Connect with us

Hi, what are you looking for?

သတင်း

တရုတ်အာဏာစက်၏ အက်ကြောင်းများ (The Fault Lines in China’s Power)

“တရုတ်နိုင်ငံက အရမ်းအင်အားကြီးနေပြီ၊ ဘယ်သူမှ မယှဉ်နိုင်တော့ဘူး” ဆိုတဲ့ အမြင်ဟာ ဒီနေ့ကမ္ဘာမှာအတော်လေးကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ၊ ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်လုပ်ရေး နိုင်ငံ၊ နည်းပညာနဲ့ စစ်အင်အား ကိုလည်း အရှိန်အဟုန်နဲ့ တိုးချဲ့နေတဲ့ တရုတ်နိုင်ငံကို ကြည့်လိုက်ရင် အဲဒီအမြင်က အကြောင်းမဲ့တော့ မဟုတ်ပါဘူး။

– ဥဂ္ဂါ ရေးသားသည်။

“တရုတ်နိုင်ငံက အရမ်းအင်အားကြီးနေပြီ၊ ဘယ်သူမှ မယှဉ်နိုင်တော့ဘူး” ဆိုတဲ့ အမြင်ဟာ ဒီနေ့ကမ္ဘာမှာအတော်လေးကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ၊ ကမ္ဘာ့အကြီးဆုံး ကုန်ထုတ်လုပ်ရေး နိုင်ငံ၊ နည်းပညာနဲ့ စစ်အင်အား ကိုလည်း အရှိန်အဟုန်နဲ့ တိုးချဲ့နေတဲ့ တရုတ်နိုင်ငံကို ကြည့်လိုက်ရင် အဲဒီအမြင်က အကြောင်းမဲ့တော့ မဟုတ်ပါဘူး။

ဒါပေမယ့် Foreign Affairs (နိုင်ငံတကာရေးရာဂျာနယ် )ကတော့တရုတ်ရဲ့အင်အားကိုသာ မကြည့်ဘဲ၊ လူအများ သတိမထားမိတဲ့အားနည်းချက် “အက်ကြောင်း” တွေကို ကြည့်ဖို့ အကြံပြု ထားပါတယ်။အင်အားကြီးနိုင်ငံတိုင်း မှာလည်း အားနည်းချက်တွေ ရှိတတ်သလို၊ တရုတ်မှာလည်း မဟာဗျူဟာ အရ ထိခိုက်လွယ်တဲ့ နေရာတွေ ရှိနေတယ်လို့ သုံးသပ် ထားပါတယ်။

ဒီအမြင်ကို ပိုပြီး ထင်ရှားစေခဲ့တာက ၂၀၂၅ ခုနှစ် အမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမာမှု ဖြစ်ပါတယ်။ အမေရိကန်က အခွန်တိုးမြှင့် ခဲ့ပေမယ့် တရုတ်က မြေရှားသတ္တု (Rare Earth ) တွေကို ပို့ကုန် ကန့်သတ်လိုက်တဲ့အခါ အမေရိကန်ရဲ့ စက်မှုနဲ့ ကာကွယ်ရေးလုပ်ငန်းတွေ အထိနာ နိုင်တယ်ဆိုတာ ပေါ်လွင်လာခဲ့ပါတယ်။ ကမ္ဘာ့ မြေရှားသတ္တု သန့်စင်ထုတ်လုပ်မှု အများစုကို တရုတ်က ထိန်းချုပ်ထားတာကြောင့် ဒီကဏ္ဍဟာ ပေကျင်းရဲ့ အရေးကြီးဆုံး မဟာဗျူဟာ လက်နက်တစ်ခု ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် Foreign Affairs ရဲ့ သုံးသပ်ချက်အရ တဖက်မှာလည်း ပြည်တွင်းမှာအိမ်ခြံမြေဈေးကွက်ကျဆင်းမှု၊ကြွေးမြီမြင့်တက်မှု၊ လူငယ်အလုပ်လက်မဲ့နှုန်း မြင့်မားလာမှု၊ မွေးဖွားနှုန်း ကျဆင်း လာတာကြောင့်အလုပ်လုပ်နိုင်တဲ့ လူငယ်လုပ်သား အင်အား လျော့နည်းလာမှု၊ အငြိမ်းစား ယူရမယ့် သက်ကြီးရွယ်အို ဦးရေက ပိုများလာမှုနဲ့ စစ်တပ်အတွင်း အဂတိ လိုက်စားမှု တွေက ရေရှည် တည်ငြိမ်ရေး အတွက် စိန်ခေါ်မှုကြီးတွေ ဖြစ်နေပါတယ်။

အမေရိကန်ရဲ့ ပြဿနာကတော့ တရုတ်ကို ဖိအား မပေးနိုင်တာ မဟုတ်ဘဲ ဘယ်နေရာကို ဖိအား ပေးရမလဲဆိုတာ မသိတာ ဖြစ်တယ်လို့ ဆောင်းပါးကထောက်ပြထားပါတယ်။

နိုဘယ်လ်ဆုရှင် မဟာဗျူဟာ ပညာရှင် သောမတ်စ်ရှဲလင်း (Thomas Schelling) က “ထိခိုက် နာကျင်စေနိုင်စွမ်းဟာ ညှိနှိုင်းနိုင်တဲ့ အင်အားတစ်ခု” လို့ ပြောခဲ့သလို တရုတ်က အမေရိကန်ရဲ့အားနည်းချက်တွေကိုနှစ်ပေါင်း များစွာ လေ့လာ ပြင်ဆင်ထားခဲ့ပေမယ့်အမေရိကန်ကတော့တရုတ်ရဲ့အက်ကြောင်းတွေကို အသုံးချနိုင်မယ့် မဟာဗျူဟာကို မတည်ဆောက် နိုင်ခဲ့ဘူးလို့ သုံးသပ် ထားပါတယ်။

ထူးခြားတာက တရုတ်ရဲ့ အကြီးဆုံးအားနည်းချက်ဟာ “စွမ်းအင်” ဖြစ်တယ်လို့ ဆိုထားပါတယ်။ တရုတ်ဟာ အသုံးပြုနေတဲ့ ရေနံအများစုကို ပြည်ပက တင်သွင်းနေရပြီး အဲဒီရေနံတွေဟာ မလက္ကာရေ လက်ကြား၊ အင်ဒိုနီးရှားနိုင်ငံရှိ လမ်ဘော့ခ် (Lombok) နှင့် ဆွန်ဒါ (Sunda) ရေလက်ကြား ရေလက်ကြား တို့လို ပင်လယ် ရေကြောင်းလမ်း တွေကို ဖြတ်သန်းပြီး ဝင်လာတာ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းတွေ ပြတ်တောက် သွားရင် စက်မှုလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးနဲ့ စစ်ရေး အသင့်ဖြစ်မှုတွေကို ပြင်းပြင်းထန်ထန် ထိခိုက် နိုင်တယ်လို့ သုံးသပ် ထားပါတယ်။

နောက်ထပ် အားနည်းချက် တစ်ခုကတော့ မဟာမိတ် ကွန်ရက် ဖြစ်ပါတယ်။ အမေရိကန်မှာ NATO၊ ဂျပန်၊ တောင်ကိုရီးယား၊ ဩစတြေးလျနဲ့ ဖိလစ်ပိုင်လို မဟာမိတ်တွေ ရှိနေချိန်မှာ တရုတ်ကတော့ နိုင်ငံတကာမှာ အားကိုးရမယ့် မဟာမိတ် အလွန်နည်းပါးပါတယ်။ ဒါကြောင့် အကျပ်အတည်း ကြုံလာရင် သံတမန်ရေးအရ ရွေးချယ်စရာ နည်းသွားနိုင်တယ်လို့လည်း ရှုမြင်ထားပါတယ်။

စစ်ရေးနဲ့ စီးပွားရေးတင်မဟုတ်ဘဲတရုတ်ဟာ နိုင်ငံရေးသြဇာလွှမ်းမိုးမှုကိုလည်း အရေးပါတဲ့ လက်နက်တစ်ခုအဖြစ် အသုံးပြုနေတယ်လို့ဆောင်းပါးကဖော်ပြပါတယ်။ထိုင်ဝမ်၊ ရှင်းကျန်းနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ နိုင်ငံတကာဝေဖန်မှု လျော့နည်းစေဖို့ ကုလသမဂ္ဂနဲ့ ပြည်ပနိုင်ငံရေးအသိုင်းအဝိုင်းတွေမှာ ဩဇာသက်ရောက်အောင် ကြိုးပမ်းနေသလို၊ နယူးယောက် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း လင်ဒါဆန်း(Linda Sun)အမှု၊ကနေဒါရွေးကောက်ပွဲ စွက်ဖက်မှု စွပ်စွဲချက်တွေကိုလည်း ဥပမာအဖြစ် ဖော်ပြထားပါတယ်။

ဒါ့အပြင်သတင်းအချက်အလက်စစ်ပွဲဟာလည်း ယနေ့ခေတ် မဟာဗျူဟာ ပြိုင်ဆိုင်မှုရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာပါတယ်။ သုံးသပ်ချက် အရ တရုတ်ဟာ နိုင်ငံပိုင် မီဒီယာ တွေကနေ ကမ္ဘာ့အမြင်ကို လွှမ်းမိုးဖို့ နှစ်စဉ် ဒေါ်လာဘီလီယံနဲ့ ချီ သုံးစွဲနေသော်လည်း၊ တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားတဲ့ ဖြစ်ရပ်တွေကို ဖိလစ်ပိုင်က ဗီဒီယိုအထောက်အထား တွေနဲ့သာ ထုတ်ဖော် ပြသနိုင်ခဲ့တာက သတင်းအချက်အလက် စစ်ပွဲမှာလည်း နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ထိန်းသိမ်းဖို့ အလွန်ခက်ခဲ နေသေးကြောင်း ပြသနေပါတယ်။

ဆောင်းပါးရဲ့ နိဂုံးမှာတော့ အမေရိကန်အနေနဲ့ အခွန်တိုးကောက် တာကိုသာ အားမကိုးဘဲ ရေရှည်မဟာဗျူဟာကိုတည်ဆောက်ဖို့ အလေးထား တိုက်တွန်း ထားပါတယ်။ အဲဒီအထဲမှာ ဘဏ္ဍာရေး စနစ်တွေကို ကြံ့ခိုင်မှုစမ်းသပ် စစ်ဆေးခြင်း (stress test) လုပ်ဆောင်တာ၊ မဟာမိတ် နိုင်ငံတွေနဲ့ ထောက်ပံ့ရေး ကွင်းဆက် တွေကို ကြိုတင်ခိုင်မာအောင် တည်ဆောက်တာ၊ အဆင့်မြင့် ကွန်ပျူတာ ချစ်ပ် (Semiconductor) နဲ့ နည်းပညာ တင်ပို့မှု တွေကို ပူးပေါင်း ဆောင်ရွက်တာတွေ ပါဝင်ပါတယ်။

တကယ်တော့ ဆောင်းပါးရဲ့ အဓိကသတင်းစကားက တရုတ်ကို အနိုင်ယူဖို့ထက် အမေရိကန်ဘက်က ကိုယ်ပိုင် မဟာဗျူဟာ အားသာချက်တွေကိုပြန်လည်တည်ဆောက်ဖို့ပိုအရေးကြီးတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အချုပ်ဆိုရလျှင် တရုတ်နိုင်ငံရဲ့ ကြီးမားခိုင်မာတဲ့ အင်အား နောက်ကွယ်မှာ ရှိနေတဲ့ အက်ကြောင်း တွေဟာ ကမ္ဘာ့အာဏာချိန်ခွင်လျှာကို အဆုံးအဖြတ် ပေးနိုင်တဲ့ ဗျူဟာမြောက် ဟာကွက်တွေ ဖြစ်လာနိုင်ပါတယ်။ အင်အားကြီး နိုင်ငံတွေက ကိုယ့်ပြိုင်ဘက်ရဲ့ အက်ကြောင်းတွေကို ဘယ်လောက် ပါးနပ်စွာ အသုံးချ နိုင်မလဲဆိုတဲ့ “ဗျူဟာမြောက် ယှဉ်ပြိုင်မှု”ကလည်းကမ္ဘာ့အခင်းအကျင်း အသစ်ကို အဆုံးအဖြတ် ပေးနိုင်မဲ့ အရေးကြီး အကြောင်းအရာ တချက်ဖြစ်ပါတယ်။

ကိုးကား – Foreign Affairs (The Fault Lines in China’s Power)

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကနေဒါမှာ လောင်ကျွမ်းနေတဲ့ တောမီးတွေကြောင့် အမေရိကန်ဖက်မှာ လေထုညစ်ညမ်းနေတဲ့အတွက် အိမ်နီးချင်း နိုင်ငံအပေါ် အခွန်စည်းကြပ်မှုတွေ တိုးမြှင့်ဖို့ စဉ်းစားနေကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ဉာဏ်ရည်တု နည်းပညာ ညီလာခံ (WAIC)မှာတော့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရဲ့နိုင်ငံကို ကမ္ဘာလုံးဆိုင်ရာ AI ရပ်ဝန်းရဲ့ ဦးဆောင်သူအဖြစ် ပုံဖော်ဖို့ ကြိုးစားနေပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံအနောက်တောင်ပိုင်းကချုံချင်းဒေသမှာဆိုးရွားတဲ့မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အပျက်အစီးတွေအောက်မှာ လူတွေ ပိတ်မိနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Facebook