Connect with us

Hi, what are you looking for?

သတင်း

အမေရိကန်ရောက် မြန်မာတွေ Proof of Life လှုပ်ရှားမှုအဖြစ် အသံတိတ်ပြုလုပ်

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ​ပြည်ပရောက် မြန်မာတွေက Proof of Life လှုပ်ရှားမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အဖြစ် ယမန်နေ့က အသံတိတ် ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၂၀၊၂၀၂၆။သုည/People’s Spring

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့မှာ ​ပြည်ပရောက် မြန်မာတွေက Proof of Life လှုပ်ရှားမှုအဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်မြောက် မွေးနေ့အဖြစ် ယမန်နေ့က အသံတိတ် ပြုလုပ်ခဲ့ပါတယ်။

နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံ (UNGA) မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop မှ မြန်မာ့အရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြဖို့ ရှိနေတဲ့အတွက် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း အမေရိကန်ရောက် မြန်မာတွေက ဆိုပါတယ်။

အထူးသံတမန် Julie Bishop အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ထိရောက်မှန်ကန်တဲ့ အချက်အလက်တွေကို ချပြပြောဆိုပေးဖို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံးပြန်လည်လွတ်မြောက်ဖို့၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှ မြန်မာ့အရေးကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အတွက် ကုလသမဂ္ဂရုံးချုပ် (UN Headquarters) ရှေ့မှာ ငြိမ်းချမ်းစွာ စုဝေးပြီး “Silent Activity” (ငြိမ်သက်ခြင်းလှုပ်ရှားမှု) နဲ့ ပြသတောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – KyawSoe Latt

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်း‌ဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ကြောင်း အတည်ပြုနိုင်ခဲ့တာကြောင့် မိသားစုနဲ့ တွေ့ဆုံနိုင်ဖို့ နဲ့ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံးလွတ်မြောက်ရေးအတွက် ဆက်လက်တောင်းဆိုသွားမယ်လို့ Proof Of Life ကမ်ပိန်းကို ဦးဆောင်တဲ့ All in One Piece Movement က​ကြေညာပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်းသက်သေပြပေးဖို့အတွက် "Proof of life" လှုပ်ရှားမှုကို ဇူလိုင် ၂၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်၀မ်နိုင်ငံ Sun Yat-Sen Memorial hall မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ Global Ring မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးကြောင်း သက်သေပြဖို့ တောင်းဆိုတဲ့ Proof of Life လှုပ်ရှားမှုနဲ့ (၈၁)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် စတုဒီသာ ရန်ပုံငွေပွဲ ဒီကနေ့ (ဇူလိုင် ၁၂) ပြုလုပ်ခဲ့ပါတယ်။