Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်မှာKIA၊KPDFရဲ့ဒရုန်းဗုံးကြောင့် စစ်သား ၄ဦး သေဆုံး၊ စစ်ရှောင်ရွာကို စစ်တပ်မီးရှို့

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ် မီးရှို့နေတဲ့ မှော်ဝမ်းလေးရွာ။ ဓာတ်ပုံ - CJ)

မေ-၂၀,၂၀၂၆။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ မေလ ၁၉ရက် ညနေက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF က ဒရုန်းနဲ့ဗုံးကြဲလို့ အာဏာသိမ်းစစ်တပ်ကစစ်သား ၄ဦး သေဆုံးခဲ့ပြီး စစ်ဘေးရှောင်တွေရဲ့ နေအိမ်တွေကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

‌ဖားကန့်မြို့နယ်၊ ယူမာကျေးရွာအနီးက စစ်တပ် တပ်စွဲထားတဲ့မျောခြံကိုမေလ၁၉ရက်ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ စစ်ကောင်စီတပ်သား ၄ဦးသေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ညပိုင်းမှာတော့ မှော်ဝမ်းလေးရွာကို စစ်တပ်နဲ့ ရှမ်းနီ(SNA) ပူး‌ပေါင်းတပ်တွေက မီးရှို့ဖျက်ဆီးလို့ နေအိမ်တွေပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“မှော်ဝမ်းလေးကစစ်တပ်တပ်စွဲထားတဲ့နေရာပါ။ ဒေသခံတွေ စစ်ရှောင်နေရတာလပေါင်းများစွာကြာနေပြီ။အိမ်တွေကိုလည်းဖောက်ထွင်းခိုးယူ

ထားတာရစရာမရှိဘူး။ အခုက မီးပါရှို့ပစ်တော့ အိမ်ပြန်ရင်တောင်နေစရာမရှိတော့ဘူး”လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

မှော်ဝမ်းလေးကျေးရွာကို KIA၊KPDF ပူးပေါင်းတပ်က မီးရှို့ဖျက်စီးတာလို့ စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်အ​ကောင့်​တွေက ရေးသားနေကြပါတယ်။

ဒေသခံတစ်ဦးက “ရွာတော်တော်များများမှာ စစ်

တပ်ကတပ်စွဲထားပြီးသားဖြစ်နေပြီ။ ရှမ်းနီတပ်တွေလည်း ထပ်ဝင်လာလို့ တိုက်ပွဲတွေဆက်ဖြစ်မယ့်အခြေအနေမှာရှိတယ်”လို့ ပြောပါတယ်။

ကာမိုင်း -ဖားကန့်လမ်းကနေလည်း စစ်တပ်စစ်

ကြောင်းတွေ ထပ်မံဝင်ရောက်လာတဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေး ပိုမိုသတိပြုကြဖို့ KIA၊KPDF က သတိပေးထားပါတယ်။

ဒါ့အပြင် ဖားကန့်မြို့နယ်က စစ်ရေးတင်းမာနေတဲ့ ကျေးရွာအချို့မှာလည်း ည ၇နာရီကနေ မနက် ၆နာရီအထိ ညမထွက်ရအမိန့်ကို KIA၊KPDF က ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။

Facebook