Connect with us

Hi, what are you looking for?

သတင်း

ရွှေကူက တိုက်နယ်ဆေးရုံနဲ့ KIO အုပ်ချုပ်ရေးရုံးနေရာ စစ်တပ် ဗုံးကြဲ၊ အရပ်သား သေဆုံးထိခိုက်မှုရှိ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Screenshot

ဇွန် ၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က စီတာကျေးရွာရှိ တိုက်နယ်ဆေးရုံကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ သေဆုံးထိခိုက်မှုရှိခဲ့တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဇွန်လ ၄ရက် မနက်က စီတာကျေးရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ တိုက်နယ်ဆေးရုံနဲ့ KIO ရုံးထိခိုက်ပျက်စီးမှု သတင်းတွေအပေါ် အခုလိုအတည်ပြု ရှင်းပြပေးတာပါ။

” ဆေးရုံကိုလည်း ဗုံးကြဲတယ်။ ကျနော်တို့ရဲ့ တိုက်နယ်အုပ်ချုပ်ရေးအဆောက်အအုံအဟောင်းကိုလည်း ဗုံးကြဲတယ်တဲ့။ ပြည်သူလူထုတော့ သုံးယောက်လောက်ထိခိုက်တယ်လို့ ကြားရပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်သူ ၃ဦးအနက် ၂ဦးသေဆုံးတယ်လို့ ကြားရပေမယ့် အတိအကျ အတည်မပြုနိုင်သေးဘူးလို့လည်း ပြောပါတယ်။

KIA နယ်မြေအတွင်း သတင်းတွေဖော်ပြနေတဲ့ 7Stars News ရဲ့ ဖော်ပြချက်မှာတော့ စစ်တပ် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ဦး သေဆုံးကာ ဒဏ်ရာ ပြင်းထန်သူ ၂ဦး အပါအဝင် ၇ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွှေကူမြို့နယ်အတွင်း စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေလို့ မေလကနေ အခု ဇွန်လဆန်းအထိ တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့တာပါ။

စစ်တပ်ဟာ ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန် ပက်လက်မြို့နယ်မှာလည်း ထိုးစစ်ဆင်နေပြီး မင်းတပ်မြို့နယ်နဲ့ ကန်ပက်လက်မြို့နယ်တို့ကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CNO/CNDFဟာ​တော်လှန်​ရေးကိုဆက်လုပ်ဆဲဖြစ်ပြီး အနာဂါတ်တွင်လည်းဆက်လက်​တော်လှန်မည်ဖြစ်သလို မကြာခင်သတင်းထုတ်ပြန်မည်ဟု ​တာဝန်ရှိသူအသိ​ပေး

သတင်း

အာဏာသိမ်းစစ်တပ်က သံတွဲမြို့နယ်၊ရွှေလှေ နဲ့ လင်းသီကျေးရွာတို့ကိုဒီက​​နေ့ ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့်အရပ်သားလူနေအိမ်ပေါ် တည့်တည့်ကျပြီး ၄ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။