Connect with us

Hi, what are you looking for?

သတင်း

အချင်းချင်းပြဿနာ လက်နက်သုံးလူသတ်မှုကျူးလွန်တဲ့ အထွေထွေအတွင်းရေးမှူးကို ဖမ်းဆီးထားဟု CDF ဟားခါး ထုတ်ပြန်

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့ အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမျူး ဆလိုင်းဇာကျုံးလျန်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း CDF ဟားခါးက ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူကို တရားစွဲဖို့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောပါတယ်။

(ကွယ်လွန်သူ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်း။ ဓာတ်ပုံ - VOC)

မေ ၂၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်လိန်းနဲ့ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်တို့ အချင်းများမှုကို လက်နက်သုံး လူသတ်မှု ကျူးလွန်ခဲ့တဲ့ အထွေထွေအတွင်းရေးမျူး ဆလိုင်းဇာကျုံးလျန်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ရှုတ်ချကြောင်း CDF ဟားခါးက ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူကို တရားစွဲဖို့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောပါတယ်။

မေလ ၁၅ရက်က CDF- ဟားခါး ရုံးချုပ်ခန်းမဆောင်ကို တာဝန်ရှိသူတို့၏ ခွင့်ပြုချက်မရှိဘဲ CDF-Hakha လက်ရှိတပ်သား ဆလိုင်းဆန် လိန်းနဲ့ ထမင်းချက်စားဖိုမှူး (ထောင်သား)၊ စက်ကြီးမောင်းသူ (၁)ဦးတို့မှ အကြောင်းမဲ့ လာရောက်ဖြိုချတာနဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူး ဆလိုင်း ဇာကျုံးလျန်က တားဆီးရာမှ စကားများစဉ် အခုလို ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အချင်းများရာမှာ ဒုဥက္ကဋ္ဌဟောင်းလည်းဖြစ်သူ ဆလိုင်းဆန်လိန်းက အထွေထွေအတွင်း ရေးမှူး ဆလိုင်း ဇာကျုံးလျန်ကို မှောက်လှဲအောင်အထိ ပါးရိုက်ခဲ့ရာ ဖြစ်စဉ်ကို တရားရေးရုံးရဲ့ ဖမ်း၀ရမ်းနဲ့ ဖမ်းဆီးနေစဉ် ဆလိုင်းဇာကျုံးလျန်က ဆလိုင်းဆန်လိန်းကို သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အခင်းဖြစ်ပွားရာမှာ သေဆုံးခဲ့ရတာလို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို ဖြစ်ပွားခဲ့မှုအပေါ် စိတ်မကောင်း ဖြစ်ရပြီး လှန်ရေးရဲဘော်အချင်းချင်းအကြား ပြဿနာ ကို လက်နက်အသုံးပြုပြီး လူသတ်မှုကျူးလွန်ခြင်းဟာ လုံးဝ (လုံးဝ) မဖြစ်သင့် မရှိအပ် သော အပြုအမူ ဖြစ်ကာ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချတယ်လို့ CDF ဟားခါးက ထုတ်ပြန်ပါတယ်။

ကျူးလွန်သူကို တရားစွဲဆိုဖို့ ထောင်မှာ ဖမ်းဆီးထိန်း သိမ်းထားရှိပြီး အထွေထွေ အတွင်းရေးမှူး ရာထူးမှ ရပ်ဆိုင်းလိုက်ကြောင်းလည်း အသိပေးပါတယ်။

” ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမျှတမှုနှင့် အမှန်တရားကို အမြန်ဆုံးဖော်ထုတ် ဆောင် ရွက်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးကော်မတီတစ်ရပ်ကို CDF-Hakha Central Council ကာကွယ်ရေးကော်မတီ၊ Legal Affairs Department၊ ချင်းလန်းကောင်စီ (Chinland Council) ၏ ကာကွယ်ရေးဝန်ကြီးဌာန (Ministry of Defense—MoD) မှ ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက် နေသည်။ CDF-Hakha Central Council ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းဉပဒေ၊ စစ်ဥပဒေနဲ့အညီ ပွင့်လင်းစွာ နှင့် တရားမျှတစွာ တရားစီရင်မှုကို ပြည်သူ့ရှေ့မှောက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်”လို့ CDF ဟားခါးက ထုတ်ပြန်ပါတယ်။

ကွယ်လွန်သူ ဆလိုင်းဆန်လိန်းဟာ CDF ဟားခါးဖွဲ့စည်းတည်ထောင်သူအဖွဲ့ဝင် တစ်ဉီးဖြစ်သည် သာမက အားကိုး အားထားရသော ဗျူဟာမှူးဟောင်း၊ တပ်မဟာမှူးဟောင်း (ပူးတွဲ) အထွေထွေအတွင်းရေးမှူးဟောင်းနဲ့ ဒုတိယဥက္ကဌဟောင်းဖြစ်ပြီး လက်ရှိ တပ်သားဘဝနဲ့ အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေထိုင်သူ ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်တော်လှန် ရေးတွင် အရေးပါသော မျိုးဆက်သစ် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်သူ ဆလိုင်းဆန်လိန်းအား ဆုံးရှုံးမှုအတွက် ကျန်ရစ်သူမိသားစုများ၊ ဆွေမျိုးမိတ်သင်္ဂဟများနှင့် အတူ ဝမ်းနည်းကြေကွဲကြောင်းလည်း ဖော်ပြထားပါတယ်။

ကနဦး ဖြစ်စဉ်များစုံစမ်းစစ်ဆေးခြင်း၊ ကျန်ရစ်သူမိသားစုများ နှစ်သိမ့်ခြင်းအစီအစဉ် ဆောင်ရွက်ခြင်းနဲ့ ဟားခါးမြို့နယ်အတွင်း အရေးပေါ်စစ်ရေးအခြေအနေများကြောင့် သတင်းထုတ်ပြန်ချက်များ၊ ဖြစ်စဉ်ရှင်း လင်းချက်များ စောလျင်စွာ မချပြနိုင်ခဲ့တဲ့အပေါ် ပြည်သူတွေကို တောင်းပန်ကြောင်းလည်း CDF ဟားခါးက ထုတ်ပြန်ပါတယ်။

ဆိုရှယ်မီဒီယာ ပေါ်တွင် CDF-Hakha Central Council အပေါ် လုပ်ကြံသတင်းများ၊ သတင်းမှားများ ပြန့်နှံ့နေတာ စိတ်မကောင်းစွာ တွေ့ရှိရပြီး လိုအပ်ရင် ပြန်လည်ရှင်းလင်းချက်များကို ထုတ်ပြန်သွားမယ်လို့လည်း အသိပေးထားပါတယ်။

CDF ဟားခါးဟာ ချင်းပြည်ကောင်စီ အဖွဲ့ဝင် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး စစ်အုပ်စုကို အထိနာအောင်တိုက်ခိုက်နေတဲ့ ချင်း တော်လှန်ရေးတပ်ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်ရဲ့ တနေရာက ဆေးရုံအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တဲ့ The Revolution ဖျော်ဖြေပွဲကို လာရောက်ကြည့်ရှုကြဖို့ တော်လှန်အနုပညာရှင် လင်းလင်းက ဖိတ်ခေါ်လိုက်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။