Connect with us

Hi, what are you looking for?

သတင်း

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့နေ့ အခမ်းအနား ကျင်းပ၊ ပြည်သူနဲ့အတူ ရပ်တည်ဖို့ KNU တိုက်တွန်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ အခမ်းအနားကို KNDO တပ်ဖွဲ့ ဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း KNUက မှတ်တမ်းဓာတ်ပုံတွေ ထုတ်ပြန်ပါတယ်။

((၇၉) ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့ ဂုဏ်ပြုပွဲအခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ − KNU)

ဇူလိုင် ၁၇၊၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ အခမ်းအနားကို KNDO တပ်ဖွဲ့ ဌာနချုပ်မှာ ကျင်းပခဲ့ကြောင်း KNUက မှတ်တမ်းဓာတ်ပုံတွေ ထုတ်ပြန်ပါတယ်။

(၇၉) ကြိမ်မြောက် KNDO နေ့ကို KNU ဗဟို တွဲဖက်အတွင်းရေးမှူး ပဒိုစောလှထွန်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲ၊ KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်စောရှီးလေ တို့ အပါအဝင် အုပ်ချုပ်ရေးပိုင်းနဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

KNU ကလည်း KNDO နေ့ ဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့ရာ ကရင်အမျိုးသားတို့ရဲ့ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တရားမျှတရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အသက်၊ သွေး၊ ခွန်အားများ ပေးဆပ်စွန့်လွှတ်ခဲ့ကြသော KNDO ရဲဘော်အဆက်ဆက်နဲ့ ကျဆုံး အာဇာနည်သူရဲကောင်းများအား လေးနက်စွာ ဂုဏ်ပြုအောက်မေ့ကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ယနေ့အချိန်အထိ ကရင်ပြည်သူလူထု လုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်လျက် အမျိုးသားလွတ်မြောက်ရေး၊ တရားမျှတရေးနဲ့ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် တာဝန်ထမ်းဆောင်နေကြသော KNDO ရဲဘော်များနဲ့ တော်လှန်ရေးအင်အားစုအားလုံးကိုလည်း လေးစားဂုဏ်ပြုကြောင်း KNUက ထုတ်ပြန်ပါတယ်။

” ပြည်သူနှင့်အတူ ရပ်တည်၍ အမျိုးသားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ကာ တရားမျှတမှုနှင့် ငြိမ်းချမ်းသော ဖက်ဒရယ်အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့။”ဟုလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

KNDO ကို ၁၉၄၇ ဇူလိုင် ၁၆ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး နှစ်စဉ် KNDO နေ့အဖြစ် အထိမ်းအမှတ် အခမ်းအနားကျင်းပခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အုပ်ချုပ်ရေးယန္တရားခိုင်မာရေးနဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာတွေ ဆွေးနွေး

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ အသက် ၇၈နှစ်အရွယ် အဘွားအို သေဆုံးကာ ဒဏ်ရာရသူအချို့ ရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြိုနယ် ပလောက်မြို့ရှိ စစ်တပ်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်ပွားရာ စစ်တပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှာ တည်ရှိနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုကို တပ်အပြောင်းအလဲလုပ်ဖို့ စစ်ကြောင်းဝင်လာတဲ့ စစ်တပ်နဲ့ KNU တပ်တို့ ရက်ပိုင်းအကြာ ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့တယ်လို့ သိရပါတယ်။

Facebook