Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ်မှာ ကုန်တင်သင်္ဘောကို အီရန်တိုက်ခိုက်

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ ကုန်တင်သင်္ဘော တစ်စီးဟာ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - Reuters/File

ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်း ခုတ်မောင်းတဲ့ ကုန်တင်သင်္ဘော တစ်စီးဟာ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရပါတယ်။

အမေရိကန် အစိုးရ အရာရှိ တစ်ဦးက အဲဒီ ဖြစ်စဉ်ကို အတည်ပြုခဲ့ပြီး အကျိုးဆက် အနေနဲ့ ဟောမုဇ်မှာ ပိတ်မိနေတဲ့ သင်္ဘောသားတွေကို ရွှေ့ပြောင်းပေးမှု အစီအစဉ်ကို အရေးပေါ် ဆိုင်းငံ့ထားလိုက်ရကြောင်း ပြောပါတယ်။ ကုလသမဂ္ဂ (UN)ကလည်း အလားတူ အားထုတ်မှုတွေကို ရပ်ဆိုင်းထားမယ်လို့ အတည်ပြုပါတယ်။

စစ်ပွဲကာလ အတောအတွင်း အီရန်ဟာ နိုင်ငံတောင်ပိုင်းက နိုင်ငံတကာ စွမ်းအင်တင်ပို့မှု အချက်အခြာ ရေလမ်းကြောင်းဖြစ်တဲ့ ဟောမုဇ်ကို ပိတ်ချခဲ့တာကြောင့် သင်္ဘောတွေနဲ့ ရေယာဉ် အမှုထမ်းတွေ စုစုပေါင်း ၁၁၀၀၀ လောက်ထိ ပိတ်မိနေခဲ့ပါတယ်။ အမေရိကန်-အီရန် စစ်ရပ်စဲရေး သဘောတူညီမှုအပြီး အဲဒီ သင်္ဘောသားတွေကို ရွှေ့ပြောင်းပေးနေရာကနေ အခုတိုက်ခိုက်မှုကြောင့် အစီအစဉ်တွေကို ပြန်ရပ်ထားရတာ ဖြစ်ပါတယ်။

ကုန်တင်သင်္ဘောကို အီရန်ဒရုန်း ထိမှန်ခဲ့တယ်လို့ ပြောပေမယ့် အမေရိကန် အစိုးရ အရာရှိက အသေးစိတ် အချက်အလက်တွေကိုတော့ မှတ်ချက် ပေးမသွားခဲ့ပါဘူး။ အီရန်ကလည်း ဒီဖြစ်ရပ်အတွက် တာဝန်ရှိကြောင်း ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

Public Service Announcement

Public Service Announcement

အပြည်ပြည်ဆိုင်ရာ ရေကြောင်းသွားလာမှု အဖွဲ့ကြီး (IMO)ရဲ့ အကြီးအကဲ အာဆန်နီယို ဒိုမင်ဂတ်ဇ်က ဇွန်လ ၂၅ ရက်နေ့မှာ ရေယာဉ်တစ်စီး ဟောမုဇ်ရေလက်ကြားထဲ ဖြတ်မောင်းနေချိန် ပစ်မှတ်ထား တိုက်ခိုက် ခံခဲ့ရကြောင်း အတည်ပြုသွားပါတယ်။ ဗြိတိန်ရေကြောင်း ကုန်သွယ်ရေး အဖွဲ့ကြီး (UKMTO)ကတော့ အိုမန်နိုင်ငံရဲ့ ဒါဟစ်ဆိပ်ကမ်း မြောက်ဖက် ရေမိုင် ၇.၅ မိုင်လောက် အကွာမှာ သင်္ဘောတစ်စီးရဲ့ ဘေးဖက်ကို အမျိုးအမည် မသိရတဲ့ အရာဝတ္ထု တစ်ခု ထိမှန်လို့ ကိုယ်ထည်မှာ အပျက်အစီးတွေ ဖြစ်ခဲ့ကြောင်း၊ ထိခိုက်သေကြေမှုတော့ မရှိခဲ့ကြောင်း ကြေညာပါတယ်။

အဲဒီဖြစ်စဉ်အပြီး ဟောမုဇ်နဲ့ အနီးတဝိုက်မှာ ရှိနေတဲ့ သင်္ဘောတချို့ကို အရေးပေါ် ရွှေ့ပြောင်းပေးပြီးဖြစ်ကြောင်း IMOက ဆိုပါတယ်။ သင်္ဘောသားတွေရဲ့ ဘေးကင်း လုံခြုံမှုဟာ IMOက အမြဲတမ်း ဦးစားပေး စဉ်းစားတဲ့ ကဏ္ဍဆိုတာ ထပ်လောင်း အသိပေးလိုကြောင်း ဒိုမင်ဂတ်ဇ်က ပြောကြားခဲ့ပါတယ်။

အီရန်နဲ့ အမေရိကန်တို့ကြား ရယူထားတဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာမှာတော့ ဟောမုဇ်ရေလက်ကြားမှာ အန္တရာယ်ကင်းကင်း ဖြတ်သန်း ခုတ်မောင်းခွင့်တွေ ပြန်လည် ရရှိစေဖို့ သဘောတူထားပြီး အပြန်အလှန်အဖြစ် အီရန်ရဲ့ ရေနံတင်ပို့ ရောင်းချမှုတွေကို အမေရိကန်က ပိတ်ဆို့ အရေးယူမှုတွေ ဖြေလျှော့ပေးခဲ့ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အမေရိကန် အောက်လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာတော့ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်တဲ့ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာကြောင်း သတိပေးသွားပါတယ်။

နိုင်ငံတကာ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း

နိုင်ငံတကာ

အမေရိကန် အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။