Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့ကို စစ်တပ် လေကြောင်းက ၄ကြိမ်ဗုံးထပ်ကြဲ

ယောဒေသမှာ နေ့စဉ်တိုက်ပွဲပြင်းထန်နေဟု ယောတပ်တော် ထုတ်ပြန်

( ၂၀၂၆ မေလ ၂၂ရက် နေ့လယ် ၂နာရီမှာ စစ်တပ် မင်းတပ်မြို့တနေရာကို ဗုံးကြဲချနေစဉ်။ ဓာတ်ပုံ - Ĥkl Mindat)

မေ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အားဏာသိမ်းစစ်တပ်က ဒီကနေ့ မေလ ၂၂ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ ဒေသခံက အသိပေးပါတယ်။

စစ်တပ်ဟာ မင်းတပ်မြို့ အပါအဝင် ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ထိန်းချုပ်ထားတဲ့ဒေသတွေကို လေကြောင်း စစ်ဆင်ရေးအပြင် ကန်ပက်လက်ဒေသကို မြေပြင်ထိုးစစ်ပါ ပြုလုပ်နေတာပါ။

စစ်တပ်ဟာ မင်းတပ်မြို့ကို မေလ ၂၀ရက်၊ ၁၈၊ ၁၄ရက်၊ ၁၃ရက်၊ ၁၂ရက်နဲ့ ၁၁ရက်တွေမှာ လေကြောင်းကနေ ဗုံးသီးအများအပြားနဲ့ အကြိမ်ပေါင်းများစွာ ကြဲချတိုက်ခိုက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

တပြိုင်တည်းမှာ စစ်တပ်ဟာ မကွေးတိုင်း ဆောမြို့နယ် အပါအဝင် ယောဒေသကို စစ်အင်အားဖြည့်တင်းပြီး အင်အားအချို့ဟာ ချင်းတောင်ပိုင်း ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးတပ်တွေနဲ့ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာပါ။ စစ်တပ်ဟာ မင်းတပ်ကဲ့သို့ပင် ကန်ပက်လက်ကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဒီနေ့ မေလ ၂၂ရက် မနက်ပိုင်းမှာပင် လေကြောင်းကနေ ၈ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဆောအပါအဝင် ယောဒေသကို စစ်တပ်က အင်အားဖြည့်တင်း စစ်ရေးလှုပ်ရှားနေလို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ယောတပ်တော်ရဲ့ ဒီကနေ့ မေလ ၂၂ရက် ထုတ်ပြန်ချက်မှာ လက်ရှိအချိန်မှာ ယောဒေသကို ပေါက် – တပြင်း – ကျောက်ထု လမ်းမကြီးမှ ကျူးကျော်ဝင်ရောက်လာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းတွေကို ယောတပ်တော် (YA) နဲ့ ပူးပေါင်း မဟာမိတ်တပ်တွေက ခုခံလျှက်ရှိပြီး နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိတယ်လို့ အသိပေးထားပါတယ်။

စစ်ရေးကာလဖြစ်လို့ တပြင်း- ကျောက်ထုလမ်းပိုင်းရှိ တိုက်ပွဲသတင်းများ၊ စစ်ရေးအခြေအနေများကို မည်သူတစ်ဦးတစ်ယောက်မှ မီဒီယာများသို့ ဖြေ‌ကြားခြင်း၊ လှုပ်ရှားမှု ပုံရိပ်များကို ဆိုရှယ်မီဒီယာများတွင်ဖော်ပြခြင်း မပြုလုပ်ဖို့ သတိပေးထားပြီး သတင်းထုတ်ပြန်ရန်လိုအပ်ပါက တပ်‌ပေါင်းစုမှ သတင်းလုံခြုံမှုကို အဓိကထား ထုတ်ပြန်မယ်လို့ အသိပေးပါတယ်။

မီဒီယာတွေအနေနဲ့ လည်း စစ်ရေးပြင်းထန်ဆဲကာလဝယ် စစ်ရေးသတင်းလုံခြုံမှုကိုသာအဓိကထားပြီး ပူးပေါင်းဆောင်ရွက်ပေးဖို့လည်း ယောတပ်တော်က မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook