Connect with us

Hi, what are you looking for?

သတင်း

မြိုင်မှာစစ်တပ်ကအင်အားဖြည့်ပြီးစစ်ကြောင်းထိုးနေ

မ‌‌ကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ အင်အားဖြည့် စစ်ကြောင်းထိုးလာတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ‌ပြောပါတယ်။

(စစ်တပ် အဓမ္မခေါ်ဆောင်ထားတဲ့ စစ်မှုထမ်းသင်တန်း တပ်သားသစ်များကိုတွေ့ရစဉ်။ ဓာတ်ပုံ- စစ်ကောင်စီ)

မေ -၂၄၊၂၀၂၆။ဖိုးသား/People’s Spring

မ‌‌ကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်က လေကြောင်းကနေ အင်အားဖြည့် စစ်ကြောင်းထိုးလာတယ်လို့ မြေပြင်သတင်းရင်းမြစ်အချို့က ‌ပြောပါတယ်။

မေလ ၂၃ရက်က မြိုင်မြို့နယ် အမှတ်(၃)တပ်မတော်အကြီးစားစက်ရုံ(တစခ -၃)ကို စစ်တပ်က လေယာဉ် ၄စီးသုံးနဲ့ အင်အား ၁၀၀ ခန့်နဲ့ စစ်လက်နက်တွေ ပို့ခဲ့တာလို့ အညာ‌မြေတပ်ပေါင်းစုက အသိပေးပါတယ်။

“ဒီမနက် တစခ(၃)က စစ်ကြောင်းစထွက်တယ်။ကုန်းရွာ (မြိုင်မြို့အနောက်တောင်ဘက်ခြမ်း)ကို ရောက်နေပြီ။မနေ့က လေယာဉ်နဲ့ပို့တာ နမခ(အနောက်မြောက်တိုင်းစစ်ဌာနချုပ်)နဲ့ ပခုက္ကူတပ်မ ၁၀၁ က “လို့ ‌မြိုင်မြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြိုင်မြို့ရဲ့ တောင်ဘက် (၄)မိုင်အကွာ တစခ(၃)မှာ စစ်တပ်က အခိုင်အမာ တပ်စွဲထားတဲ့နေရာတစ်ခုဖြစ်ပြီး စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကွန်ရက်အတွက် တစိတ်တပိုင်းသက်ဆိုင်ပြီး အင်အား ၁၈၀ ၀န်းကျင်ရှိတယ်လို့ သိရပါတယ်။

တစခ(၃)အနီးက ဝက်ပုတ်ပျူစောထီးရွာနဲ့ သရက်ကွ ပျူစောထီးကျေးရွာအပါအဝင် ကိုင်းတောမ နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် မေလ ၂၃ရက်မှာ မြိုင်မြိုအနောက်တောင်ဘက်ခြမ်းက သရက်ကန်ပျူစောထီးရွာကိုလည်း တေယ်လှန်ရေးတပ်တွေက သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်တပ်က တစခ(၃)အနီး ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင်ဒရုန်းနဲ့ကင်းထောက်တာတွေ ရှိနေတာကြောင့် ဒေသတွင်းပြည်သူတွေဂရုစိုက်နေထိုင်ဖို့ အညာမြေတပ်ပေါင်းစုက တိုက်တွန်းထားပါတယ်။

လက်ရှိ မကွေးတိုင်းအထက်ပိုင်းက စစ်ရေးအခြေအနေတွေအရ ပေါက်၊ဆောနဲ့မြစ်ခြေ ဒေသတွေမှာ စစ်တပ် ဝင်ရောက်စီးနင်းနေတာနဲ့ လေကြောင်းဗုံးကြဲမှုတွေ ရှိနေပါတယ်။

အာဏာသိမ်းစစ်တပ်က နိုင်ငံတဝန်း စစ်အုပ်ချုပ်ရေး အရေးပေါ်ကြေညာထားတဲ့ မြို့နယ် ၆၀ မှာ မကွေးတိုင်းထဲက ပေါက်၊မြိုင်၊ဆော၊ထီးလင်းနဲ့ ရေစကြိုမြို့နယ် ပါဝင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။