Connect with us

Hi, what are you looking for?

သတင်း

မြောင်မှာ စစ်တပ် လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁ဦး သေဆုံး၊ ၇ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

(ဖေဖော်ဝါရီလအတွင်းက မြောင်မြို့နယ်၊ နဘတ်ရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-မြောင် TGR)

ဇွန် ၁၀၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ဇွန် ၁၀ ရက် မနက် ၁၁ နာရီဝန်းကျင်က ​မြောင်မြို့နယ်၊ ပေါက်တောကျေးရွာကို အာဏာသိမ်းစစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာ ၁စီးနဲ့ လေကြောင်းတိုက်ခိုက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

“ပြည်သူ ၇ ယောက်အထိအခိုက်ရှိပါတယ်။ သေဆုံးသူ ၁ ယောက်ရှိပါတယ်”လို့ မြောင်မြို့နယ် T. G. R. သတင်းမှန် ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိခိုက်သေဆုံးသူတွေရဲ့ အသေးစိတ်အချက်အလက်တွေတော့ မသိရသေးပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ မြောင်နယ်နဲ့စပ်ဆက်နေတဲ့ ချောင်းဦးမြို့နယ်ကို စစ်ကြောင်းထိုးနေပြီး ရေစကြို- ချောင်းဦးလမ်းကို စိုးမိုးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲတဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းကလည်း မြောင်မြို့နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ ပြည်သူထိခိုက်သေဆုံးမှုတွေရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန် မတ္တရာမြို့နယ်အတွင်းတပ်စွဲထားတဲ့ စစ်တပ်က လက်နက်ကြီးတွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်ဗုံးကြဲနေလို့ စစ်ကိုင်းမြို့နယ်၊တောင်ရင်းကျေးရွာက အမျိုးသား ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်က အောင်သပြေရွာဟောင်းအနီး စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၆ဦး သေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မဘိမ်းနဲ့ မိုးမိတ်မြို့နယ်ကို လေကြောင်းကနေ နေ့စဉ် ဗုံးကြဲနေပြီး ၁၂ရက်အတွင်း အရပ်သား ၄ဦး သေဆုံးခဲ့သလို ဘုန်းကြီး ၁ပါးအပါအဝင် ၉ဦး ဒဏ်ရာရခဲ့ပါတယ်။