Connect with us

Hi, what are you looking for?

သတင်း

မဘိမ်းမြိုနယ်မှာ KIA နဲ့ စစ်တပ်ကြားလက်နက်ကြီး၊ ဒရုန်းတိုက်ပွဲ ပြင်းထန်နေ

မဘိမ်းမြို့နယ်ထဲမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ပွဲအပြန်အလှန်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

(KIAဦး​ဆောင်တဲ့ တော်လှန်​ရေးတပ်​တွေကမဘိမ်းမြို့ကို ၂၀၂၄ ဇန်နဝါရီလကသိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-CJ )

​မေ-၁၀၊၂၀၂၆။ဇော်ရမ်း/People’s Spring

မဘိမ်းမြို့နယ်ထဲမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ပွဲအပြန်အလှန်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းကမဘိမ်းမြို့နယ်အတွင်းလက်ရှိစစ်ရေးအခြေအနေကို​မေးမြန်းတဲ့အခါ ဗိုလ်မှူးကြီးနော်ဘူက မေလ‌၉ရက် ညနေပိုင်းမှာ အသိပေးတာဖြစ်ပါတယ်။

“ရွှေကူကိုကြတော့ စစ်ကြောင်းတွေဝင်လာတာရှိတယ်။ မဘိမ်းမြို့နယ်မှာကကြတော့ လက်နက်ကြီး‌‌ တွေပစ်ခတ်သလို ဒရုန်းတွေနဲ့လည်း အပြန်အလှန်တိုက်ပွဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

မဘိမ်းမှာ မြေပြင်တိုက်ပွဲတွေမဖြစ်ပွားသေးပေမယ့်လက်ရှိစစ်ရေးအခြေအနေအရ စိုးရိမ်စရာဖြစ်တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

“ကျွန်မတို့ကအဓိကစစ်တပ်စစ်ကြောင်းတွေကိုကြောက်တာ။သူတို့က မြင်သမျှ ရန်သူဆိုပြီးလုပ်တာ။ စစ်တပ် လမ်းကြောင်းသတင်းကိုပဲစောင့်ကြည့်နေရတယ်”လို့ ဒေသခံမျိုးသမီးတဦးကပြောပါတယ်။

မဘိမ်းမြို့ဟာရှမ်းပြည်နယ်ထဲက မိုးမိတ်၊ ကချင်ပြည်နယ်ထဲက ရွှေကူ၊ စစ်ကိုင်းတိုင်းထဲက ကသာမြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ ကသာနဲ့ မဘိမ်းမြို့ကြားမှာ ငါးအိုးရွာတည်ရှိပြီး စစ်တပ်ရဲ့ ခလရ(၁၂၁)တပ်ရင်းတပ်စွဲထားပါတယ်။မဘိမ်းမြို့ကို KIA ၊PDF နဲ့ ABSDF နဲ့ ပူးပေါင်းတပ်တွေက ၂၀ ၂၄ ဇန်နဝါရီလကအပြီးသတ်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

မဘိိမ်းမြို့နယ်အတွင်းမှာ တိုက်ပွဲတွေဖြစ်လာနိုင်တာကြောင့် ဒေသခံပြည်သူတွေရှောင်တိမ်းကြဖို့ KIA မေလဆန်းမှာ သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။