Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်က စာသင်ကျောင်းကို စစ်တပ်ဗုံးကြဲ

တနင်္သာရီမြို့နယ်၊ တကူကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က မေလ ၁၃ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ စာသင်ကျောင်းဆောင် ၂ဆောင် ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

(စစ်တပ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးသွားတဲ့ တကူကျေးရွာစာသင်ကျောင်း။ ဓာတ်ပုံ - KNU)

မေ-၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ်၊ တကူကျေးရွာစာသင်ကျောင်းကို အာဏာသိမ်းစစ်တပ်က မေလ ၁၃ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးကြဲခဲ့လို့ စာသင်ကျောင်းဆောင် ၂ဆောင် ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်ပါတယ်။

KNU အုပ်ချုပ်နယ်မြေ သတ်မှတ်ချက်အရ မြိတ်ထားဝယ်ခရိုင် လယ်မူးလားဒေသမှာ ပါဝင်တဲ့ တကူကျေးရွာကို စစ်တပ်က မေလ ၁၃ရက် မနက် ၁၀နာရီလောက်မှာ ဗုံးကြခဲ့တာပါ။

စစ်တပ်ဟာ ကလေးငယ်တွေ စာသင်ကြားရာနေရာတွေအပါအဝင် KNU နယ်မြေတွေက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း လက်နက်ကြီး တိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်လျက်ရှိပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ မတ်လ ၁၀ရက်မှာလည်း တနင်္သာရီမြို့နယ်က တကူကျေးရွာကို လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့လို့ ကလေးငယ် ၁ဦး အပါအဝင် ၄ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရခဲ့ပါတယ်။

မတ်လ ၉ရက်ကလည်း တနင်္သာရီမြို့နယ် တဖီလေးခိုရွာ ဘုရားကျောင်းမှာ ကလေးငယ် ကျောင်းသားကျောင်းသူတွေ ရက်တိုကျမ်းစာသင်တန်းနဲ့ ဂီတတူရိယာသင်တန်း တက်ရောက်သင်ကြားနေစဉ် စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး ၂လုံး ကြဲချတိုက်ခိုက်ခဲ့လို့ ကလေးငယ် ၇ဦး အပါအဝင် ၁၁ဦး သေဆုံးကာ ကလေးငယ်တွေအပါအဝင် ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။

စစ်တပ်ဟာ နိုင်ငံတကာမှာ တရားဝင်မှုရရှိစေဖို့ အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေးကြိုးပမ်းနေပေမယ့် ပကတိမြေပြင်မှာ အရပ်သားပြည်သူလူထုများ၊ ‌စာသင်‌ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ နဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်းချိုးဖောက်လျက်ရှိဟု KNUက ထုတ်ပြန်ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ အာဏာသိမ်းစစ်တပ်အပေါ် လက်တွေ့ကျတဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့လည်း KNUက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တိုက်နယ်ပကဖ တာဝန်ခံရဲ့ နာရေးကို စစ်တပ်က လေကြောင်းတိုက်ခိုက်ဖို့ကြိုးစားခဲ့ပြီး နေရာမှား ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။