Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတစ်ဝန်းဇွန်လလယ်အထိ မိုးကြီးနိုင်တယ်လို့ NUG သတိ​ပေး

ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာဇွန်လ ၁၄ရက် မတိုင်ခင်အထိ နေရာကွက်၍ မိုးကြီးနိုင်လို့ ရေဘေးသတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးပါတယ်။

(ကချင်ပြည်နယ်၊KIO/KIAထိန်းချုပ်နယ်မြေထဲက မိုင်ဂျာယန်နဲ့ လိုင်ဇာမြို့ကို ဆက်သွယ်ထားတဲ့လမ်း တောင်ကျရေကြောင့် ပျက်စီးနေတာကို ဇွန်လ ပထမလပတ်အတွင်း တွေ့ရစဉ်။ဓါတ်ပုံ-​ဒေသခံ )

ဇွန်-၈၊၂၀၂၆။‌စိုင်းနော်/People’s Spring

ရှမ်းပြည်နယ်အပါအဝင် ဒေသအများအပြားမှာဇွန်လ ၁၄ရက် မတိုင်ခင်အထိ နေရာကွက်၍ မိုးကြီးနိုင်လို့ ရေဘေးသတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတိပေးပါတယ်။

အနောက်တောင်မုတ်သုံလေအားအလွန်ကောင်းနေတာနဲ့ကပ္ပလီပင်လယ်ပြင်အနီးမှာလေပွေလှိုင်းတစ်ခုဖြစ်ပေါ်နေတာကြောင့်ဇွန်လ၈ရက်ကနေဇွန်လ၁၄ရက်အတွင်းမှာ မိုးဆက်များနိုင်တယ်လို့ ရှင်းပြထားပါတယ်။

နေရာကွက်ပြီးမိုးကြီးမယ့်ဒေသတွေအဖြစ်ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊တနင်္သာရီတိုင်း၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကိုသတိပေးထားပြီးစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာနေရာအနှံ့အပြားမိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဒေသတွေမှာလေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေလွှမ်းမိုးခြင်း၊မိုးကြိုးပစ်ခြင်း၊မြေပြိုခြင်း၊တောင်ပြိုခြင်းနဲ့ကမ်းပါးပြိုခြင်းတွေလည်း ဖြစ်ပေါ်နိုင်၍ အထူးသတိပြု နေထိုင်သင့်တယ်လို့ သတိပေးထားပါတယ်။

လက်ရှိမှာရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာရေကြီးနစ်မြုပ်မှုရင်ဆိုင်နေရပြီးသီးနှံစိုက်ခင်းပျက်စီးတာတွေရှိနေပါတယ်။

“ပင်လောင်းဘက်လည်းစိုက်ခင်းပျက်တာတွေတော်တော်များတယ်။ မိုးက ရေအရမ်းပါတော့တောင်ပေါ်ကရေတွေက တလဟောဆင်းလာတာ။တောင်ယာစိုက်ခင်းတွေနဲ့ဝင်တော့ဘယ်လိုမှမခံနိုင်တော့ဘူး”လို့ ပင်လောင်းမြို့ခံတစ်ဦးကပြောပါတယ်။ဇွန်လ ၆ရက်ကလည်း ရွှေညောင်မြို့မှာ တောင်ကျရေကြောင့် မြေနိမ့်ပိုင်းနေရာတွေ ရေကြီးခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်အချို့မှာပြီးခဲ့တဲ့မေလကလည်းမိုးကြီးပြီး လူနဲ့ အိမ်‌မွေးတိရိစ္ဆာန်တွေထိခိုက်သေဆုံးစေတဲ့အထိမြေပြိုမှုနဲ့မိုးကြိုးထိမှန်တဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

လက်ရှိဇွန်လဆန်းပိုင်းအတွင်းနေရာကွက်မိုးကြီးမှုကြောင့် ရန်ကုန်မြို့မှာလည်း ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သလို မကွေးနဲ့ မန္တလေးတိုင်းထဲကမြို့နယ်အချို့မှာလည်း တောင်ကျရေကြောင့်ရေဘေးကြုံတွေ့ခဲ့ပါတယ်။

ကချင်ပြည်နယ်မှာလည်းမိုးကြီးနေလို့ဒေသတွင်းလမ်းပိုင်းပျက်စီးတာတွေရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်အထက်ပိုင်းမှာ မိုးသည်းထန်ရွာသွန်းနေပြီး ဧရာဝတီမြစ်ရေတိုးလာတဲ့အတွက် ရေဘေးသတိပြုကြဖို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

နိုင်ငံတကာ

ဧရာမ လှိုင်းလုံးကြီးတွေ ရိုက်ခတ်ခဲ့တာကြောင့် နယူးဇီလန်ရဲ့ မြို့တော်မှာ ဒေသခံတွေ ရာနဲ့ချီပြီး အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရကြောင်း သိရပါတယ်။

သတင်း

မိုးတွင်းကာလ ရေဘေးနဲ့ မြေပြိုမှုဘေး မကြာခဏရင်ဆိုင်နေရတဲ့ ရှမ်းပြည်နယ်မှာ ဒီနေ့ ဇွန်လ ၈ရက် မနက်ပိုင်းမှာ မိုးကြီးလို့ မြေပြိုပြီး လူတစ်ဦး ထပ်မံသေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အယ်လ်နီညို အပူလှိုင်းဒဏ်ရဲ့ ဆိုးရွားတဲ့ ဖိစီးမှုတွေ အချိန်မရွေး ပြန်ရောက်လာနိုင်ပြီး ကမ္ဘာကြီး အနေနဲ့ ကြိုတင် ပြင်ဆင်ထားဖို့လိုကြောင်း ကုလသမဂ္ဂ (UN)က သတိပေးခဲ့ပါတယ်။