Connect with us

Hi, what are you looking for?

သတင်း

AA ထိုးစစ် စစ်တွေဒကစနဲ့အနီးဆုံးရွာနားအထိ ရောက်လာ

အာရက္ခတပ်တော်(AA)ရဲ့စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစစစ်တွေ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

အာရက္ခတပ်​တော် တပ်ဖွဲ့ဝင်​တွေကို ၂၀၂၅ နှစ်ဆန်းပိုင်းက ရခိုင် နဲ့ ဧရာဝတီအစပ်​ဒေသ​မှာစစ်တပ်ထံကသိမ်းထားတဲ့ သံချပ်ကာကားနဲ့အတူ​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk

ဇွန်-၁၁၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာရက္ခတပ်တော်(AA)ရဲ့စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစစစ်တွေ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်တွေမြို့နဲ့ လေးမိုင်ဝန်းကျင်အကွာ စစ်တွေ -ရန်ကုန် ပြည်ထောင်စုလမ်းမပေါ်ရှိ နာရီကန်ကျေးရွာအနီးဝန်းကျင်က အာဏာသိမ်းစစ်တပ်ရဲ့ တပ်ရင်းကာကင်းစခန်းတွေကို AA က အဝေးပစ်လက်နက်ကြီးတွေနဲ့ရော မြေပြင်ကနေပါ ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။

စစ်​တွေမြို့အဝင်ဆိုင်းဘုတ်။ ဓါတ်ပုံ-AA Info Desk

“နာရီကန်တံတားနားမှာတိုက်ပွဲဖြစ်နေကြတယ်။အဲဒါက ပါဒလိတ်၊ကျားမသောက်တပ်ရင်းတွေနဲ့ နီးတယ်။ ဒကစ နဲ့ဆိုလည်းသိပ်မဝေးတော့ဘူး။ မြို့ထဲဘက်ကို နည်းနည်းတိုးလာရင် ဒကစဌာနချုပ်ကိုရောက်ပြီ။ အဲဒီနားမှာ ခလရ (၂၇၂) တို့လည်း ရှိတယ်” လို့ AA နဲ့ နီးစပ်တဲ့မြေပြင်သတင်းရင်းမြစ်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နာရီကန်ကျေးရွာအနီးဝန်းကျင် ၊ပါဒလိတ်ရွာအနီးဝန်းကျင် နဲ့ တောကန်ကျေးရွာအနီးဝန်းကျင်တို့မှာတိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။

လက်ရှိမှာစစ်တွေ-ရန်ကုန်ပြည်ထောင်စုလမ်းမအနီး နာရီကန်ကျေးရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေသလို စစ်တွေမြို့ရဲ့ အနောက်ဘက် မယူမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အမြင့်ကျွန်း ၊ ကြွီတဲကျေးရွာတို့အနီးနဲ့ စစ်တွေမြို့ အရှေ့ဘက် ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်မှာပါ တိုက်ပွဲတွေရှိနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်​တွေမြို့အနီးဝန်းကျင်မြို့​တွေနဲ့ စစ်​တွေမြို့နားကစစ်တပ်အဓိကစခန်း​တွေကို​မြေပုံ​ပေါ်​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk

“AAက ထိုးစစ်ကို ပြင်းပြင်းထန်ထန်လုပ်တဲ့အနေအထားတော့မဟုတ်သေးဘူး။ဒါပေမယ့် စစ်တွေကို ဝိုင်းပတ်ပြီးတော့ ညှပ်တိုက်တိုက်နေတာ။ ရသေ့တောင်ဘက်ကရော၊ ပုဏ္ဏားကျွန်း၊ ပေါက်တောဘက်ကရော ညှပ်တိုက်နေ တယ်။ မိုးရာသီ တိုက်ပွဲပိုပြင်းလာမယ်ထင်တယ်”လို့ရခိုင်ဒေသခံ စစ်ရေးလေ့လာနေသူတဦးက ပြောပါတယ်။

အာရက္ခတပ်တော်(AA)ဟာစစ်တွေမြို့ရဲ့ အနောက်ဘက်ရှိရသေ့တောင်၊မြောက်ဘက်ရှိ ပုဏ္ဏားကျွန်း၊အရှေ့ဘက်ရှိ ပေါက်တောမြို့နယ်​တွေကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။

AAဟာစစ်တွေ၊ရွှေမင်းဂံရေတပ်စခန်း၊ ဒကစဌာနချုပ်၊ စစ်တပ်တပ်ရင်းတွေကို တိုက်ခိုက်နေသလို စစ်တွေမြို့အရှေ့ဘက် ကုလားတန်မြစ်ထဲနဲ့ တောင်ဘက် ဘင်္ဂလားပင်လယ်ဝမှာ ရပ်ထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေကိုလည်း ဟောက်ဝစ်ဇာတွေနဲ့ ပစ်ခတ်တိုက်ခိုက်​နေပါတယ်။

မေလ ၂၄ ရက်နေ့ကစစ်တပ်သင်္ဘောတစီးထိမှန်သွားခဲ့တယ် လို့ ဒေသခံတွေက ပြောထားကြပါတယ်။အဲဒီတိုက်ပွဲတွေအတွင်း အထိနာနေတဲ့ စစ်တပ်ဟာ မြို့ပေါ်တပ်ရင်းတွေနဲ့ ပင် လယ်ပြင်ရှိ စစ်သင်္ဘောတွေကနေလက်နက်

စစ်​တွေမြို့အနီးဝန်းကျင်မြို့​တွေနဲ့ စစ်​တွေမြို့နားကစစ်တပ်အဓိကစခန်း​တွေကို​မြေပုံ​ပေါ်​တွေ့ရစဥ်။ ဓါတ်ပုံ-AA Info Desk

ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး ပေါက်တော၊ ပုဏ္ဏားကျွန်းမြို့နယ် တို့အတွင်းမှ လူနေကျေးရွာများကို ကျရောက်ပေါက်ကွဲမှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်နက်ကြီးကနေ့တိုင်းပစ်တယ်။ဒီဘက်ကရွာတွေဆိုရင်လူနေလို့မရတော့ဘူး။အရင်ကရွာစောင့်သဘောနေကြတယ်။အခုရွာစောင့်တောင် နေလို့မရတော့ဘူး။ လက်နက်ကြီးနဲ့ တော်တော်ပစ်နေတယ်။ တိုက်ပွဲက ဒီ ဘက်မှာတခုမှမရှိတော့ဘဲရမ်းပစ်ပစ်နေတာ” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသခံလယ်သမားတဦးကပြောပါတယ်။

အဲဒီလိုစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် စစ်တွေမြို့နယ်နဲ့ထိစပ်နေတဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှဒေသခံတွေဟာသူတို့ရဲ့လယ်ယာမြေတွေကို မထွန်ကြရဘဲစစ်ဘေးရှောင်ဘ၀နဲ့တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။

တိုက်ပွဲ​တွေစစ်တွေမြို့နဲ့နီးလာချိန်မှာ စစ်တပ်ကစစ်တွေမြို့ထဲမှာည ၉နာရီကနေ မနက် ၄ နာရီထိညမထွက်ရအမိန့် ထုတ်ထားပြီး ညတိုင်းကင်းလှည့်တာတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။ ဒါ့အပြင်ခြံစည်းရိုးကာထားတဲ့ ကမ်းနားလမ်းတလျှောက်မှာလည်း ဘန်ကာတွေအများအပြားဆောက်လုပ်နေပါတယ်။

AAက စစ်တွေကို ၂၀၂၆ နှစ်ဆန်းကတည်းက ထိုးစစ်တွေ မကြာခဏ လုပ်ပြီး ကာကင်းစ ခန်းတွေ သိမ်းယူနေခဲ့တာပါ။

အခုအခါ AA ဟာ စစ်တွေမြို့နယ် ရွှေမင်းဂံရေတပ်စခန်းအနီးဝန်းကျင်ရှိ ကံ့ကော်ကျွန်းအပါအဝင် ရှေ့တန်းကာ ကင်းစခန်းအချို့ကို သိမ်းပိုက်ထားပါတယ်။ စစ်တွေမြို့နယ်မှာ ဒကစ စစ်တွေ အခြေစိုက်ထားပြီး အခြားအခြေစိုက် တပ်ရင်းတွေ၊ လက်ရုံးတပ်တွေအပါအဝင် တပ်ရင်းတပ်ဖွဲ့ပေါင်း တဆယ်ဝန်းကျင်ရှိပါတယ်။

AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ပြည်နယ်အတွင်းက လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေနဲ့ မာန်အောင်မြို့နယ်တွေကို ၂၀၂၆ နဲ့ ၂၀၂၇ တို့မှာ အပြီးပြတ်သိမ်းပိုက်သွားမှာဖြစ်ပြီး မပြီးပြတ်ခဲ့ ရင်လည်း မီးကုန်ယမ်းကုန်ကြိုးစားသွားမယ်လို့ ​ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတဲ့ ရခိုင်ပြည်နယ်မှာ အခြေခံစားသောက်ကုန်တွေအပြင် ဆေးဝါးတွေလည်း စျေးတက်နေတာကြောင့် သွေးတိုး၊ ဆီးချိုစတဲ့ နာတာရှည်ဝေဒနာရှင်တွေအတွက် အခက်အခဲ ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။