Connect with us

Hi, what are you looking for?

သတင်း

ကနီမှာ စစ်တပ်က ကျေးရွာ ၅ရွာ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။

ဇွန် ၁၈၊ ၂၀၂၆။ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၂ ရက်ဝန်းကျင်က ကနီမြို့နယ် ကို ရောက်ရှိနေတဲ့ စစ်တပ်စစ်ကြောင်းက ကျေးရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့ရာ ရှမ်းမြောင်းရွာက လူနေအိမ်နဲ့ နွားတဲ အလုံး ၂၀ လုံးခန့်၊ တဇယ်ချောင်ရွာက လူနေအိမ် ၃ လုံး၊ ညောင်ပင်ဝန်းရွာက လူနေအိမ်၊ ကြက်ခြံနဲ့ နွားတဲ ၂၀ လုံးခန့်၊ လင်ပုန်းရည်ရွာက လူနေအိမ်နဲ့ နွားတဲ ၂ လုံး၊ ယာကြီး ကလေးဝလမ်း မိုင် ၃၀က လူနေအိမ်နဲ့ စျေးဆိုင် ၄ လုံး စုစုပေါင်း ၄၉ လုံး မီးလောင်ပြာကျခဲ့ကြောင်း ကိုပြည့်အောင်နိုင်(ကနီ)က ပြောပါတယ်။

“ခုထိ အဲစစ်ကြောင်း ကနီနယ်ထဲ နယ်လှည့်နေတုန်းပါ”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းမှာ ရောက်ရှိနေခဲ့တာဖြစ်ပြီး ကျေးရွာအများအပြား တိမ်းရှောင်နေရပါတယ်။

အဲဒီစစ်ကြောင်းရောက်ရှိနေချိန် ပြီးခဲ့တဲ့ မေလအတွင်းက လေကြောင်းပစ်ခတ်မှုတွေကြောင့် ပြည်သူ ၄ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရကာ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၁ ဦးရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်က မေလအတွင်းမှာ နိုင်ငံတစ်ဝန်းဆုံးရှုံးထားတဲ့ ဒေသတွေကို စစ်ကြောင်းတွေအများကြီးနဲ့ အရှိန်မြှင့်ပြီးတန်ပြန်ထိုးစစ်ဆင်လာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး