Connect with us

Hi, what are you looking for?

သတင်း

လန်ဆယ်ဒေသတွင် KIAနှင့် စစ်ကောင်စီပူးပေါင်းတပ် တိုက်ပွဲဆက်ဖြစ်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်လျက်ရှိရာ ယနေ့ (စက်တင်ဘာ ၂၁ရက်)တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု သတင်းရင်းမြစ်အချို့က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − Sirinda

စက်တင်ဘာ−၂၁၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားသည့် ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်လျက်ရှိရာ ယနေ့ (စက်တင်ဘာ ၂၁ရက်)တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီတပ်သည် အင်အားအများအပြား အသုံးပြုပြီး စက်တင်ဘာ ၁၉ရက်တွင် လန်ဆယ်ဒေသသို့ ထိုးစစ်ဆင်လာခြင်းဖြစ်သည်။

” ဒီမနက် ၅နာရီမှာ တိုက်ပွဲ ဖြစ်နေတယ်။ လန်ဆယ် အထက်ဘက်မှာ”ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အခြားသတင်းရင်းမြစ်တဦးကလည်း “လန်ဆယ်က တဖက်အဖွဲ့က ခေါင်လန်ဖူးဘက်က ထိုးတဲ့အဖွဲ့က ရှေ့နည်းနည်းရောက်လာတယ်။ သူတို့ ရဟတ်ယာဉ်တွေနဲ့ အင်အားဖြည့်ပြီးမှ ထပ်တက်လာတော့ ကိုယ့်ဘက်က နည်းနည်းနောက်ဆုတ်ပေးရတဲ့ အခြေအနေရှိတယ်။ လန်ဆယ်မြို့ထဲတော့ မရောက်သေးပါဘူး”ဟု ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည် နယ်မြေများပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဖားကန့်၊ ဝိုင်းမော် မြို့နယ်များတွင်လည်း ပြည်သူ့စစ်အင်အားများကို အသုံးပြု ထိုးစစ်ဆင်လျက်ရှိရာ KIA ပူးပေါင်းတပ်နှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိသည်။

” ခေါင်လန်ဖူးဘက်က ထိုးလာတဲ့ စစ်ကြောင်းတခုတည်းဟုတ်တယ်။ ဒီဘက်က ထိုးလို့မရသေးဘူး။ ဒီဘက်က ဝါးရှောင်နားတောင်မရောက်သေးဘူး။ လမြန်တောင်မရောက်သေးဘူး ၀ိုင်းမော် ခလရ(၅၈)ဘက်က ထိုးတဲ့ဟာကလေ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ ဝါဒဖြန့်သူအချို့က လန်ဆယ်ထိုးစစ်တွင် KIA ပူးပေါင်းတပ်၏ စခန်းအချို့ နှင့် လန်ဆယ်မြို့ကို သိမ်းရပြီဟု ယမန်နေ့က ဝါဒဖြန့်သော်လည်း ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကမူ လန်ဆယ်ကို မရောက်သေးဟု ပြောပြသည်။

လန်ဆယ်ဒေသ စစ်ရေးအခြေအနေကို KIA သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၂၀ရက်ညပိုင်း၌ ဖော်ပြရာ KIA တပ်မဟာ(၇) အမှတ်(၃၃) တပ်ရင်းနယ်မြေ လန်ဆယ်အထက် တောင်ကုန်းတကြော KIA ပူးပေါင်းတပ် နေရာယူထားသည့် နေရာယူထားသည့် ဒေသသို့ စစ်ကောင်စီတပ်နှင့် တန်ဂူတန် ပြည်သူ့စစ် တပ်များ စစ်ရေးလှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားခဲ့ဟု ဆိုသည်။

စက်တင်ဘာ ၁၉ရက်တွင် စတင်တိုက်ပွဲဖြစ်ခဲ့ရာ စက်တင်ဘာ ၂၀ရက်အထိ တိုက်ပွဲ ၏တင်းမာနေသည်ဟု KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်က ဆက်လက်ထိုးစစ်ဆင်ပါက ဆက်လက်တိုက်ပွဲတင်းမာနေမည်ဟုလည်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။