Connect with us

Hi, what are you looking for?

သတင်း

လန်ဆယ်ဒေသကို စစ်ကောင်စီ ထပ်မံ လေကြောင်းတိုက်ခိုက်

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

၂၀၂၅ စက်တင်ဘာ ၂၂ရက်မှာ လန်ဆယ်ဒေသက ပြည်သူနေထိုင်ရာကို ဗုံးကြဲအပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - Naw Tu Awng

အောက်တိုဘာ-၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်က ပြောပါတယ်။

စက်တင်ဘာနဲ့ အောက်တိုဘာလမှာ လေယာဉ်နဲ့ဗုံးကြဲခဲ့လို့ ကလေးငယ်တွေ အပါအဝင် ပြည်သူသေဆုံးထိခိုက်မှုရှိခဲ့တဲ့ လန်ဆယ်ဒေသကို ဒီကနေ့ (အောက်တိုဘာ ၂၁ရက်) မနက်မှာ စစ်ကောင်စီတပ်က ထပ်မံ ဗုံးကြဲခဲ့တာပါ။

“လူထိတာ မကြားမိဘူး”လို့ ကချင်ဒေသ သတင်းရင်းမြစ်က လန်ဆယ်ဒေသ လေကြောင်း တိုက်ခိုက်ခံရမှု နဲ့ပတ်သက်ပြီး ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၂ရက်မှာ လန်ဆယ်ဒေသက ပြည်သူနေထိုင်ရာကို ဗုံးကြဲခဲ့လို့ ကလေးငယ်တွေအပါအဝင် ၃ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၁၀ရက်မှာလည်း လန်ဆယ်ဒေသကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားတဲ့ဒေသတွေမှာ ထိခိုက်သေဆုံးမှုများလို့ ပြည်သူနေထိုင်ရာနေရာတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်နေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက အောက်တိုဘာ ဒုတိယပတ် သတင်းဖော်ပြချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၁ရက်မှာ ဖားကန့်မြို့နယ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၆)နယ်မြေကို စစ်ကောင်စီက Y12 နဲ့ ဗုံးအလုံးရေ ၄၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

စစ်ကောင်စီ ဝါဒဖြန့်သူအချို့က ဖားကန့်ဒေသ ဒီကနေ့ တိုက်ခိုက်မှုမှာ ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ရေးသားပေမယ့် ကချင်သတင်းရင်းမြစ်အချို့ ထိခိုက်မှု မကြားရသေးဘူးလို့ ပြောပါတယ်။

လန်ဆယ်နဲ့ ဖားကန့် ဒေသ စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အခြေအနေကို မေးမြန်းဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူဆီကို ဆက်သွယ်ထားဆဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။