Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်ကို စစ်တပ် လေကြောင်းက ဗုံးကြဲ

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ရုပ်သံ - အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်

ဇွန် -၁၃ ၊၂၀၂၆။ဇော်၀င်း/People’s Spring

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

မြိုင်မြို့နယ်အနောက်ပိုင်းက သင်းမကျေးရွာအနီးကို စစ်တပ်က ဂျက်ဖိုက်တာ ၂စီးနဲ့ မနေ့က(ဇွန် ၁၃ ရက်)နေလယ်ပိုင်းမှာ ၃ကြိမ်ထက်မနည်း ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေမှာ လူအထိအခိုက်မရှိခဲ့ဘူးလို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြိုင်နဲ့ပေါက်မြို့နယ်က စခန်းနဲ့နယ်မြေတွေ သိမ်းပိုက်ခံရပြီးနောက်ပိုင်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ‌စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။

ဇွန်လ ၆ ရက် မနက်ပိုင်းမှာလည်း ပေါက်မြို့နယ်တောင်ပိုင်းက တဲတော်ယာကျေးရွာ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် အရပ်သား ၂ဦး ထိခိုက်ခဲ့ ပါတယ်။

ဒါ့အပြင် ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)ကထွက်လာတဲ့ စစ်ယာဉ်တန်းတွေက မြိုင်မြို့နယ်တောင်ဘက်ခြမ်းကို ဦးတည်နေတယ်လို့ သိရပါတယ်။

“မြိုင်တောင်ပိုင်းတွင်း မပျူရွာကို လာမယ်လို့ ယူဆရာတယ်။တွင်းမ ပျူရွာထဲမှာလည်း လှုပ်ရှားမှုတွေ ရှိနေတယ်လို့သိရပါတယ်”လို့ မြိုင်မြို့နယ်သတင်းရင်းမြစ်က ပြောပါတယ်။

မြိုင်မြို့နယ်တောင်ပိုင်းမှာ မြေပြင်စစ်ကြောင်းဝင်ရင် မြိုင်မြောက်ပိုင်းနဲ့ အလယ်ပိုင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တာဟာ အစဥ်အလာတစ်ခုလိုဖြစ်နေတယ်လို့လည်းသူက ဆိုပါတယ်။

ဒါကြောင့် မြိုင်နယ်တောင်ပိုင်းက ပြည်သူတွေအနေနဲ့ စစ်ကြောင်းတွေကို အထူးသတိထားရှောင်ကြဖို့လိုအပ်ပြီး မြိုင်နယ်အလယ်ပိုင်းနဲ့ အနောက်ပိုင်းက ဒေသခံတွေအနေနဲ့ လေကြောင်းအန္တရာယ် အထူးသတိထားနေကြဖို့လည်း တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook