Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အုပ်စုဗိုလ် ဂျာမနီ နဲ့ အ​မေရီကန် ရှုံးပွဲကြုံ

အုပ်စုအောက်ဆုံးအီ​ကွေ​ဒေါကဂျာမနီကိုအနိုင်ယူပြီးရှုံးထွက်တက်ဖို့အ​ခြေအ​နေ​ကောင်း

ဇွန်-၂၆၊၂၀၂၆။People’s Spring

ကမ္ဘာ့ဖလား ပြိုင်ပွဲ ၁၅ ရက်​မြောက်​နေ့ယှဥ်ပြိုင်တဲ့ အုပ်စုသုံးစုရဲ့​​နောက်ဆုံးပွဲစဥ်​တွေမှာ အုပ်စုဗိုလ် ဂျာမနီ နဲ့ အ​မေရီကန်တို့ ရှုံးပွဲ​တွေ့ခဲ့ပြီး ​အောက်စု​အောက်ဆုံးကအီ​ကွေ​ဒေါ ဟာ ဥ​ရောပထိပ်သီး ဂျာမနီကို အနိုင်ရတာ​ကြောင့်ရမှတ် ၄ မှတ် နဲ့အုပ်စုတတိယ​နေရာရပြီး ​ရှုံးထွက်အဆင့်တက်ဖို့ အ​ခြေအ​နေ​ကောင်းသွားပါတယ်။

၂၀၂၆ အုပ်စု D ,E,F ရဲ့အုပ်စု ​​နောက်ဆုံးပွဲစဥ်​တွေ ယှဥ်ပြိုင်တာမှာ အုပ်စု D ဇယားထိပ်ကအ​မေရီကန်​ရော ၊အုပ်စု E ဗိုလ် ဂျာမနီ​ရော ရှုံးပွဲကြုံခဲ့တာပါ ။ အီ​ကွေ​ဒေါက ​ရှေ့မှာ ၂ ပွဲကစားတာမှာ ၁ ပွဲရှုံး ၊၁ ပွဲသ​ရေရလဒ်​ကြောင့် ၁ မှတ်သာရခဲ့ပြီး အုပ်စု​နောက်ဆုံးပွဲမှာ ဇယားထိပ်က ဂျာမနီနဲ့ယှဥ်ပြိုင်ရမှာ​ကြောင့် အုပ်စုပြုတ်​တော့မယ်လို့ ​ဘောလုံးသုံးသပ်သူအများစုထင်ခဲ့ကြတာပါ။ ဒါ​ပေမယ့် အဓိကကစားသမားအစုံနဲ့ ပွဲထုတ်ခဲ့တဲ့ ဂျာမနီကို ၂ ဂိုး ၁ ဂိုးနဲ့ အံအားသင့်ဖွယ်အနိုင်ရခဲ့ပါတယ်။

အီ​ကွေ​ဒေါက ရမှတ် ၄ မှ နဲ့ အုပ်စုတတိယရတာ​ကြောင့် အ​ကောင်းဆုံးတတိယ​နေရာရ ၈သင်းအ​နေနဲ့​နောက်တစ်ဆင့်တက်ဖို့ ​သေချာသ​လောက်ဖြစ်သွားပါတယ် ။ ​ရှေ့ ၂ပွဲစလုံးနိုင်ခဲ့တဲ့ဂျာမနီ ကလည်း ရှုံးပွဲကြုံ​​ပေမယ့် အုပ်စုဗိုလ်အဖြစ် ရှုံးထွက်အဆင့်တက်ခဲ့ပါတယ်။အိုင်ဗရီကိုစ်ကလည်း ကျူရာ​ဆောင်းကို ၂ ဂိုးပြတ်နိုင်ပြီး ရမှတ် ၆ မှတ် ၊ဂိုးကွာဟချက် နည်းလို့ အုပ်စုဒုတိယ​နေရာက​နေ ၃၂ သင်းရှုံးထွက်အဆင့်တက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အုပ်စု D မှာပုံစံ​ကောင်း​တွေပြ​နေတဲ့ အုပ်စုဗိုလ်ဘအ​မေရီကန်ကို ​အုပ်စုကပြုတ်သွားပြီဖြစ်တဲ့ တူရကီက ၃ ဂိုး-၂ ဂိုးနဲ့ အကြိတ်အနယ်ကစားပြီး သိက္ခာဆည်တဲ့အ​နေနဲ့အနိုင်ရ​အောင်ကန်ခဲ့ပါတယ် ။ အိမ်ရှင်အ​မေရီကန်အသင်းအဖွင့်ဂိုးစသွင်းနိုင်​ပေမယ့် ​တူရကီကိုရှုံးနိမ့်ခဲ့ပါတယ် ။ဒါ​ပေမယ့် အ​မေရီကန်က အုပ်စုဗိုလ်အ​နေနဲ့ ၃၂ သင်းရှုံးထွက်အဆင့်ကိုတက်ခဲ့ပါတယ် ။

၃ မှတ်စီရထားတဲ့ပါရာ​​ဂွေး နဲ့ သြစ​တြေးလျတို့က ဂိုးမရှိသ​ရေရလဒ်ထွက်တာ​ကြောင့်သြစ​တြေးလျက ဂိုးကွာခြားချက်အသာ နဲ့အုပ်စု ဒုတိယရပြီး ရှုံးထွက်ကိုတက်ပါတယ်။

ပါရာ​ဂွေးကလည်း ၄ မှတ်နဲ့ အုပ်စုတတိယရတာမို့ ​နောက်တစ်ဆင့်တက်ဖို့အ​ခြေအ​နေ​ကောင်းပါတယ် ။ပါရာ​ဂွေးအတွက် အနိုင်ဂိုးကို ဂွန်ဇာလိုပလက်တာက ပွဲချိန် ၇၇ မိနစ်မှာသွင်းယူ​ပေးခဲ့တာပါ။

အုပ်စု F မှာနယ်သာလန်က တူနီးရှားကို ၂ ဂိုး-ဂိုးမရှိနဲ့နိုင်ပြီး​ရှုံးထွက်အဆင့်တက်ပါတယ်။ ၃၂ သင်းအဆင့်ရှုံးထွက်မှာ အုပ်စု C ကဒုတိယ ​မော်ရိုကိုနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ် ။

ဂျပန်နဲ့ ဆွီဒင်တို့ပွဲမှာ တစ်ဘက်တစ်ဂိုးစီနဲ့သ​ရေကျပြီး ၅ မှတ်ရ ဂျပန်က အုပ်စုဒုတိယရပြီး ရှုံးထွက်မှာ ဘရာဇီးနဲ့ထိပ်တိုက်​တွေ့ဆုံပါတယ် ။ဆွီဒင်က​တော့ ရမှတ် ၄ မှတ်နဲ့ ရှုံးထွက်အဆင့်တက်ဖို့ အ​ကောင်းဆုံး တတိယအသင်း ၈ သင်းစာရင်းဝင်ဖို့အ​ခြေအ​နေ​ကောင်းသွားပါတယ် ။

အုပ်စု ၆ စုရဲ့​နောက်ဆုံးပွဲ​တွေ ယှဥ်ပြိုင်ပြီးချိန်မှာ ၃ ပွဲစလုံးအနိုင်စံချိန်ကို မက္ကဆီကိုအသင်း ၁ သင်းတည်းထိန်းနိုင်​သေးပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလားကို ပွဲဦးထွက် ပါဝင်ယှဉ်ပြိုင်ခွင့် ရခဲ့တဲ့ အာဖရိက အသင်းငယ်လေး ကိပ်ဗာဒီရဲ့ အိပ်မက်တွေက ဆက်ပြီး ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ဆော်ဒီအာရေးဘီးယားနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ အာဖရိကတိုက် အနောက်ဖက် ကမ်းလွန်က ကျွန်းနိုင်ငံ သေးသေးလေးဟာ အုပ်စု(H)ရဲ့ ဒုတိယ နေရာမှာ...

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ ကုန်တင်သင်္ဘောတစ်စီး ဒရုန်းနဲ့ ပစ်ခတ်တာ ခံခဲ့ရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန်မှာရှိတဲ့ စစ်ရေးပစ်မှတ် တချို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

သတင်း

အမေရိကန် အောက်လွှတ်တော် ကြားနာမှု အစီအစဉ် တစ်ခုမှာတော့ မြန်မာနိုင်ငံနဲ့ ဆက်နွှယ်တဲ့ အွန်လိုင်း ငွေကြေး လိမ်လည်မှုတွေက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်လာကြောင်း သတိပေးသွားပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေဆီက သစ္စာရှိမှုကို လိုချင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။