Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းပေါက်ကွဲမှု အိုးအိမ်မဲ့သွားသူတွေအတွက် အရေးပေါ် အကူအညီလိုအပ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ မေလ ၃၁ရက်ကပေါက်ကွဲမှုကြောင့် အိမ်ခြေ ၂၀၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် အကူအညီတွေပေးကြဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေကတောင်းဆိုပါတယ်။

(​ပေါက်ကွဲမှုဖြစ်ပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-TWO ၊CJ )

ဇွန်-၁၊၂၀၂၆။ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ၊ကောင်းတပ်ရွာမှာ မေလ ၃၁ရက်ကပေါက်ကွဲမှုကြောင့် အိမ်ခြေ ၂၀၀ ခန့် ထိခိုက်ပျက်စီးသွားခဲ့ပြီး အိုးမဲ့အိမ်မဲ့ဖြစ်သွားသူတွေအတွက် အကူအညီတွေပေးကြဖို့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေကတောင်းဆိုပါတယ်။

ပေါက်ကဲမှုဖြစ်စဉ်မှာ ဒေသခံပြည်သူ ၅၅ဦး သေဆုံးပြီး ၇၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းပြည်ကောင်စီ(TLC) ကထုတ်ပြန်ထားပါတယ်။ ပေါက်ကွဲမှုဖြစ်တဲ့နေရာရဲ့ပတ်ချာလည်က အိမ်တစ်ရာကျော် ပျက်စီးခဲ့ပြီး နောက်ထပ်တစ်ရာကျော်ခန့်က အနည်းငယ်ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးကူညီလုပ်ဆောင်နေသူကပြောပါတယ်။

အသေးစိတ်အတည်မပြုနိုင်သေးပေမယ့် လူ‌ဦးရေ ၅၀၀ နီးပါးဟာ အိုးမဲ့အိမ်မဲ့အခြေအနေရင်ဆိုင်လိုက်ရတာမို့ အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့အခြေအနေလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

“အသက်သေဆုံးသွားတဲ့သူတွေကိုတော့ရှင်အောင်ပြန်လုပ်လို့မရတော့ဘူး။ရှင်သန်ကျန်ရစ်ခဲ့တဲ့သူတွေအတွက်အကူအညီတွေအများကြီးလိုနေတယ်။ဒါကအရေးပေါ်အခြေအနေဖြစ်နေတာပါ”လို့ နမ့်ခမ်းမြို့ခံတဦးကပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူဦးရေဟာ ဇွန်လ ၁ရက်မနက်အထိ ကလေးငယ်အချို့အပါအဝင် အမျိုးသား ၃၅ဦး၊ အမျိုးသမီး၂၀ဦးရုပ်အလောင်းတွေ့ရှိထားပြီး အပျက်အစီးတွေကြားမှာ ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

“၅၅ဦး သဂြိုလ်ပြီးပြီ။အပိုင်းအစတွေနဲ့အလောင်းမရသေးတာ ရှာနေဆဲ။ ကျန်သေးတယ်”လို့ ပြောပါတာကယ်ဆယ်ရေးကူညီလုပ်ဆောင်နေသူတစ်ဦးကပြောပါတယ်။

ဒဏ်ရာရသူ ၇၀ ကျော်ကိုလည်း နမ့်ခမ်းဆေးရုံမှာ တင်ပို့ကုသထားပြီး သွေးအပါအဝင် အကူအညီတွေလိုအပ်နေပါတယ်။

တအာင်းပြည်ကောင်စီ(TLC) ကလည်း နေရာဒေသ အသီးသီးရှိ ပြည်သူများအနေဖြင့် ကောင်းတပ်ရွာ ပြည်သူတွေ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးသူတို့ရဲ့ကျန်ရစ်သူမိသားစုဝင်​တွေ၊ ထိခိုက်ဒဏ်ရာရ သူများနဲ့ နေအိမ်အဆောက်အအုံများ ပြန်လည်တည်ဆောက်ဖို့ တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီပံ့ပိုးဖေးမ​ပေးကြဖို့လည်းတိုက်တွန်းထားပါတယ်။

အိမ်ပျက်စီးလို့ နေစရာမရှိတော့သူတွေကို တအောင်းတပ် TNLAက နေရာချထား‌ရေးဆောက်ရွက်နေပေမယ့် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ရွာလုံးကျွတ်နီးပါး အိုးမဲ့၊အိမ်မဲ့ဖြစ်ရပြီး အဲဒီအတွက် ကူညီပေးနိုင်ဖို့ မြို့ခံတွေကလည်း ကြိုးပမ်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)ခေါင်းဆောင်ပိုင်းအနေနဲ့ ပေါက်ကွဲမှုဖြစ်စဉ်အကြောင်းရင်းအမှန်ကိုအသေးစိတ်စုံစမ်းစစ်ဆေးပြီး ဖြစ်စဉ်အပေါ် တာဝန်ခံမှု တာဝန်ယူမှု အပြည့်ရှိရန်၊ တာဝန်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ပေးရန်၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံး ဆောင်ရွက်ပေးရန်နဲ့ မည်သည့်ကိစ္စရပ်မျိုးကိုမဆို ပြုလုပ်ပါက ပြည်သူလူထု အန္တရာယ်ကင်းရှင်း‌‌ရေးနဲ့ လုံခြုံရေးအား အထူးဂရုပြုလုပ်ဆောင်ရန် တအာင်းပြည်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။