Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြသဖို့ မြိုင်မြို့နယ်က ပြည်သူတွေ တောင်းဆိုဆန္ဒပြ

မကွေးတိုင်း မြိုင်မြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်း လူထုလှုပ်ရှားမှုကို ဒီကနေ့ (မေလ ၂၀ ရက်) ပြုလုပ်ခဲ့ပါတယ်။

မေ-၂၀၊၂၀၂၆။ သုည/People’s Spring

မကွေးတိုင်း မြိုင်မြို့နယ်မှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာရှိနေကြောင်း သက်သေပြပေးဖို့ Proof of Life ကမ်ပိန်း လူထုလှုပ်ရှားမှုကို ဒီကနေ့ (မေလ ၂၀ ရက်) ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ လှုပ်ရှားမှုကို မြိုင်မြို့နယ်က တော်လှန်ပြည်သူတွေနဲ့ ဆားလင်းကြီးမြို့နယ် – လက်ပံတောင်းတောင်ပင်မသပိတ်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဆန္ဒပြပြည်သူတွေက “Proof of Life”၊ “ကျွန်ုပ်တို့အားလုံး တောင်းဆိုနေသည်မှာ သက်ရှိထင်ရှားရှိနေသေးကြောင်း သက်သေပြရန် ဖြစ်သည်။ ဓာတ်ပုံပြရန် မဟုတ်ပါ” စတဲ့ စာသားတွေကိုင်ဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာနဲ့ အသက်ရှင်နေကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ တောင်းဆိုတဲ့ Proof of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်က စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးခဲ့တဲ့ အချိန်ကတည်းက ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တောက်ခဲ့ပြီး သတင်းဖုံးထားတာကြောင့် သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်အပါအဝင် ပြည်သူတွေက စိုးရိမ်နေကြတာပါ။

Proof Of Life ကမ်ပိန်းမှာ ပါဝင်လိုသူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြပေးဖို့ ဆိုရှယ်မီဒီယာကနေ ကိုယ့်ရဲ့ခံစားချက်တွေအတိုင်း တောင်းဆိုဖို့နဲ့ ကိုယ်နေထိုင်တဲ့ နိုင်ငံတွေက သက်ဆိုင်ရာအစိုးရဌာနတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အထောက်အထားတစ််ခုခု စစ်တပ်ကထုတ်ပြန်ပေးဖို့ အကူအညီတောင်းဆိုမှု လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – လက်ပံတောင်းတောင်ပင်မသပိတ်

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

(ထူထဲလှတဲ့ထောင်နံရံနောက်က နိုဘယ်ဆုရှင်၏ အသက်အန္တရာယ်အပေါ် ကမ္ဘာ့စိုးရိမ်ပူပန်မှုများ)