Connect with us

Hi, what are you looking for?

သတင်း

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံး နိုင်ငံစာရင်း မြန်မာ ဆက်လက်ပါ၀င်

စက်ရုံအချို့အထည်ချုပ်လုပ်ငန်းကိုအကာအကွယ်ယူ၍ ကျားဖြန့်လုပ်​နေသလားဟုသံသယရှိလာ​ကြောင်းအလုပ်သမားသမဂ္ဂအဖွဲ့၀င်တဦး​ပြော

(လုပ်ခလစာတိုးပေးဖို့ ရွှေပြည်သာရှိ အထည်ချုပ်လုပ်ငန်းက အလုပ်သမား​တွေက ၂၀၂၆ ဖေဖော်ဝါရီလ ၂၄ ရက်မှာ ဆန္ဒပြနေကြစဥ်။ ဓါတ်ပုံ- SPT TGU)

ဇွန် -၁၊၂၀၂၆။မိုမို/People’s Spring

မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုအများဆုံးနိုင်ငံတွေစာရင်းမှာ ဆက်လက် ပါ၀င်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) က ထုတ်ပြန်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ကစပြီး မြန်မာနိုင်ငံဟာ အလုပ်သမားအခွင့်အရေးအချိုးဖောက်ခံရမှုအများဆုံး ၁၀ နိုင်ငံစာရင်းမှာ နှစ်စဉ်ပါဝင်နေခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ITUC က ဆိုပါတယ်။

၂၀၂၆ အတွင်း အလုပ်သမားတွေအတွက် အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံစာရင်းမှာ အာဂျင်တီးနား၊ ဘီလာရုစ်၊ အီကွေဒေါ၊ အီဂျစ်၊ အက်စ်ဝါတီနီ၊ မြန်မာ၊ နိုင်ဂျီးရီးယား၊ ပနားမား၊ တူနီးရှားနဲ့ တူရကီတို့ ပါ၀င်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အခုနောက်ပိုင်းပိုဆိုးလာတာက လုပ်ငန်းရှင်တွေကအလုပ်သမားတွေ တိုင်တာမကြိုက်ဘူး။အမှတ်တံဆိပ်တွေ ထုတ်ဖော်ပြောဆိုတာ မကြိုက်ဘူး။သမဂ္ဂ အဖွဲ့၀င်တွေကို အလုပ်ကနေ ထုတ်တယ်။ခဏခဏ ချိုးဖောက်နေကြတယ်။ကျွန်မတို့ ထင်လာတာက အထည်ချုပ်လုပ်ငန်းကို ကာဗာတစ်ခုအနေနဲ့လာလုပ်တဲ့ ကျားဖြန့်လုပ်ငန်းတွေလားဆိုတာမျိုးပဲ။နိုင်ငံတကာက ပိတ်ဆို့ မှု‌တွေ ဖြစ်လာနိုင်တယ်ဆိုတာကို သိသိကြီးနဲ့ လုပ်နေတာ ပိုပိုဆိုးလာတယ်။ဒါကြောင့် ကျားဖြန့်အနေနဲ့ သံသယရှိလာတယ်”လို့ ရွှေပြည်သာမြို့နယ်က အလုပ်သမားသမဂ္ဂ အဖွဲ့၀င်တဦးက ပြောပါတယ်။

အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတဲ့ စက်ရုံအများစုကလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း၀င်လာတဲ့ တရုတ်လုပ်ငန်းရှင်တွေ ပိုင်ဆိုင်ကြတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

စုပေါင်းညှိနှိုင်းတောင်းဆိုခွင့်၊ အလုပ်သမားသမဂ္ဂ ဖွဲ့စည်းခွင့်၊ ပါဝင်ခွင့်တွေကိုပိတ်ပင်တာ၊ အလုပ်သမားသမဂ္ဂ လှုပ်ရှားမှုများ (မှတ်ပုံတင်ခြင်း) ဆိုင်ရာ အခွင့်အရေးနဲ့ အလုပ်သမားသမဂ္ဂများ မှတ်ပုံတင်တာကို ဟန့်တားတာ၊ အလုပ်သမားတွေအတွက် တရားမျှတမှု အခွင့်အလမ်း ကန့်သတ်ခံထားရတာတွေ ဖြစ်နေတယ်လို့ ITUC က ဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်စွာ ပြောဆိုခွင့်၊စုဝေးခွင့် မပေးတာ၊အလုပ်သမား‌တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ အပါအ၀င် ဖမ်းဆီးထိန်းသိမ်းအကျဉ်းချမှုတွေ ရှိနေတယ်လို့ ITUC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အလုပ်သမားအခွင့်အရေးတွေကို လိုက်နာမှုအပေါ် မူတည်ပြီး အဆင့်သတ်မှတ်ကာ အစိုးရနဲ့ အလုပ်ရှင်တွေက နိုင်ငံတကာအသိအမှတ်ပြုထားတဲ့ အခွင့်အရေး ချိုးဖောက်မှုတွေကို ITUC က နှစ်စဉ်မှတ်တမ်းပြူစုနေတယ်လို့ သိရပါတယ်။

နိုင်ငံပေါင်း (၁၆၉) နိုင်ငံမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေကို နိုင်ငံတကာ အလုပ်သမားရေးရာ စံနှုန်း‌တွေနဲ့ နှိုင်းယှဉ်ဖော်ပြတဲ့ တစ်ခုတည်းသော နှစ်ပတ်လည် စစ်တမ်းလည်း ဖြစ်ပါတယ်။

“အခုက အလုပ်ရှင်ရဲ့ချိုး‌ဖောက်မှုက သက်ဆိုင်ရာအာဏာပိုင်ရဲ့အကာအကွယ်ဘာမှ မရှိဘူး။သူများချိုးဖောက်လည်း ကိုယ်ခံနေရတယ်”လို့ အလုပ်သမားအခွင့်အရေးဆောင်ရွက်နေသူတစ်ဦးက လက်ရှိ နိုင်ငံတွင်းအလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်လို့ ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်က အလုပ်သမားအရေးဆောင်ရွက်သူ ၁၀၀ ထက်မနည်းကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးခဲ့ပါတယ်။

ဒါ့အပြင် အလုပ်သမားတွေကို လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မစေခိုင်းခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက်‌တွေကို စဉ်ဆက်မပြတ် ချိုးဖောက်နေတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်လ ၅ ရက်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် ILO က မြန်မာနိုင်ငံပေါ်အရေးယူကြောင်းဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ဒီရက်ပိုင်း Facebook Memory ကို ဖွင့်ကြည့်မိတိုင်း လွန်ခဲ့တဲ့ ဆယ့်တစ်နှစ်က ပုံတွေ ပြန်ပေါ်လာတယ်။ ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံရဲ့ ရေဘေးပုံတွေ။ ရွှံ့နွံထဲက လမ်းတွေ၊ ရေမြုပ်နေတဲ့ အိမ်တွေ၊ လှေနဲ့ သွားလာနေကြတဲ့ လူတွေ၊ ရေဘေးသင့်သူတွေကို ကူညီဖို့ အစားအသောက်နဲ့ ရေသန့်တွေ...

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ