Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့မှာ ၆ ရက်အတွင်း အမျိုးသား ၂၀၀ နီးပါး ပေါ်တာဆွဲခံရ

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

(စစ်မှုထမ်းပေါ်တာဆွဲသည့်ကားအချို့အား တွေ့ရစဥ်။ ဓါတ်ပုံံ-Gyi Gyi)

ဇူလိုင် ၁၄၊ ၂၀၂၆ ။ဟာနာဆန်/People’s Spring

မုံရွာမြို့မှာ အာဏာသိမ်း စစ်တပ်နဲ့ ရဲတွေက ၆ ရက်အတွင်း လူငယ်နဲ့ လူလတ်ပိုင်း ၁၈၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး အနောက်မြောက် တိုင်းစစ်ဌာနချုပ် (နမခ) အတွင်း ပို့ဆောင်လိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဇူလိုင် ၉ ရက်ကနေ ၁၄ ရက်အထိ ၆ ရက်အတွင်း မုံရွာမြို့မှာ စစ်တပ်နဲ့ အမှတ်(၁)ရဲစခန်း ၊ မုံရွာစက်မူဇုံ (၁)အမှတ် (၂)ရဲစခန်း ၊ ကျောက်က္ကာလမ်းဘေးအနီးရှိ ရဲတိုင်းရုံးတို့ကနေ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ အိမ်စီးကားတွေနဲ့ ထွက်လာပြီး ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီလို ဖမ်းဆီးမှုတွေကြောင့် မုံရွာမြို့က အလုပ်သွားအလုပ်ပြန် လူငယ်၊ လူလတ် အမျိုးသား ၁၈၀ ကျော်ဖမ်းဆီးခံလိုက်ရပြီး မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်ထဲသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ရပ်ကွက်တွေထဲအထိ နေ့တိုင်းနီးပါး လှည့်ဆွဲတာ။ ပေါ်တာဆွဲခံရသူတွေ ကားနဲ့အပြည့်ပဲ”လို့ မုံရွာမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်အုပ်စုဟာ မုံရွာမြို့အတွင်းရှိ ကမ်းနားလမ်း၊ ပြည်ထောင်စုလမ်းပေါ် ၊ ထန်းတော ရွှေဝါရောင်လမ်း ၊ စက်မူဇုံအေးရိပ်သာလမ်း ၊ အောင်မဟာလမ်း ၊ သမ္မစိတ္တလမ်း ၊ ဗိုလ်ချုပ်လမ်း ၊ အာဇာနည်လမ်း ၊ ပေ ၈၀ လမ်း ၊ သာစည်လမ်း ၊ ကျောက်က္ကာလမ်းပေါ် ၊ အမြင့်လမ်း ၊ နတ်လူထိပ္ပန်အုပ်စု ၊ ဗိုလ်တေဇလမ်း ၊ စက်မူဇုံ ၁ အတွင်း ၊ စက်မူဇုံ ၂ ၊ မုံရွာနန္ဒဝန်ရပ်ကွက်တို့မှာ လှည့်ပတ်ဆွဲတင်သွားတာဖြစ်ကြောင်း သိရပါတယ်။

စစ်တပ်က ပေါ်တာဆွဲမှု သောင်းကျန်းနေလို့ လုပ်ငန်း​တွေ ရပ်နားထားရတဲ့အထိ ဆိုးရွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်တပ်ဟာ ယခုလထဲမှာပဲ စစ်မှုထမ်း အပတ်စဥ် (၂၇)စတင်ဖို့ စီစဥ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်း-‌ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းမှာ စစ်တပ်က ပေါ်တာဆွဲတာတွေကြမ်းနေလို့ အခုရက်ပိုင်း တွေမှာ လူငယ်အမျိုးသား၊အမျိုးသမီးတွေ သွားလာဖို့ မသင့်သေးဘူးလို့ ကားသမားတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့က ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်း စစ်မှုထမ်းခေါ်ဆောင်ဖို့ မဲနှိုက်နေတဲ့အပြင် ပေါ်တာဆွဲဖမ်းဆီးတာတွေလည်း ပြုလုပ်​နေကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

မန္ဆလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လယ်ကွင်းတွေထဲအထိ ပေါ်တာလိုက်ဆွဲနေလို့ လယ်စိုက်နေသူတွေ ထွက်ပြေးခဲ့ရပြီး ပျိုးနုတ်နေတဲ့ လူငယ် ၁ဦး ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။