Connect with us

Hi, what are you looking for?

သတင်း

ပုဏ္ဏားကျွန်းမြို့ကို စစ်တပ် ဗုံးကြဲ

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က ဒီကနေ့ မေလ ၁၅ရက်မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က ဒီကနေ့ မေလ ၁၅ရက်မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ-၁၅၊၂၀၂၆။ဇော်ရမ်း/People’s Spring

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က ဒီကနေ့ မေလ ၁၅ရက်မနက်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့ပေါ်နဲ့ပုဏ္ဏားကျွန်း-ရသေ့တောင် လမ်းဆုံကို မနက် ၉နာရီခန့်မှာ ဗုံးကြဲသွားတာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေရှိနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနက် ဈေးရောင်းစျေးဝယ်သွားလာနေတဲ့အချိန်မှာဗုံးကြဲသွားတာပါ။ Y12 ကမနက်ကတည်းကဝဲတာပါ။ ပြီးတော့ ဂျက်ဖိုက်တာလာကြဲတာ။ အထိအခိုက်သေချာပေါက်ရှိမှာပါ။ လူတွေ သွားလာနေတဲ့အချိန်ကြီးဗျ။ ရာသီဥတုအခြေအနေမကောင်းရတဲ့အထဲ ကြဲတာ”လို့ ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်ပြည်နယ်မှာ ယခုရက်ပိုင်းပုံမှန်ထက်မိုးကောင်းနေလို့ ဒေသခံတွေအနေနဲ့ ရေဘေးကိုသတိထားနေရတဲ့အချိန်မှာ စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတာဖြစ်ပါတယ်။

မေလ ၇ရက်ကလည်း မင်းပြားနဲ့ ကျောက်တော်မြို့ကို စစ်တပ်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်တွေနဲ့ ဗုံးအလုံးရေ ရာချီကြဲခဲ့လို့ ကလေးတစ်ဦးအပါအဝင် ၃ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အရပ်သားတွေအပေါ်ပစ်မှတ်ထားတိုက်ခိုက်တာဟာ အလွန်ပြင်းထန်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်စရာ ကိစ္စဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကမေလ၄ရက်က ထုတ်ပြန်လာတဲ့ The Diplomat သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အရပ်သားတွေ ဘေးကင်းရေးအတွက် ဖြစ်နိုင်သမျှနည်းလမ်းမျိုးစုံစဉ်းစားနေသလို ဒီလေကြောင်းဗုံးကြဲမှုတွေကို မှတ်တမ်းတင်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းနဲ့ ပူးပေါင်းလုပ်ဆောင်နေပေမဲ့ ထိရောက်မှုသိပ်မရှိသေးဘူးလို့လည်းအသိပေးထားပါတယ်။

စစ်တပ်က ယခုရက်ပိုင်း နေပြည်တော်နဲ့ ရန်ကုန်တိုင်းကလွဲလို့ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာ လေကြောင်းကနေ ဗုံးကြဲနေပါတယ်။ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားသတ်ဖြတ်နေတဲ့ စစ်တပ်ကို အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေက နိုင်ငံတကာကိုတောင်းဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook