Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ စစ်တပ် စစ်ကြောင်းထိုးနေလို့ ကျေးရွာ ၈ ရွာထက်မနည်း တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က ၂ရက်ဆက် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၈ ရွာထက်မနည်း တိမ်းရှောင်နေရပါတယ်။

(ချောင်းဦးနဲ့ မြောင်နယ်စပ်ရှိ စစ်ရှောင်ပြည် သူများအား ၂၀၂၂ အတွင်းက တွေ့ရစဥ်။ ဓာတ်ပုံ-CDSOM)

ဇွန် ၂၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်က ၂ရက်ဆက် စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၈ ရွာထက်မနည်း တိမ်းရှောင်နေရပါတယ်။

မနေ့က ဇွန်လ ၁ ရက် မနက်ပိုင်းကစတင်ပြီး မုံရွာမြို့၊ အနောက်​မြောက်တိုင်း စစ်ဌာနချုပ်နဲ့ မုံရွာ-မန္တလေးလမ်းတလျှောက်က မြပုလဲရွာ၊ ငါးယှန်ရွာ၊ နတ်ရေကန်ရွာနဲ့ ဂွေးပင်တောကျေးရွာ အထိုင်စခန်းတွေက စစ်ကောင်စီတပ်တွေပေါင်းပြီး ချောင်းဦးမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းကြောင့် ချောင်းဦးမြို့နယ်က ရွာတော်လေးရွာ၊ မှန်ချိုရွာ၊ ဆင်မြေရွာ၊ ငါးလုံးတင်ရွာ၊ မထိသာရွာ၊ မင်းခေါင်ရွာ၊ မင်းတည်ရွာနဲ့

Public Service Announcement

Public Service Announcement

မကျည်းခွကျေးရွာတွေဟာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဇွန် ၁ရက်က ဘလွေရွာက ပြည်သူတွေကို လူသားဒိုင်းအဖြစ် ဖမ်း​ဆီးပြီး ပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်း ကား ၈ စီးနဲ့သယ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ပြည်သူတွေ လူသားဒိုင်းအဖြစ် ဖမ်းခံရတယ်ကြားတယ်။ မနေ့မနက်က မနက်စောစောထမင်းချက် ပြန်ကြတဲ့ ပြည်သူအများအပြား

အဖမ်းခံရတာ”လို့ အဆိုပါဒေသခံက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ အင်အား ၂၅၀ ဝန်းကျင်ပါရှိပြီး ဒီကနေ့မနက်မှာ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာ ဦးတည်စစ်ကြောင်း ထိုးနေကြောင်း သိရပါတယ်။

စစ်ကြောင်းထိုးနေလို့ မုံရွာ-မန္တလေးလမ်းကိုလည်း ယနေ့မနက်ပိုင်းအထိ ပိတ်ထားဆဲ ဖြစ်ကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့တောင်ဘက်ဖလူးတောင်ခြေမှာစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အာဏာသိမ်းစစ်တပ်ရဲ့ပူးပေါင်းစစ်ကြောင်းနဲ့ KNU တပ်မဟာ(၆) ပူးပေါင်းတပ်ဖွဲ့တို့ကြားပြီးခဲ့တဲ့ဇူလိုင် ၂၆ ရက်ကတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

သတင်း

မကွေးတိုင်းပေါက် နဲ့ မြိုင်ဒေသမှာ စစ်ကြောင်းထိုးလာပြီး လမ်းမှားကျန်ရစ်တဲ့ တပ်မ (၁၀၁)စစ်ကြောင်းကစစ်သားနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ဖမ်းမိခဲ့တယ်လို့ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Myaing Garuda PDF )တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။