ဇူလိုင် – ၁၃၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ် မြန်မာ-တရုတ်နယ်စပ် လန်ဆယ်ဒေသမှာ တာဝန်ကျနေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အရာရှိ ၁ဦးကို အဲဒီဒေသမှာ တာဝန်ပေးအပ်ထားမှုကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း KIO/KIA ဌာနချုပ်က စာထုတ်ပြန်ခဲ့တယ်လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
၂၀၂၅ ဩဂုတ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ထားတဲ့ ဆော့လော်မြိုနယ် ၊လန်ဆယ်ကျေးရွာမှာ အမျိုးသမီး ၁ဦးကိုရိုက်နှက်ခဲ့လို့ ဒေသခံတွေရဲ့ ဆန္ဒပြမှုကြုံရတဲ့ KIA တပ်ရင်း(၅၁)က တပ်ရင်း မှူး ဗိုလ်မှူးကြီး လဖိုင်ဂျာလီအောင်ဟာ အခုနှစ် ဇွန်လကုန်ပိုင်းမှာလည်း ဒေသတွင်းမှာ လူထုအချို့ ၊ KIO ဝန်ထမ်းအချို့နဲ့ ပြဿနာ ထပ်ဖြစ်တဲ့ သတင်းတွေ ထွက်လာပြီးနောက် ဗိုလ်မှူးကြီးကို အခုလို တာဝန်ကနေ ရုတ်သိမ်းစာ ထွက်ပေါ်လာတာပါ။
ကချင်ဘာသာနဲ့ ရေးသားထားတဲ့ စာနဲ့ပတ်သက်ပြီး ကချင်သတင်းရင်းမြစ်က ” လန်ဆယ်မှာ ပြည်သူတွေနဲ့ ပြဿနာ နည်းနည်းရှိတဲ့ ဗိုလ်မှူးကြီးကို ပြန်ပြီးမှ သူ့ကို ဌာနချုပ်ကနေ အဲဒီနေရာကနေ ပြန်ရုပ်သိမ်းတဲ့ စာပါ” လို့ ပြောပါတယ်။

Public Service Announcement

ဗိုလ်မှူးကြီး လဖိုင်ဂျာလီအောင်နေရာမျာ အခြားလူကိုတာဝန်ပေးအပ်မှာဖြစ်ပြီး လူထုနဲ့ ပြဿနာ ထပ်မဖြစ်စေဖို့ KIO/KIA ဗဟိုက ထိန်းကြောင်းတဲ့ သဘောဖြစ်တယ်လို့လည်း ကချင်သတင်းရင်းမြစ်က ပြောပါတယ်။
ဗိုလ်မှူးကြီးလဖိုင်ဂျာလီအောင်နဲ့ ဒေသခံတွေအကြား ပြဿနာ ထပ်မံဖြစ်ပွားမှု အကြောင်းအရင်းနဲ့ တာဝန်ကနေ ရုတ်သိမ်းလိုက်တဲ့ အခြေ အနေ အသေးစိတ်ကိုတော့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်မေးမြန်းထားဆဲပါ။
လန်ဆယ်ဒေသဟာ ယခင်ကစစ်တပ်လက်အောက်ခံ ပြည်သူ့စစ်များ ထိန်းချုပ်ရာဒေသဖြစ်ပြီး ၂၀၂၄နှစ်ကုန်ပိုင်းတွင် KIAက လန်ဆယ်အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် ထိန်းချုပ်ရာ ဒေသတခုလုံးကို သိမ်းပိုက်ခဲ့တာပါ။


















































