Connect with us

Hi, what are you looking for?

သတင်း

စစ်ရေးကြောင့် မိုးညှင်းမြို့နယ်က လမ်းပိုင်းအချို့ ယာယီပိတ်ထားဟု KIA ထုတ်ပြန်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက လမ်းပိုင်းအချို့ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) တပ်ရင်း(၂၆)က ဇွန်လ ၂ရက်က ထုတ်ပြန်ပါတယ်။

ဇွန် ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက လမ်းပိုင်းအချို့ကို ရက်အကန့်အသတ်မရှိ ယာယီပိတ်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ(၉) တပ်ရင်း(၂၆)က ဇွန်လ ၂ရက်က ထုတ်ပြန်ပါတယ်။

လက်တလော စစ်ရေး၊နိုင်ငံရေးကြောင့် KIA တပ်ရင်း(၂၆) နယ်မြေဖြစ်တဲ့ ညောင်ပင် -ချောင်း၀- ဆနွင်းကုန်း အင်းသာနဲ့ နမ့်မွန်းလမ်းပိုင်းအား ဇွန် ၂ရက်က စပြီးအများပြည်သူခရီးသွားလာခြင်း ဆိုင်ကယ် မော်တော်ယာဉ်ကြီးယဉ်ငယ်များ ဖြတ်သန်းသွားလာခြင်းအား ယာယီပိတ်ထားတာလို့ အသိပေးပါတယ်။

KIA တပ်ရင်း (၂၆)ဟာ မေလ ၃၁ရက်ကလည်း မိုးညှင်းမြို့နယ် ဟိုပင်-ချောင်း၀၊ ဟိုပင်-ညောင်ပင်လမ်း တံတား စတဲ့နေရာတွေမှာလည်း ယာယီပိတ်ထားကြောင်း ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

” ဖားကန့်ကို စစ်ကြောင်းထိုးနိုင်တဲ့ လမ်းကြောင်းတခုပါ”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က KIA တပ်ရင်း(၂၆)ရဲ့ လမ်းပိုင်းတွေ ယာယီပိတ်ထားရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ မေလအတွင်းက တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး လတ်တလောမှာတော့ တိုက်ပွဲတွေ ခေတ္တပြန်ငြိမ်နေတယ်လို့ ဆိုပါတယ်။

” လုံးခင်း မှော်စီစာတဝိုက် သူတို့ စကစနဲ့ ပြည်သူစစ်တွေ ခိုးဆိုးလုယက်လုပ်တာကလွဲပြီး တိုက်ပွဲတွေ ခဏငြိမ်နေတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ဖားကန့်ဒေသမှာ စစ်တပ်က ပြည်သူလူထု ပစ္စည်းတွေ လုယက်ယူဆောင်နေမှု အခြေအနေကို ပြောပြပါတယ်။

ဒေသခံအချို့ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဖားကန့်ဒေသ အခြေအနေကို လူမှုကွန်ရက်မှာ ရေးသားထားရာ လုံးခြင်း၊ မှော်စီဆာဘက် ဓားပြတိုက်ခံရပြီး ကျူးလွန်သူဟာ စစ်ကောင်စီလက်အောက်ခံ တပ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လက်တလောမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ကိုလည်း စစ်ယာဉ်တန်းတွေနဲ့ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေသလို ဒေသအချို့မှာလည်း စစ်အင်အားတွေ စုဖွဲ့ စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေပါတယ်။ ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး ဝိုင်းမော် ၊ ဗန်းမော်ဘက်မှာလည်း ဒရုန်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေရှိနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ ဩဂုတ် ၁၂ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။