Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရဲ့ နောက်ဆုံးပေါ် ဒရုန်းဖမ်း ဝါးလုံးထောင်ပိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် ရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ရဟတ်ယာဉ်တွေ မြေပြင် ဆင်းရင် ဝါးလုံးမှာ တပ်ဆင်ထားတဲ့ ပိုက်နဲ့ ဒရုန်းဖမ်းဖို့ စစ်တပ်က ကြိုးစားနေပါတယ်။

Screenshot

ဇွန်-၂၉၊ ၂၀၂၆။ ဇော်ရမ်း/People’s Spring

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ် ရဟတ်ယာဉ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ရဟတ်ယာဉ်တွေ မြေပြင် ဆင်းရင် ဝါးလုံးမှာ တပ်ဆင်ထားတဲ့ ပိုက်နဲ့ ဒရုန်းဖမ်းဖို့ စစ်တပ်က ကြိုးစားနေပါတယ်။

ဒရုန်းဖမ်းဖို့ဆိုပြီး စစ်တပ်နောက်ဆုံးတီထွင်ထားတာက ဝါးလုံးမှာ ခြင်ထောင်ချည်သားလိုပိုက်စွပ်ထားတာမျိုးပါ။ အဲဒီလို ပိုက်တပ်ဆင်ထားတဲ့ ဝါးလုံးကို စစ်တပ် တပ်ဖွဲ့ဝင်တွေက ကိုင်ဆောင်ထားပြီး ရဟတ်ယာဉ်ဆင်းမယ့်နေရာကို ကျောပေးကာ ဆင်းသက်မယ့် နေရာတဝိုက်မှာ စောင့်ပြီး ဒရုန်းအလာကို စောင့်နေကြတာဖြစ်ပါတယ်။

ဒီရုပ်သံဖိုင်ကို စစ်မှုထမ်းသင်တန်းဆင်းတစ်ဦးက ဇွန်လ၂၈ရက်မှာ လူမှုကွန်ရက်ပေါ်တင်တာကနေ ပျံ့နှံ့နေတာတာပါ။

Public Service Announcement

Public Service Announcement

ခေတ်မီတပ်မတော် Standard Armyဆိုပြီး ကြွေးကြော်ထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ အဲဒီလိုစုတ်ချာနေပြီလားလို့ လူမှုကွန်ရက်သုံးစွဲသူတွေက လှောင်ပြောင်နေကြပါတယ်။

မြိုင်မြို့နယ်မှာ ဇွန်လ ၂၃ ရက်က တိုက်ပွဲအတွင်း စစ်တပ်ရဟတ်ယာဉ်တစ်စင်းကို PDF နဲ့ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ပျက်စီးသွားတဲ့ အဲဒီ ရဟတ်ယာဉ်ကို စစ်တပ်က ကားနဲ့ပြန်ဆွဲသွားရပါတယ်။ လေတပ်တွေနဲ့ ရဟတ်ယာဉ်ဆင်းမယ့်ကွင်းတွေမှာ ဒရုန်းရန်ကာကွယ်ဖို့အတွက် လျှို့ဝှက်ညွှန်ကြားချက်တွေရှိနေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ နေပြည်တော်သတင်းရင်းမြစ်က ပြောပါတယ်။

တော်လှန်ရေးတပ်တွေနဲ့ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ စစ်တပ်က လေကြောင်းကိုသာ အဓိကအသုံးပြုနေပြီး ဗုံးကြဲခုခံနေရပါတယ်။ စစ်တပ်ကို ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ Standard Army ဖြစ်အောင် တည်ဆောက်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က မကြာခဏဝါဒဖြန့်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ စစ်တပ်က ရိက္ခာစု​နေတာ​ကြောင့် ဆန်အပါအဝင် စားနပ်ရိက္ခာ၊ သားငါး နဲ့ စက်သုံးဆီရှားပါးလာပြီးစျေးတွေအဆမတန်တက်နေလို့ ဒေသခံတွေ က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့အနီး ကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ဇွန်၂၉ရက် မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ မင်းတပ်ဒေသခံက အသိပေးပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက မင်းလက်ပံနဲ့ ဖလူးကျေးရွာကြီးတွေကို ထိန်းချုပ်ဖို့စစ်တပ်က DKBA နဲ့ BGF ခေါ်ပြီး တကျော့ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။