Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာKIA၊KPDFရဲ့ဒရုန်းဗုံးကြောင့် စစ်သား ၄ဦး သေဆုံး၊ စစ်ရှောင်ရွာကို စစ်တပ်မီးရှို့

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ် မီးရှို့နေတဲ့ မှော်ဝမ်းလေးရွာ။ ဓာတ်ပုံ - CJ)

မေ-၂၀,၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‌ဖားကန့်မြို့နယ်၊ ယူမာကျေးရွာအနီးက စစ်တပ် တပ်စွဲထားတဲ့မျောခြံကိုမေလ၁၉ရက်ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်သား ၄ဦးသေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ညပိုင်းမှာတော့ မှော်ဝမ်းလေးရွာကို စစ်တပ်နဲ့ ရှမ်းနီ(SNA) ပူး‌ပေါင်းတပ်တွေက မီးရှို့ဖျက်ဆီးလို့ နေအိမ်တွေပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မှော်ဝမ်းလေးကစစ်တပ်တပ်စွဲထားတဲ့နေရာပါ။ ဒေသခံတွေ စစ်ရှောင်နေရတာလပေါင်းများစွာကြာနေပြီ။အိမ်တွေကိုလည်းဖောက်ထွင်းခိုးယူ

ထားတာရစရာမရှိဘူး။ အခုက မီးပါရှို့ပစ်တော့ အိမ်ပြန်ရင်တောင်နေစရာမရှိတော့ဘူး”လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

မှော်ဝမ်းလေးကျေးရွာကို KIA၊KPDF ပူးပေါင်းတပ်က မီးရှို့ဖျက်စီးတာလို့ စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်အ​ကောင့်​တွေက ရေးသားနေကြပါတယ်။

ဒေသခံတစ်ဦးက “ရွာတော်တော်များများမှာ စစ်

တပ်ကတပ်စွဲထားပြီးသားဖြစ်နေပြီ။ ရှမ်းနီတပ်တွေလည်း ထပ်ဝင်လာလို့ တိုက်ပွဲတွေဆက်ဖြစ်မယ့်အခြေအနေမှာရှိတယ်”လို့ ပြောပါတယ်။

ကာမိုင်း -ဖားကန့်လမ်းကနေလည်း စစ်တပ်စစ်

ကြောင်းတွေ ထပ်မံဝင်ရောက်လာတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုသတိပြုကြဖို့ KIA၊KPDF က သတိပေးထားပါတယ်။

ဒါ့အပြင် ဖားကန့်မြို့နယ်က စစ်ရေးတင်းမာနေတဲ့ ကျေးရွာအချို့မှာလည်း ည ၇နာရီကနေ မနက် ၆နာရီအထိ ညမထွက်ရအမိန့်ကို KIA၊KPDF က ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်တို့တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က ခလရ(၄၇)တပ်ရင်းဘက်ကို အလုံးအရင်းနဲ့ ထိုးစစ်ဆင်နေသလို KIA ပူးပေါင်းတပ်ကလည်း အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁) ကို တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် တောင်ဦးကျေးရွာရှိ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်တံတားကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ အောက်တိုဘာ ၂၃ရက်မနက်ပိုင်းမှာ လေယာဉ်နဲ့ဗုံးကြဲဖျက်ဆီးခဲ့တာလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။