှုတွေ ပြန်လည်အရှိန်မြှင့်လုပ်လာကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဥ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်မှာ ပြစ်ဒဏ်တွေ ဆက်လက်ကျခံစေဖို့ ပြောင်းလဲသတ်မှတ်တာဟာ နေအိမ်အကျယ်ချုပ်ထားရှိတယ်လို့ ပြောလို့မရဘဲ ဘယ်သူမှ မသိရှိတဲ့နေရာမှာ ဆက်လက်ချုပ်နှောင်ထားဆဲ ဖြစ်ကြောင်း NLD သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။