Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး လူထုလှုပ်ရှားမှုတွေ စစ်ကိုင်းတိုင်းမှာ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂၇)မှာ ပြုလုပ်ခဲ့ပါတယ်။

ဇွန်-၂၆၊၂၀၂၆။သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ လေကြောင်းအန္တရာယ်ကာကွယ်ရေး လူထုလှုပ်ရှားမှုတွေ ဒီကနေ့ (ဇွန် ၂၇)မှာ ပြုလုပ်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာ လူထုတိုက်ပွဲဦးဆောင်ကော်မတီနဲ့ တော်လှန်ပြည်သူတွေ စုပေါင်းပြီး “မုဆိုးခြေထောက် ဆူးမကြောက်၊ စစ်ဖိနပ်အောက် ဒူးမထောက်” ခေါင်းစဥ်နဲ့ လူထုသပိတ်ဟောပြောပွဲ လုပ်ဆောင်ခဲ့ပါတယ်။

ယင်းလှုပ်ရှားမှုမှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သမိုင်းဖြတ်သန်းမှုများအကြောင်းဟောပြောခြင်းနဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် သပိတ်တရား ဟောကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဟောပြောပွဲကို ကလေးမြို့နယ်လူထုတိုက်ပွဲဦးဆောင်ကော်မတီ၊ အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဒီပဲယင်းမြို့နယ်မှာလည်း လူငယ်အဖွဲ့အစည်း-DYC မှ ဒေသခံပြည်သူတွေ လေကြောင်းအန္တရာယ်မှကင်းဝေးစေဖို့ ရည်ရွယ်ပြီး လေကြောင်းအန္တရာယ်ကာကွယ်ရေး သတိပေးစာတန်းတွေ လိုက်လံကပ်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှုပြုလုပ်လာပါက ပြည်သူလူထုအသက်ဘေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုက်ခိုက်နိုင်တဲ့ လေယာဉ်အမျိုးအစားတွေ၊ ဆောင်ရန်ရှောင်ရန်နဲ့ ပျံသန်းမှု ကြာမြင့်ချိန်ပြမြေပုံ ပါဝင်တဲ့ ဗီနိုင်းစာတန်းတွေကို လိုက်လံကပ်ခဲ့တာ ဖြစ်ပါတယ်။

ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုမှ ရဲဘော်တွေက စစ်ဘေးရှောင်ပြည်သူတွေကို အခမဲ့ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ စက်တင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook