Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမြို့နယ် ကျေးရွာတွေကို မီးရှို့ခဲ့တဲ့ စစ်တပ်စစ်ကြောင်းက ဒေသခံ ၆ဦးကိုပါ သတ်ဖြတ်သွား

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့

ဇွန်-၁၃၊ ၂၀၂၆။ ကတ်သရင်းနှင်း/People’s Spring

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ကျေးရွာသုံးရွာကို စစ်တပ်က မီးရှို့ဖျက်ခဲ့ပြီး ဒေသခံပြည်သူ ၆ဦးကိုပါ သတ်ဖြတ်သွားတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၄ရက်ကစတင်ကာ ချောင်းဦးမြို့နယ်အတွင်းကို စစ်တပ်က စစ်ကြောင်းဝင် ရောက်လာခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ဆင်မြေ၊ မှန်ချို၊ ငါးလုံးတင် ကျေးရွာတွေက ပစ္စည်းတွေကို ချောင်းဦးမြို့ပေါ် ထွေအုပ်ရုံးထဲကို ကားတွေနဲ့ ဆက်တိုက်သယ်ယူခဲ့ပြီးနောက် အဲဒီရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။ အဲဒီစစ်တပ်စစ်ကြောင်းဟာ ဆင်မြေကျေးရွာက ချမ်းသာကြီးဘုရားနဲ့ ငါးလုံးတင်ကျေးရွာက နှီးဘုရားတို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာ ဇွန်လ ၉ ရက် ညနေပိုင်းမှာ ချောင်းဦးမြို့အတွင်း ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။

စစ်ကြောင်းပြန်ထွက်သွားချိန် သတ်ဖြတ်ခံထားရတဲ့ ဒေသခံပြည်သူ‌ ၆ဦးရဲ့ ရုပ်အလာင်းကို တွေ့ခဲ့ရပြီး စစ်ကြောင်းဝင်လာစဉ် မပြေးနိုင်လို့ ရွာထဲ ကျန်နေတဲ့ သက်ကြီး အဘိုး၊အဘွားနှစ်ဦးလည်းပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာထဲကို ပြည်သူ တွေပြန်ဝင်ပြီး မီးငြိမ်းတဲ့အချိန် ‌‌ အလောင်းတချို့ တွေ့တာပေါ့။ ရွာသားတွေ ကိုးကွယ်တဲ့ ရှေးဟောင်းဘုရားတွေ၊ ရေစင်တွေကအစ အကုန်မီးရှို့သွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဆင်မြေရွာက နေအိမ်၁၀၀ကျော်၊ မှန်ချိုရွာက နေအိမ်၂၅လုံးနဲ့ ငါးလုံးတင်ရွာက နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းကို စစ်ကူဖြည့်မယ့် စစ်တပ်စစ်ကြောင်းဟာ လောင်းရှည်မြို့ကနေ ဆောမြို့ကို ဦးတည်လာနေပြီး အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

Facebook