Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီကို မီတာခမ​သွင်း​သော မီတာအလုံး​ရေ​လေးသိန်း​ကျော်ရှိ

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြချက်အရ ဓာတ်အားဖြတ်တောက်ခြင်းနှင့် ဖြုတ်ယူသိမ်းဆည်းခဲ့သည့် မီတာများသည် လေးလဆက် တိုက်ငွေမသွင်းခဲ့ခြင်းဟု ဆိုသည်။

(ပြင်ဦးလွင်မြို့တွင် စစ်​ကောင်စီ လျှပ်စစ်ဝန်ထမ်းများက မီတာလိုက်ဖတ်စဥ်။ဓါတ်ပုံ- MESC)
(ပြင်ဦးလွင်မြို့တွင် စစ်​ကောင်စီ လျှပ်စစ်ဝန်ထမ်းများက မီတာလိုက်ဖတ်စဥ်။ဓါတ်ပုံ- MESC)

▪︎စစ်​ကောင်စီက ထိုမီတာ ၄သိန်း​ကျော်ကိုဓါတ်အားဖြတ်​တောက်ပြီး ​ခြောက်​သောင်း​ကျော်ကိုဖြုတ်သိမ်း

-ရဲခေါင်/People’s Spring

စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ ​မေလလ ၄ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မီတာခမသွင်းသည့် မီတာ အလုံးရေ လေးသိန်း ကို ဓာတ်အားဖြတ်တောက်ထားပြီး ခြောက်သောင်းကျော်ကို စစ်ကောင်စီက ဖြုတ်ယူသိမ်းဆည်းခဲ့​ကြောင်းသိရသည်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဖော်ပြချက်အရ ဓာတ်အားဖြတ်တောက်ခြင်းနှင့် ဖြုတ်ယူသိမ်းဆည်းခဲ့သည့် မီတာများသည် လေးလဆက် တိုက်ငွေမသွင်းခဲ့ခြင်းဟု ဆိုသည်။

စစ်ကောင်စီကို ပြည်သူများက ဓာတ်အားခငွေ ပေးဆောင်ခြင်းမပြုဘဲ အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အကြမ်းမဖက်လူထုလှုပ်ရှားမှုမှာ စစ်တပ်က လက်နက်ကိုင်၍ မီတာခ ကို မြေပြင်ဆင်းကောက်ခဲ့ရသည်အထိ ဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“တစ်အိမ်တက်တစ်အိမ်ဆင်းလက်နက်ကိုင်ခြိမ်း ခြောက် အရေးယူမယ်ဆိုတော့ပကတိအနေအထားအရ ရှောင်လွှဲလို့မရတာတွေရှိခဲ့ကြတယ်။ဒါပေမယ့် တချို့ပိုက်ဆံရှိတဲ့သူတွေက ဆိုလာတပ်ပြီး မီတာ မဆောင်တော့တာမျိုးလည်း တွေ့ရသလို ဘက်ထရီခြောက်သုံးပြီး စစ်တပ်ကိုပေးရမယ့်မီတာခကို မသုံးတော့တဲ့ အခြေခံရပ်ကွက်က အိမ်တချို့ရှိနေဆဲပါ”ဟု မီတာခ မဆောင်ဘူး လူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တစ်ဦးက လူထုနွေဦးသို့ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းအတာအရ ဓါတ်အားခ ပေးဆောင်ခြင်းမပြုပါက စစ်ကောင်စီအနေဖြင့် တစ်နှစ်လျှင် ပျှမ်းမျှ ကျပ်ဘီလီယံ ၂,၀၀၀ ထက်မနည်း နစ်နာဆုံးရှုံးရလိမ့်မည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ CDM အရာရှိအချို့က အသိပေးခဲ့သည်။

လက်ရှိတွင်လည်း ရန်ကုန်၊မန္တလေးကဲ့သို့ မြို့ကြီးများ၌ ပင် လျှပ်စစ်မီးပြတ်တောက်မှုဒဏ်ကို များစွာခံစားနေရပြီး နာရီပိုင်းသာ လျှပ်စစ်ဓာတ်အား ရရှိသည်ဟု ဒေသခံများက ဆိုသည်။

“ငါးမိနစ်လောက် မီးပေးပြီး လေးနာရီလောက် မီးကမလာ။နောက် နာရီဝက်လောက်မီးလာပြီ ငါးနာရီလောက်မီးပျက်နေတဲ့ အခြေအနေမျိုးဖြစ်နေတာ။လူအိပ်ချိန် ညဥ့်နက်မှ အများဆုံး တစ်နာရီလောက်မီးထပေးတာ”ဟု ရန်ကုန်မြို့နေသူတစ်ဦက လူထုနွေဦးသို့ ပြောသည်။

လျှပ်စစ်မီးဆိုးဝါးစွာ ပြတ်တောက်မှုမှာ ဓာတ်အားလိုင်းများ ဖျက်ဆီးခံထားရခြင်းနှင့်သဘာဝ ဓာတ်ငွေ့ ရရှိမှုလျော့နည်းနေခြင်းကြောင့် လျှပ် စစ်ဓာတ်အားလျှော့ချနေရကြောင်း စစ်ကောင်စီက ဖြေရှင်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ရန်ကုန်မှာ ဧပြီလအတွင်း မီးပျက်ချိန်များခဲ့ပေမယ့် မီတာခတွေ တော့ အရင်လတွေထက် သိသိသာသာတိုးသွားတာကြောင့် စစ်တပ်လက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကို ပြည်သူတွေက ဝေဖန်နေကြပါတယ်။