Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က အင်အား ၁၀၀၀ကျော်နဲ့ စစ်ဆိုင်ထားပြီး ထိတွေ့တိုက်ပွဲ ၁၀ရက်ခန့်ရှိဟု ချင်းတပ် CPU/CPA ခေါင်းဆောင်ပြော

တိုက်ပွဲကာလ ကြာရှည်ပြင်းထန်မယ့်သဘောရှိဟု အသိပေး

(ဖလမ်းမြို့သိမ်းတိုက်ပွဲအောင်ပွဲရ ချင်းညီနောင်(CB)အဖွဲ့၀င် CDF-Mindat နှင့် CDF Kanpetlet ရဲဘော်များ။ဓာတ်ပုံ - Chin Defence Force - Mindat)

မေ ၂၅။၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ် အင်အား ၁၀၀၀ ကျော်နဲ့ စစ်ဆိုင်ထားရသလို အင်အားတွေ ထပ်ဖြည့်တင်းဖို့ ပြင်ဆင်နေလို့ တိုက်ပွဲကာလ ကြာရှည်ပြင်းထန်မယ့် အခြေအနေရှိကြောင်း ချင်းပြည်တောင်ပိုင်း တပ်ဖွဲ့ဖြစ်တဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။

စစ်တပ်က မေလအတွင်းမှာ ချင်း-မကွေးအစပ်ဒေသတွေကို အင်အားအလုံးအရင်းဖြည့်တင်း ထိုးစစ်ဆင်လာလို့ ဒေသတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး CPU/CPAက စစ်ရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် အသိပေးခြင်းဖြစ်သကဲ့သို့ စစ်ဆင်ရေးလိုအပ်ချက်တွေ အတွက် ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ခြင်းလည်းဖြစ်ပါတယ်။

“လက်ရှိအချိန်မှာ ချင်းပြည်တောင်ပိုင်း၊ ယောဒေသနှင့် ပုံတောင်ပုံညာမှာ စကမ အင်အား ၁၀၀၀ ကျော်နဲ့ ကျနော်တို့ စစ်ဆိုင်ထားပါတယ်။ စကမတပ်တွေနဲ့ ကျနော်တို့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတာ (၁၀) ရက်ဝန်းကျင် ရှိနေပါပြီ။CPU ထိန်းချုပ်နယ်မြေတွေဖြစ်တဲ့ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် မြို့တွေက အရပ်ဘက်၊ စစ်ဘက် ပစ်မှတ်တွေကို စကမ အနေနဲ့ မနားတမ်း လေကြောင်းတိုက်ခိုက်မှုလုပ်နေတာတွေကို ကြည့်ရင်လည်း မြေပြင်တိုက်ပွဲတွေ ဘယ်လောက် ပြင်းထန်နေတယ်ဆိုတာ သိနိုင်ပါတယ်။လက်ရှိမှာ အကြမ်းဖက် စကမတွေ ရှေ့ဆက်မတိုးနိုင်အောင် တားထားနိုင်ပေမဲ့လည်း စခတွေ နောက်ထပ် စစ်ကူအင်အား (၁၀၀၀) ကျော် ထပ်မံဖြည့်တင်းဖို့ ပြင်ဆင်နေတာကြောင့် တိုက်ပွဲကာလ ကြာရှည်မဲ့၊ ပြင်းထန်မဲ့သဘော ရှိပါတယ်” လို့ ဆလိုင်းယောမာန်က လူမှုကွန်ရက်မှာ ရေးသားဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဆင်ရေးအတွက် အလှူခံလိုတဲ့ အချက် ၂ချက်ရှိပြီး ဒါတွေကတော့ ရှေ့တန်းစစ်မြေပြင်မှာ အလိုအပ်ဆုံးအရာတွေ ကူညီဖြည့်တင်းဖို့နဲ့ ရဲဘော်တွေကို ဆေးကုသတဲ့အခါ လိုအပ်တဲ့အရာတွေ ဝယ်ယူဖြည့်တင်းဖို့ ဖြစ်ကြောင်း အသိပေးပါတယ်။

လက်ရှိ ရှေ့တန်းစစ်မျက်နှာမှာ အလိုအပ်ဆုံးအရာတွေဘာလဲဆိုတာ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူကို မေးမြန်းစုံစမ်းထားကြောင်းလည်း ပြောပါတယ်။

“အလှူငွေလက်ခံတာတော့ NUG Pay, SDB တို့နဲ့ အဓိက လက်ခံပါမယ်။ လုံခြုံအောင်လို့ပါ။ CB ကနေတဆင့် ဆက်သွယ်ပေးပါ။လက်ရှိစစ်ဆင်ရေးကုန်ကျစရိတ် ပဏာမလျာထားချက်က သိန်းသောင်းနဲ့ချီ ရှိပါတယ်။ကိုယ်အလှူခံတာကနေ သိန်းဆယ်ချီ၊ ရာချီလောက်ရတယ်ဆိုရင်ပဲ လိုအပ်တဲ့နေရာတွေ တတ်နိုင်သလောက် ဖြည့်စွက်သွားချင်လို့ အလှူခံရခြင်း ဖြစ်ပါတယ်။အလှူလက်ခံရရှိမှုနဲ့ ရှေ့တန်းကို ပံ့ပိုးတဲ့ပစ္စည်းတွေကို ပြန်လည်တင်ပြသွားပါမယ်။” လို့ ဆလိုင်းယောမာန်က ရေးသားထားပါတယ်။

ပံ့ပိုးမဲ့ပစ္စည်းတွေက စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေက လက်ရှိ အလိုအပ်ဆုံးလို့ ပြောတဲ့အရာတွေ ဖြစ်ပြီး ကျည်ကာတို့၊ Equipment တို့ ဖြစ်ချင်မှ ဖြစ်မယ်လို့လည်း အသိပေးထားပါတယ်။

ဂုဏ်ပြုမှတ်တမ်းနဲ့ လက်ခံရရှိတဲ့ အလှူငွေတွေကိုတော့ အဖွဲ့အစည်းကိုပဲ အပ်မှာဖြစ်ပြီး အဖွဲ့အစည်းကပဲ ငွေကြေးကို စီမံခန့်ခွဲမယ်လို့ ဆိုပါတယ်။

“ကျနော်တို့အားလုံး ဝိုင်းဝန်းပူးပေါင်းရုန်းကန်ကြရင် ဒီ စကမ စစ်ကြောင်းကို အကောင်းဆုံး တုံ့ပြန်ရင်ဆိုင်နိုင်မယ်လို့ သေချာယုံကြည်ပါတယ်” လို့ ရေးသားကာ ပူးပေါင်းပါဝင်ပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။

စစ်တပ်ဟာ လက်ရှိမှာ ချင်းတပ် CPU/CPAထိန်းချုပ်ထားတဲ့ ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေသလို မင်းတပ်၊ ကန်ပက်လက် ၊ မတူပီ စတဲ့ ချင်းတောင်ပိုင်းမြို့တွေကို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ မေလ ဒုတိယပတ်မှ အခုအချိန်ထိ ချင်းတောင်ပိုင်း မြို့ ၃ခုကို စစ်တပ်က လေကြောင်းဗုံးကြဲမှု အကြိမ် ၄၀ကျော်ရှိပြီး ကလေးငယ် အပါအဝင် ပြည်သူသေဆုံးထိခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့